တခါမြင်တွေ့ဖူးခြင်းမရှိတဲ့ ရော်နယ်ဒိုရဲ့ဂျူဗီအဝတ်အစားလဲခန်းတွင် ကစားဖော်များကို အော်ဟစ်ကြိမ်းမောင်းနေတဲ့ဗီဒီယိုဖိုင်ထွက်ပေါ်လာ

ခရစ္စတီယာနိုရော်နယ်ဒိုတစ်ယောက်ဂျူဗင်တပ်အဝတ်အစားလဲခန်းမှာကစားဖော်များကိုအကြီးအကျယ်ဒေါသတကြီးအော်ဟစ်ဆဲဆိုပြောကြားနေပုံကိုမှတ်တမ်းတင်ထားတဲ့ နောက်ကွယ်မှဖြစ်ရပ်ဗီဒီယိုဖိုင်ထွက်ပေါ်လာပါတယ်။

ပေါ်တူဂီစူပါစတားဟာပြီးခဲ့တဲ့ရာသီတုန်းကပေါ်တိုနှင့်ချန်ပီယံလိဂ်၁၆သင်းအဆင့်ပွဲစဉ်ပထမအပြီးမှာသူ့ရဲ့ထိန်းချုပ်နိုင်မှုပျောက်ဆုံးပြီး အကြီးအကျယ်ပေါက်ကွဲခဲ့ပါတယ်။

ဂျူဗင်တပ်ဟာကွာတားဖိုင်နယ်သို့တက်ရောက်ရန်အခြေအနေကောင်းနေခဲ့ပေမယ့်ဒုတိယအကျော့ပထမပိုင်းမှာပေါ်တိုကို၁-၀ဂိုးဖြင့်ရှုံးနိမ့်နေခဲ့ပါတယ်။

ယင်းဂိုးကြောင့်နှစ်ကျော့ပေါင်းရလဒ်၃-၁ဖြစ်ကာပေါ်တိုအတွက်နောက်တစ်ဆင့်တက်ရေးအခွင့်အရေးရှိလာစေပါတယ်။ဒါကြောင့်လည်းခရစ္စတီယာနိုရော်နယ်ဒိုဟာဒေါသကိုလုံးဝမထိန်းနိုင်ဖြစ်ခဲ့ပါတယ်။

Amazon Prime ရဲ့All or Nothing: Juventus မှတ်တမ်းရုပ်ရှင်တွင်ခရစ္စတီယာနိုရော်နယ်ဒိုနှင့်ကစားဖော်ဟွန်ကွာဒရာဒိုတို့အကြားအပြန်အလှန်ပြောဆိုမှုဖြစ်ခဲ့ကြပါတယ်။

ရော်နယ်ဒိုက “အလုပ်ကြိုးစားလုပ်ဖို့လိုတယ်။ဘယ်လိုတောင်ကစားနေကြတာလဲ။တကောင်မှတုတ်တုတ်မလှုပ်ဘဲမကစားဘဲနေကြတယ်။ဘာမှမလုပ်ကြဘူး”လို့အော်ဟစ်ပြောကြားခဲ့ပါတယ်။

ယင်းကိုကွာဒရာဒိုက “မစိုးရိမ်ပါနဲ့ကွာ”လို့တုံ့ပြန်ခဲ့ပါတယ်။ယင်းနောက်ရော်နယ်ဒိုက “ချီးပေတွေလိုပဲကစားနေကြတယ်။အမြဲတမ်းပဲ”လို့ ဆဲဆိုပြောကြားခဲ့ပါတယ်။

ထိုအခါကွာဒရာဒိုက “မင်းကအားလုံးအတွက်စံပြဖြစ်သင့်တယ်လေ”လို့တုံ့ပြန်ပါတယ်။ရော်နယ်ဒိုကလည်း “ငါလည်းတစ်ယောက်အပါအဝင်ပဲ။ငါတို့အားလုံးတစ်ယောက်နဲ့တစ်ယောက်ယုံဖို့လိုတယ်။အခုတော့ချီးထုပ်တွေလိုကစားနေကြတယ်။ဒါကချန်ပီယံလိဂ်ပွဲ။ကိုယ်ရေးကိုယ်တာပါဖို့လိုတယ်”လို့ပြောဆိုခဲ့ပါတယ်။

