တင်ဒဲလ်ကို ထုတ်ပယ်ပြီးနောက် ဝုဒ်ဂိတ်ကို ယာယီနည်းပြအဖြစ် ဘုန်းမောက်ခန့်အပ်

ဘုန်းမောက်ကနည်းပြဂျေဆင်တင်ဒဲလ်ကိုရာထူးမှထုတ်ပယ်လိုက်ပြီးနောက်ယာယီနည်းပြအဖြစ်ဂျိုနသန် ဝုဒ်ဂိတ်ကိုခန့်အပ်လိုက်ကြောင်းကြေညာလာပါတယ်။

ဘုန်းမောက်တွင်ကာလရှည်ကြာတာဝန်ထမ်းဆောင်လာခဲ့တဲ့တင်ဒဲလ်ဟာအင်္ဂါနေ့တုန်းကအိမ်ကွင်းတွင် ရှက်ဖီးလ်ဝင်းနက်စ်ဒေးကို၂-၁ဖြင့်ရှုံးနိမ့်ကာရလဒ်ဆိုးရွားမှုဆက်တိုက်ဖြစ်ပြီးနောက်ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

ဘုန်းမောက်ဟာချန်ပီယံရှစ်မှတန်းတက်ရမယ့်အသင်းအဖြစ်ရေပန်းစားခဲ့သော်လည်းအဆင့်၆နေရာသို့အထိ ရောက်ကာရလဒ်ကောင်းဆက်တိုက်ရယူနိုင်ခြင်းမရှိခဲ့ပါဘူး။

တင်ဒဲလ်ဟာဘုန်းမောက်အသင်းတွင်၂၂နှစ်ကြာတာဝန်ထမ်းဆောင်လာခဲ့သူလည်းဖြစ်ပါတယ်။ဝုဒ်ဂိတ်ဟာပထမ အသင်းနည်းပြအဖြစ်ခန့်အပ်ခြင်းခံရပြီးနှစ်ရက်အကြာမှာဘဲယာယီနည်းပြအဖြစ်တိုးမြှင့်ခန့်အပ်ခံခဲ့ရပါတယ်။

အသက်၄၁နှစ်ရှိဝုဒ်ဂိတ်ဟာ၂၀၁၉ခုနှစ်၊နိုဝင်ဘာလတွင်ဇာတိကလပ်မစ်ဒယ်ဘရော့နည်းပြအဖြစ်ခန့်အပ်ခြင်းခံခဲ့ရ ပြီး၁၂လအကြာတွင်ထုတ်ပယ်ခြင်းခံခဲ့ရသူလည်းဖြစ်ပါတယ်။

လက်ရှိအချိန်တွင်ဘုန်းမောက်နည်းပြသစ်ဖြစ်လာရန်အတွက်ဖရန့်လမ်းပတ်နှင့်ဂျွန်တယ်ရီတို့ကထိပ်ဆုံးမှရေပန်း စာနေပါတယ်။လမ်းပတ်ဟာဒါဘီကိုချန်ပီယံရှစ်ကလေးအော့ဖ်အဆင့်သို့အထိပို့ဆောင်ပေးထားသူဖြစ်ပြီးတယ်ရီမှာလည်းဗီလာကို၂၀၁၈ခုနှစ်တုန်းကနည်းပြအဖွဲ့ဝင်အဖြစ်ချန်ပီယံရှစ်မှတန်းတက်ရအောင်စွမ်းဆောင်ခဲ့တဲ့အတွေ့ အကြုံရှိသူဖြစ်ပါတယ်။

ZawGyi

တင္ဒဲလ္ကို ထုတ္ပယ္ၿပီးေနာက္ ဝုဒ္ဂိတ္ကို ယာယီနည္းျပအျဖစ္ ဘုန္းေမာက္ခန႔္အပ္

ဘုန္းေမာက္ကနည္းျပေဂ်ဆင္တင္ဒဲလ္ကိုရာထူးမွထုတ္ပယ္လိုက္ၿပီးေနာက္ယာယီနည္းျပအျဖစ္ဂ်ိဳနသန္ ဝုဒ္ဂိတ္ကိုခန႔္အပ္လိုက္ေၾကာင္းေၾကညာလာပါတယ္။

ဘုန္းေမာက္တြင္ကာလရွည္ၾကာတာဝန္ထမ္းေဆာင္လာခဲ့တဲ့တင္ဒဲလ္ဟာအဂၤါေန႔တုန္းကအိမ္ကြင္းတြင္ ရွက္ဖီးလ္ဝင္းနက္စ္ေဒးကို၂-၁ျဖင့္ရႈံးနိမ့္ကာရလဒ္ဆိုး႐ြားမႈဆက္တိုက္ျဖစ္ၿပီးေနာက္ထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။

ဘုန္းေမာက္ဟာခ်န္ပီယံရွစ္မွတန္းတက္ရမယ့္အသင္းအျဖစ္ေရပန္းစားခဲ့ေသာ္လည္းအဆင့္၆ေနရာသို႔အထိ ေရာက္ကာရလဒ္ေကာင္းဆက္တိုက္ရယူႏိုင္ျခင္းမရွိခဲ့ပါဘူး။

တင္ဒဲလ္ဟာဘုန္းေမာက္အသင္းတြင္၂၂ႏွစ္ၾကာတာဝန္ထမ္းေဆာင္လာခဲ့သူလည္းျဖစ္ပါတယ္။ဝုဒ္ဂိတ္ဟာပထမ အသင္းနည္းျပအျဖစ္ခန႔္အပ္ျခင္းခံရၿပီးႏွစ္ရက္အၾကာမွာဘဲယာယီနည္းျပအျဖစ္တိုးျမႇင့္ခန႔္အပ္ခံခဲ့ရပါတယ္။

အသက္၄၁ႏွစ္ရွိဝုဒ္ဂိတ္ဟာ၂၀၁၉ခုႏွစ္၊ႏိုဝင္ဘာလတြင္ဇာတိကလပ္မစ္ဒယ္ဘေရာ့နည္းျပအျဖစ္ခန႔္အပ္ျခင္းခံခဲ့ရ ၿပီး၁၂လအၾကာတြင္ထုတ္ပယ္ျခင္းခံခဲ့ရသူလည္းျဖစ္ပါတယ္။

လက္ရွိအခ်ိန္တြင္ဘုန္းေမာက္နည္းျပသစ္ျဖစ္လာရန္အတြက္ဖရန႔္လမ္းပတ္ႏွင့္ဂြၽန္တယ္ရီတို႔ကထိပ္ဆုံးမွေရပန္း စာေနပါတယ္။လမ္းပတ္ဟာဒါဘီကိုခ်န္ပီယံရွစ္ကေလးေအာ့ဖ္အဆင့္သို႔အထိပို႔ေဆာင္ေပးထားသူျဖစ္ၿပီးတယ္ရီမွာလည္းဗီလာကို၂၀၁၈ခုႏွစ္တုန္းကနည္းျပအဖြဲ႕ဝင္အျဖစ္ခ်န္ပီယံရွစ္မွတန္းတက္ရေအာင္စြမ္းေဆာင္ခဲ့တဲ့အေတြ႕ အႀကဳံရွိသူျဖစ္ပါတယ္။