တက်တူးရှိတဲ့ကစားသမားများနှင့်တက်တူးမရှိတဲ့ကစားသမားများတွင် ဘယ်သူက ဂိုးသွင်းစွမ်းရည်ပိုမြင့်သလဲ?

တက်တူးထိုးထားတဲ့ဘောလုံးကစားသမားများဟာတက်တူးမထိုးထားတဲ့ကစားသမားများထက် ဂိုး ၄၂ရာခိုင်နှုန်းအထိပိုမိုသွင်းယူထားကြောင်း သုသေသနပြုလုပ်မှုအသစ်အရတွေ့ရပါတယ်။

ဒါပေမယ့်တစ်ဖက်တွင်တက်တူးထိုးထားတဲ့ကစားသမားများဟာတက်တူးမရှိတဲ့ကစားသမားထက်စည်းကမ်းချိုးဖောက်မှုများပြီးအဝါကတ်ပိုမိုပြသခြင်းခံရကြောင်းလည်းတွေ့ရပါတယ်။

သိပ္ပံပညာရှင်များဟာနေမာအပါအဝင်တက်တူးထိုးထားတဲ့ကစားသမားများကိုသုသေသနပြုလုပ်ခဲ့ကြတာဖြစ်ပြီး၎င်းတို့ဟာပိုမိုဒေါသကြီးလေ့ရှိပြီးပြိုင်ဘက်ကိုစိတ်ဓာတ်ပိုင်းတွင်အသာစီးရလေ့ရှိကြောင်းတွေ့ရပါတယ်။

သုသေသီများဟာစပိန်ရဲ့၂၀၁၈-၂၀၁၉လာလီဂါရာသီကိုဆန်းစစ်မှုပြုလုပ်ခဲ့ကြတာဖြစ်ပြီးယင်းတွင်ပရော်ဖက်ရှင်နယ်ကစားသမားလေးပုံသုံးပုံက တက်တူးထားကြပါတယ်။

၎င်းတို့ဟာတစ်ရာသီလျှင်ပျမ်းမျှ၂.၇ဂိုးသွင်းနိုင်ပြီးတက်တူးမထိုးထားတဲ့ကစားသမားတွေကတော့ပျမ်းမျှ၁.၉ဂိုးဘဲသွင်းနိုင်ပါတယ်။

တစ်ဖက်တွင်တက်တူးထိုးထားတဲ့ကစားသမားအားလုံးရဲ့၉၁ရာခိုင်နှုန်းကအဝါကတ်ပြသခံရပြီးတက်တူးမဲ့ကစားသမားတွေရဲ့၈၃ရာခိုင်နှုန်းကဘဲအဝါကတ်ပြသခြင်းခံရပါတယ်။

ဒါ့အပြင်တောင်အမေရိကကစားသမားအားလုံးရဲ့တစ်ဝက်ကတက်တူးထိုးထားကြပြီးဥရောပကစားသမားလေးပုံသုံးပုံကတက်တူးထိုးကြပါတယ်။

ZawGyi

တက္တူးရွိတဲ့ကစားသမားမ်ားႏွင့္တက္တူးမရွိတဲ့ကစားသမားမ်ားတြင္ ဘယ္သူက ဂိုးသြင္းစြမ္းရည္ပိုျမင့္သလဲ?

တက္တူးထိုးထားတဲ့ေဘာလုံးကစားသမားမ်ားဟာတက္တူးမထိုးထားတဲ့ကစားသမားမ်ားထက္ ဂိုး ၄၂ရာခိုင္ႏႈန္းအထိပိုမိုသြင္းယူထားေၾကာင္း သုေသသနျပဳလုပ္မႈအသစ္အရေတြ႕ရပါတယ္။

ဒါေပမယ့္တစ္ဖက္တြင္တက္တူးထိုးထားတဲ့ကစားသမားမ်ားဟာတက္တူးမရွိတဲ့ကစားသမားထက္စည္းကမ္းခ်ိဳးေဖာက္မႈမ်ားၿပီးအဝါကတ္ပိုမိုျပသျခင္းခံရေၾကာင္းလည္းေတြ႕ရပါတယ္။

သိပၸံပညာရွင္မ်ားဟာေနမာအပါအဝင္တက္တူးထိုးထားတဲ့ကစားသမားမ်ားကိုသုေသသနျပဳလုပ္ခဲ့ၾကတာျဖစ္ၿပီး၎တို႔ဟာပိုမိုေဒါသႀကီးေလ့ရွိၿပီးၿပိဳင္ဘက္ကိုစိတ္ဓာတ္ပိုင္းတြင္အသာစီးရေလ့ရွိေၾကာင္းေတြ႕ရပါတယ္။

သုေသသီမ်ားဟာစပိန္ရဲ႕၂၀၁၈-၂၀၁၉လာလီဂါရာသီကိုဆန္းစစ္မႈျပဳလုပ္ခဲ့ၾကတာျဖစ္ၿပီးယင္းတြင္ပေရာ္ဖက္ရွင္နယ္ကစားသမားေလးပုံသုံးပုံက တက္တူးထားၾကပါတယ္။

၎တို႔ဟာတစ္ရာသီလွ်င္ပ်မ္းမွ်၂.၇ဂိုးသြင္းႏိုင္ၿပီးတက္တူးမထိုးထားတဲ့ကစားသမားေတြကေတာ့ပ်မ္းမွ်၁.၉ဂိုးဘဲသြင္းႏိုင္ပါတယ္။

တစ္ဖက္တြင္တက္တူးထိုးထားတဲ့ကစားသမားအားလုံးရဲ႕၉၁ရာခိုင္ႏႈန္းကအဝါကတ္ျပသခံရၿပီးတက္တူးမဲ့ကစားသမားေတြရဲ႕၈၃ရာခိုင္ႏႈန္းကဘဲအဝါကတ္ျပသျခင္းခံရပါတယ္။

ဒါ့အျပင္ေတာင္အေမရိကကစားသမားအားလုံးရဲ႕တစ္ဝက္ကတက္တူးထိုးထားၾကၿပီးဥေရာပကစားသမားေလးပုံသုံးပုံကတက္တူးထိုးၾကပါတယ္။