ယင်းနောက်ဂျူဗင်တပ်နည်းပြအင်ဒရေပီယာလိုကြားဝင်လာပြီး “တော်လောက်ပြီ။သွားကြစို့။ခရစ်။တောင်ပြီ။ဟွန်ရောပဲ။ငါတို့စိတ်အေးအေးထားပြီးစိတ်ရှည်ဖို့လိုတယ်။ဒီစိတ်နဲ့ပဲဆက်သွားရမယ်။ဒါပေမယ့်တစ်ယောက်နဲ့တစ်ယောက်အချေအတင်မဖြစ်ဖို့လိုတယ်။အားလုံးကအနိုင်လိုချင်ကြတာချည်းပဲလေ”လို့ပြောကြားခဲ့ပါတယ်။

ရော်နယ်ဒိုရဲ့စိတ်ဓာတ်မြှင့်တင်မှုကြောင့်ဂျူဗင်တပ်ဟာယင်းညမှာ၃-၂ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။ဒါပေမယ့်အဝေးဂိုးစည်းမျဉ်းကြောင့်ဂျူဗင်တပ်တို့ပြိုင်ပွဲမှထွက်ခွာခဲ့ရပြီးပွဲပြီးချိန်မှာရော်နယ်ဒိုတစ်ယောက်ငိုယိုနေခဲ့ပါတယ်။

အသက်၃၆နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုဟာချန်ပီယံလိဂ်ဖလားငါးကြိမ်ဆွတ်ခူးထားနိုင်ပြီးနွေရာသီမှာအသင်းဟောင်းယူနိုက်တက်သို့ပြန်ပြောင်းခဲ့ပါတယ်။

ZawGyi

တခါျမင္ေတြ႕ဖူးျခင္းမရွိတဲ့ ေရာ္နယ္ဒိုရဲ႕ဂ်ဴဗီအဝတ္အစားလဲခန္းတြင္ ကစားေဖာ္မ်ားကို ေအာ္ဟစ္ႀကိမ္းေမာင္းေနတဲ့ဗီဒီယိုဖိုင္ထြက္ေပၚလာ

ခရစၥတီယာႏိုေရာ္နယ္ဒိုတစ္ေယာက္ဂ်ဴဗင္တပ္အဝတ္အစားလဲခန္းမွာကစားေဖာ္မ်ားကိုအႀကီးအက်ယ္ေဒါသတႀကီးေအာ္ဟစ္ဆဲဆိုေျပာၾကားေနပုံကိုမွတ္တမ္းတင္ထားတဲ့ ေနာက္ကြယ္မွျဖစ္ရပ္ဗီဒီယိုဖိုင္ထြက္ေပၚလာပါတယ္။

ေပၚတူဂီစူပါစတားဟာၿပီးခဲ့တဲ့ရာသီတုန္းကေပၚတိုႏွင့္ခ်န္ပီယံလိဂ္၁၆သင္းအဆင့္ပြဲစဥ္ပထမအၿပီးမွာသူ႔ရဲ႕ထိန္းခ်ဳပ္ႏိုင္မႈေပ်ာက္ဆုံးၿပီး အႀကီးအက်ယ္ေပါက္ကြဲခဲ့ပါတယ္။

ဂ်ဴဗင္တပ္ဟာကြာတားဖိုင္နယ္သို႔တက္ေရာက္ရန္အေျခအေနေကာင္းေနခဲ့ေပမယ့္ဒုတိယအေက်ာ့ပထမပိုင္းမွာေပၚတိုကို၁-၀ဂိုးျဖင့္ရႈံးနိမ့္ေနခဲ့ပါတယ္။

ယင္းဂိုးေၾကာင့္ႏွစ္ေက်ာ့ေပါင္းရလဒ္၃-၁ျဖစ္ကာေပၚတိုအတြက္ေနာက္တစ္ဆင့္တက္ေရးအခြင့္အေရးရွိလာေစပါတယ္။ဒါေၾကာင့္လည္းခရစၥတီယာႏိုေရာ္နယ္ဒိုဟာေဒါသကိုလုံးဝမထိန္းႏိုင္ျဖစ္ခဲ့ပါတယ္။

