
တိုနီပူးလစ်ဟာနည်းပြလောကမှအနားယူလာခဲ့ပြီဖြစ်ပါတယ်။အသက်၆၅နှစ်ရှိတိုနီပူးလစ်ဟာ Sky Sports News မှတိုက်ရိုက်ထုတ်လွှင့်တဲ့အင်တာဗျူးတွင် နည်းပြလောကမှအနားယူကြောင်းကြေညာလာခဲ့တာလည်းဖြစ်ပါတယ်။
တိုနီပူးလစ်နောက်ဆုံးကိုင်တွယ်ခဲ့တဲ့အသင်းကတော့၂၀၂၀ခုနှစ်တုန်းကရှက်ဖီးလ်ယူနိုက်တက်ကိုကိုင်တွယ်ကာနည်းပြဘဝကိုစတင်ခဲ့သူဖြစ်ပြီး၁၀ပွဲတည်းသာကိုင်တွယ်ခွင့်ရခဲ့ပါတယ်။
တိုနီပူးလစ်ကမိသားစုအတွက်အချိန်ပိုမိုပေးနိုင်ရန်နှင့်ဂေါက်ကစားမှုပိုမိုပြုလုပ်နိုင်ရန်အတွက် နည်းပြဘဝမှအနားယူရန်ဆုံးဖြတ်လိုက်တာဖြစ်ကြောင်းသိရပါတယ်။
တိုနီပူးလစ်က “ကျွန်တော့်အသက်အခု၆၅နှစ်ရှိပါပြီ။နည်းပြလောကမှာလည်းကောင်းကောင်းလုပ်ပြခဲ့ပြီးပါပြီ။အခုနည်းပြဘဝကိုအတိတ်မှာထားခဲ့ရမဲ့အချိန်ရောက်လာပါပြီ။လူတွေကိုကူညီနိုင်လို့ဝမ်းသာပါတယ်။အကြံဉာဏ်လေးအနည်းငယ်ပေးနိုင်သေးလို့ဝမ်းသာပါတယ်။ဘုန်းမောက်ကအိမ်မှာပဲအမြဲအခြေချလာတာပါ။အံ့ဩစရာကောင်းတဲ့သားသမီးသုံးဦးရှိပါတယ်။သူတို့အတွက်ဘယ်တုန်းကမှအချိန်ကောင်းကောင်းမပေးခဲ့ရဘူး။အခုမြေး၇ဦးရှိနေပါပြီ။သူတို့ကိုတွေ့ရလို့ဝမ်းသာတယ်။လမ်းလျှောက်နိုင်တယ်။ကလေးတွေဘောလုံးကစားတာကြည့်တယ်။အမေရိကန်မှာနှစ်ဦးရှိတယ်။သူတို့ဆီလည်းအတတ်နိုင်ဆုံးသွားလည်တယ်။ဂေါက်လည်းနည်းနည်းကစားတယ်။တော်တော်ကောင်းတယ်။အပန်းဖြေရတယ်”လို့ပြောကြားသွားပါတယ်။
တိုနီပူးလစ်ဟာ၁၉၉၂ခုနှစ်တုန်းကဘုန်းမောက်ကိုကိုင်တွယ်ကာနည်းပြဘဝစတင်ခဲ့သူဖြစ်ပြီး၁၉၉၅ခုနှစ်တွင်စတုတ္ထတန်းကလပ်ဂယ်လင်ဂမ်ကိုကိုင်တွယ်ကာပထမဆုံးရာသီမှာတန်းတက်နိုင်အောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
သူဟာဘရစ္စတိုး၊ပို့စ်မောက်ကိုကိုင်တွယ်ပြီးနောက်စတုတ်စီးတီးကိုကိုင်တွယ်ခဲ့ပါတယ်။သူဟာပထမရာသီတွင်စတုတ်ကိုလိဂ်၁သို့တန်းမဆင်းရအောင်ကူညီခဲ့ပါတယ်။သူဟာယင်းနောက်ပို့စ်မောက်ကိုကိုင်တွယ်ပြီးတစ်ရာသီအကြာမှာဘဲစတုတ်စီးတီးသို့ပြန်ရောက်လာခဲ့ပါတယ်။
