တကျော့ပြန်ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ပထမဆုံးမန်ယူပွဲကို မည်သည့်ရုပ်သံလိုင်းကမှထုတ်လွှင့်မည်မဟုတ်

ခရစ္စတီယာနိုရော်နယ်ဒိုဟာနယူးကာဆယ်နှင့်ပွဲစဉ်မှာမန်ယူအတွက်ဒုတိယမြောက်ပွဲဦးထွက်ကစားသွားပါမယ်။ဒါပေမယ့်ယင်းပွဲစဉ်ကိုရုပ်သံကနေထုတ်လွှင့်ပြသသွားမှာမဟုတ်ပါဘူး။

၂၀၀၉ခုနှစ်တုန်းကအိုးထရက်ဖို့ဒ်ကိုစွန့်ခွာကာရီးရဲလ်မက်ဒရစ်သို့ပြောင်းသွားခဲ့တဲ့ခရစ္စတီယာနိုရော်နယ်ဒိုဟာမန်စီးတီးသို့ပြောင်းလုနီးပါးအနေအထားသို့ရောက်ပြီးမှ၂၄နာရီအတွင်းစိတ်ပြောင်းလဲကာမန်ယူသို့တကျော့ပြန်ပြန်ပြောင်းလာခဲ့ပါတယ်။

ရော်နယ်ဒိုဟာဝုဗ်နှင့်ပွဲမှာပါဝင်နိုင်ဦးမှာမဟုတ်ပါဘူး။သူဟာစက်တင်ဘာလ၁၁ရက်နေ့နိုင်ငံတကာပွဲများအပြီးမှာနယူးကာဆယ်ကိုဧည့်ခံကစားရမယ့်ပွဲမှာပါဝင်လာပါမယ်။

ဒါပေမယ့်ကံဆိုးတာကတော့ယင်းပွဲကိုအိုးထရက်ဖို့ဒ်သို့သွားရောက်မကြည့်နိုင်တဲ့ပရိသတ်များအနေဖြင့်ယင်းပွဲကိုကြည့်ခွင့်ရမှာမဟုတ်ပါဘူး။ယင်းပွဲကို BT Sport သို့မဟုတ် Sky Sports ကနေ ထုတ်လွှင့်ပြသသွားမှာမဟုတ်ပါဘူး။

ပဲလေ့စ်နှင့်စပါးစ်တို့နေ့လည်ပိုင်းပွဲကစားမှု၊ချဲလ်ဆီးနှင့်ဗီလာတို့ပွဲရှိနေမှုနဲ့အတူမန်ယူနှင့်နယူးကာဆယ်ပွဲကိုရုပ်သံကနေထုတ်လွှင့်သွားမှာမဟုတ်ပါဘူး။

မန်ယူပွဲကိုဒေသစံတော်ချိန်ညနေ၃နာရီမှာကစားမှာဖြစ်ပြီးပရိသတ်များအနေဖြင့် ပွဲပြီးချိန်တွင်မှရော်နယ်ဒိုရဲ့ကစားဟန်များကို ပြန်ကြည့်နိုင်ပါမယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာပထမအကျော့မန်ယူအတွက်ကစားစဉ်တုန်းကနယူးကာဆယ်နှင့်၁၀ကြိမ်ရင်ဆိုင်ခဲ့ဖူးရာမှာ၉ပွဲနိုင်၊၁ပွဲသရေကျပြီးရှုံးနိမ့်ဖူးခြင်းမရှိပါဘူး။

သူဟာလက်ရှိမန်ယူနည်းပြဆိုးလ်ရှားနှင့်အတူ၂၀၀၃ခုနှစ်မှ၂၀၀၇ခုနှစ်အထိမန်ယူတွင်တွဲကစားခဲ့ဖူးပါတယ်။

ZawGyi

တေက်ာ့ျပန္ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ပထမဆုံးမန္ယူပြဲကို မည္သည့္႐ုပ္သံလိုင္းကမွထုတ္လႊင့္မည္မဟုတ္

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာနယူးကာဆယ္ႏွင့္ပြဲစဥ္မွာမန္ယူအတြက္ဒုတိယေျမာက္ပြဲဦးထြက္ကစားသြားပါမယ္။ဒါေပမယ့္ယင္းပြဲစဥ္ကို႐ုပ္သံကေနထုတ္လႊင့္ျပသသြားမွာမဟုတ္ပါဘူး။

၂၀၀၉ခုႏွစ္တုန္းကအိုးထရက္ဖို႔ဒ္ကိုစြန႔္ခြာကာရီးရဲလ္မက္ဒရစ္သို႔ေျပာင္းသြားခဲ့တဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမန္စီးတီးသို႔ေျပာင္းလုနီးပါးအေနအထားသို႔ေရာက္ၿပီးမွ၂၄နာရီအတြင္းစိတ္ေျပာင္းလဲကာမန္ယူသို႔တေက်ာ့ျပန္ျပန္ေျပာင္းလာခဲ့ပါတယ္။

ေရာ္နယ္ဒိုဟာဝုဗ္ႏွင့္ပြဲမွာပါဝင္ႏိုင္ဦးမွာမဟုတ္ပါဘူး။သူဟာစက္တင္ဘာလ၁၁ရက္ေန႔ႏိုင္ငံတကာပြဲမ်ားအၿပီးမွာနယူးကာဆယ္ကိုဧည့္ခံကစားရမယ့္ပြဲမွာပါဝင္လာပါမယ္။

ဒါေပမယ့္ကံဆိုးတာကေတာ့ယင္းပြဲကိုအိုးထရက္ဖို႔ဒ္သို႔သြားေရာက္မၾကည့္ႏိုင္တဲ့ပရိသတ္မ်ားအေနျဖင့္ယင္းပြဲကိုၾကည့္ခြင့္ရမွာမဟုတ္ပါဘူး။ယင္းပြဲကို BT Sport သို႔မဟုတ္ Sky Sports ကေန ထုတ္လႊင့္ျပသသြားမွာမဟုတ္ပါဘူး။

ပဲေလ့စ္ႏွင့္စပါးစ္တို႔ေန႔လည္ပိုင္းပြဲကစားမႈ၊ခ်ဲလ္ဆီးႏွင့္ဗီလာတို႔ပြဲရွိေနမႈနဲ႔အတူမန္ယူႏွင့္နယူးကာဆယ္ပြဲကို႐ုပ္သံကေနထုတ္လႊင့္သြားမွာမဟုတ္ပါဘူး။

မန္ယူပြဲကိုေဒသစံေတာ္ခ်ိန္ညေန၃နာရီမွာကစားမွာျဖစ္ၿပီးပရိသတ္မ်ားအေနျဖင့္ ပြဲၿပီးခ်ိန္တြင္မွေရာ္နယ္ဒိုရဲ႕ကစားဟန္မ်ားကို ျပန္ၾကည့္ႏိုင္ပါမယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာပထမအေက်ာ့မန္ယူအတြက္ကစားစဥ္တုန္းကနယူးကာဆယ္ႏွင့္၁၀ႀကိမ္ရင္ဆိုင္ခဲ့ဖူးရာမွာ၉ပြဲႏိုင္၊၁ပြဲသေရက်ၿပီးရႈံးနိမ့္ဖူးျခင္းမရွိပါဘူး။

သူဟာလက္ရွိမန္ယူနည္းျပဆိုးလ္ရွားႏွင့္အတူ၂၀၀၃ခုႏွစ္မွ၂၀၀၇ခုႏွစ္အထိမန္ယူတြင္တြဲကစားခဲ့ဖူးပါတယ္။