Amazon Prime ရဲ႕All or Nothing: Juventus မွတ္တမ္း႐ုပ္ရွင္တြင္ခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္ကစားေဖာ္ဟြန္ကြာဒရာဒိုတို႔အၾကားအျပန္အလွန္ေျပာဆိုမႈျဖစ္ခဲ့ၾကပါတယ္။

ေရာ္နယ္ဒိုက “အလုပ္ႀကိဳးစားလုပ္ဖို႔လိုတယ္။ဘယ္လိုေတာင္ကစားေနၾကတာလဲ။တေကာင္မွတုတ္တုတ္မလႈပ္ဘဲမကစားဘဲေနၾကတယ္။ဘာမွမလုပ္ၾကဘူး”လို႔ေအာ္ဟစ္ေျပာၾကားခဲ့ပါတယ္။

ယင္းကိုကြာဒရာဒိုက “မစိုးရိမ္ပါနဲ႔ကြာ”လို႔တုံ႔ျပန္ခဲ့ပါတယ္။ယင္းေနာက္ေရာ္နယ္ဒိုက “ခ်ီးေပေတြလိုပဲကစားေနၾကတယ္။အၿမဲတမ္းပဲ”လို႔ ဆဲဆိုေျပာၾကားခဲ့ပါတယ္။

ထိုအခါကြာဒရာဒိုက “မင္းကအားလုံးအတြက္စံျပျဖစ္သင့္တယ္ေလ”လို႔တုံ႔ျပန္ပါတယ္။ေရာ္နယ္ဒိုကလည္း “ငါလည္းတစ္ေယာက္အပါအဝင္ပဲ။ငါတို႔အားလုံးတစ္ေယာက္နဲ႔တစ္ေယာက္ယုံဖို႔လိုတယ္။အခုေတာ့ခ်ီးထုပ္ေတြလိုကစားေနၾကတယ္။ဒါကခ်န္ပီယံလိဂ္ပြဲ။ကိုယ္ေရးကိုယ္တာပါဖို႔လိုတယ္”လို႔ေျပာဆိုခဲ့ပါတယ္။

ယင္းေနာက္ဂ်ဴဗင္တပ္နည္းျပအင္ဒေရပီယာလိုၾကားဝင္လာၿပီး “ေတာ္ေလာက္ၿပီ။သြားၾကစို႔။ခရစ္။ေတာင္ၿပီ။ဟြန္ေရာပဲ။ငါတို႔စိတ္ေအးေအးထားၿပီးစိတ္ရွည္ဖို႔လိုတယ္။ဒီစိတ္နဲ႔ပဲဆက္သြားရမယ္။ဒါေပမယ့္တစ္ေယာက္နဲ႔တစ္ေယာက္အေခ်အတင္မျဖစ္ဖို႔လိုတယ္။အားလုံးကအႏိုင္လိုခ်င္ၾကတာခ်ည္းပဲေလ”လို႔ေျပာၾကားခဲ့ပါတယ္။

ေရာ္နယ္ဒိုရဲ႕စိတ္ဓာတ္ျမႇင့္တင္မႈေၾကာင့္ဂ်ဴဗင္တပ္ဟာယင္းညမွာ၃-၂ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။ဒါေပမယ့္အေဝးဂိုးစည္းမ်ဥ္းေၾကာင့္ဂ်ဴဗင္တပ္တို႔ၿပိဳင္ပြဲမွထြက္ခြာခဲ့ရၿပီးပြဲၿပီးခ်ိန္မွာေရာ္နယ္ဒိုတစ္ေယာက္ငိုယိုေနခဲ့ပါတယ္။

အသက္၃၆ႏွစ္ရွိခရစၥတီယာႏိုေရာ္နယ္ဒိုဟာခ်န္ပီယံလိဂ္ဖလားငါးႀကိမ္ဆြတ္ခူးထားႏိုင္ၿပီးေႏြရာသီမွာအသင္းေဟာင္းယူႏိုက္တက္သို႔ျပန္ေျပာင္းခဲ့ပါတယ္။