သူဟာစတုတ်စီးတီးတွင်နောက်ထပ်၇နှစ်ကြာကိုင်တွယ်ခဲ့ပြီးအင်္ဂလန်တွင်အနိုင်ရန်အခက်ခဲဆုံးအသင်းအဖြစ်တည်ဆောက်ပေးနိုင်ခဲ့ပါတယ်။ပူးလစ်ဟာစတုတ်စီးတီးကိုအက်ဖ်အေဖလားဗိုလ်လုပွဲနှင့်ယူရိုပါလိဂ်ဝင်ခွင့်ရအောင်လည်းစွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
ပူးလစ်ဟာ၂၀၁၃ခုနှစ်တွင်စတုတ်စီးတီးရဲ့မထင်မှတ်ဘဲထုတ်ပယ်ခြင်းခံခဲ့ရပြီးနောက်ပဲလေ့စ်ကိုကိုင်တွယ်ကာအမှတ်ပေးဇယားအဆင့်၁၁နေရာတွင်ရပ်တည်နိုင်အောင်စွမ်းဆောင်နိုင်ခဲ့ကာ တစ်နှစ်တာအကောင်းဆုံးနည်းပြဆုဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဒါပေမဲ့သူဟာကစားသမားဝယ်ယူရေးထောက်ပံ့မှုမရမှုကြောင့်ထက်ခွာကာ ဝက်စ်ဘရွန်းကိုကိုင်တွယ်ခဲ့ပြီးယင်းတွင်ပွဲတစ်ထောင်ပြည့်ခဲ့ပါတယ်။
ယင်းနောက်သူဟာမစ်ဒယ်ဘရော့၊ရှက်ဖီးလ်ဝင်းနက်စ်ဒေးတို့ကိုကိုင်တွယ်ခဲ့ပါတယ်။
ZawGyi
တခ်ိန္တုန္းက အဂၤလန္တြင္ စတုတ္စီးတီးကို အႏိုင္ယူရန္ အခက္ခဲဆုံးအသင္းျဖစ္ေအာင္ တည္ေဆာက္ခဲ့တဲ့ တိုနီပူးလစ္ နည္းျပဘဝမွအနားယူ
တိုနီပူးလစ္ဟာနည္းျပေလာကမွအနားယူလာခဲ့ၿပီျဖစ္ပါတယ္။အသက္၆၅ႏွစ္ရွိတိုနီပူးလစ္ဟာ Sky Sports News မွတိုက္႐ိုက္ထုတ္လႊင့္တဲ့အင္တာဗ်ဴးတြင္ နည္းျပေလာကမွအနားယူေၾကာင္းေၾကညာလာခဲ့တာလည္းျဖစ္ပါတယ္။
တိုနီပူးလစ္ေနာက္ဆုံးကိုင္တြယ္ခဲ့တဲ့အသင္းကေတာ့၂၀၂၀ခုႏွစ္တုန္းကရွက္ဖီးလ္ယူႏိုက္တက္ကိုကိုင္တြယ္ကာနည္းျပဘဝကိုစတင္ခဲ့သူျဖစ္ၿပီး၁၀ပြဲတည္းသာကိုင္တြယ္ခြင့္ရခဲ့ပါတယ္။
တိုနီပူးလစ္ကမိသားစုအတြက္အခ်ိန္ပိုမိုေပးႏိုင္ရန္ႏွင့္ေဂါက္ကစားမႈပိုမိုျပဳလုပ္ႏိုင္ရန္အတြက္ နည္းျပဘဝမွအနားယူရန္ဆုံးျဖတ္လိုက္တာျဖစ္ေၾကာင္းသိရပါတယ္။
တိုနီပူးလစ္က “ကြၽန္ေတာ့္အသက္အခု၆၅ႏွစ္ရွိပါၿပီ။နည္းျပေလာကမွာလည္းေကာင္းေကာင္းလုပ္ျပခဲ့ၿပီးပါၿပီ။အခုနည္းျပဘဝကိုအတိတ္မွာထားခဲ့ရမဲ့အခ်ိန္ေရာက္လာပါၿပီ။လူေတြကိုကူညီႏိုင္လို႔ဝမ္းသာပါတယ္။အႀကံဉာဏ္ေလးအနည္းငယ္ေပးႏိုင္ေသးလို႔ဝမ္းသာပါတယ္။ဘုန္းေမာက္ကအိမ္မွာပဲအၿမဲအေျခခ်လာတာပါ။အံ့ဩစရာေကာင္းတဲ့သားသမီးသုံးဦးရွိပါတယ္။သူတို႔အတြက္ဘယ္တုန္းကမွအခ်ိန္ေကာင္းေကာင္းမေပးခဲ့ရဘူး။အခုေျမး၇ဦးရွိေနပါၿပီ။သူတို႔ကိုေတြ႕ရလို႔ဝမ္းသာတယ္။လမ္းေလွ်ာက္ႏိုင္တယ္။ကေလးေတြေဘာလုံးကစားတာၾကည့္တယ္။အေမရိကန္မွာႏွစ္ဦးရွိတယ္။သူတို႔ဆီလည္းအတတ္ႏိုင္ဆုံးသြားလည္တယ္။ေဂါက္လည္းနည္းနည္းကစားတယ္။ေတာ္ေတာ္ေကာင္းတယ္။အပန္းေျဖရတယ္”လို႔ေျပာၾကားသြားပါတယ္။
တိုနီပူးလစ္ဟာ၁၉၉၂ခုႏွစ္တုန္းကဘုန္းေမာက္ကိုကိုင္တြယ္ကာနည္းျပဘဝစတင္ခဲ့သူျဖစ္ၿပီး၁၉၉၅ခုႏွစ္တြင္စတုတၳတန္းကလပ္ဂယ္လင္ဂမ္ကိုကိုင္တြယ္ကာပထမဆုံးရာသီမွာတန္းတက္ႏိုင္ေအာင္စြမ္းေဆာင္ေပးႏိုင္ခဲ့ပါတယ္။
သူဟာဘရစၥတိုး၊ပို႔စ္ေမာက္ကိုကိုင္တြယ္ၿပီးေနာက္စတုတ္စီးတီးကိုကိုင္တြယ္ခဲ့ပါတယ္။သူဟာပထမရာသီတြင္စတုတ္ကိုလိဂ္၁သို႔တန္းမဆင္းရေအာင္ကူညီခဲ့ပါတယ္။သူဟာယင္းေနာက္ပို႔စ္ေမာက္ကိုကိုင္တြယ္ၿပီးတစ္ရာသီအၾကာမွာဘဲစတုတ္စီးတီးသို႔ျပန္ေရာက္လာခဲ့ပါတယ္။
သူဟာစတုတ္စီးတီးတြင္ေနာက္ထပ္၇ႏွစ္ၾကာကိုင္တြယ္ခဲ့ၿပီးအဂၤလန္တြင္အႏိုင္ရန္အခက္ခဲဆုံးအသင္းအျဖစ္တည္ေဆာက္ေပးႏိုင္ခဲ့ပါတယ္။ပူးလစ္ဟာစတုတ္စီးတီးကိုအက္ဖ္ေအဖလားဗိုလ္လုပြဲႏွင့္ယူ႐ိုပါလိဂ္ဝင္ခြင့္ရေအာင္လည္းစြမ္းေဆာင္ေပးႏိုင္ခဲ့ပါတယ္။
ပူးလစ္ဟာ၂၀၁၃ခုႏွစ္တြင္စတုတ္စီးတီးရဲ႕မထင္မွတ္ဘဲထုတ္ပယ္ျခင္းခံခဲ့ရၿပီးေနာက္ပဲေလ့စ္ကိုကိုင္တြယ္ကာအမွတ္ေပးဇယားအဆင့္၁၁ေနရာတြင္ရပ္တည္ႏိုင္ေအာင္စြမ္းေဆာင္ႏိုင္ခဲ့ကာ တစ္ႏွစ္တာအေကာင္းဆုံးနည္းျပဆုဆြတ္ခူးႏိုင္ခဲ့ပါတယ္။
ဒါေပမဲ့သူဟာကစားသမားဝယ္ယူေရးေထာက္ပံ့မႈမရမႈေၾကာင့္ထက္ခြာကာ ဝက္စ္ဘ႐ြန္းကိုကိုင္တြယ္ခဲ့ၿပီးယင္းတြင္ပြဲတစ္ေထာင္ျပည့္ခဲ့ပါတယ္။
ယင္းေနာက္သူဟာမစ္ဒယ္ဘေရာ့၊ရွက္ဖီးလ္ဝင္းနက္စ္ေဒးတို႔ကိုကိုင္တြယ္ခဲ့ပါတယ္။