တစ်ကမ္ဘာလုံးတွင် ၁၀စီးသာရှိတဲ့ Bugatti Centodieci ကို ယူရို ၈ သန်းဖြင့် ခရစ္စတီယာနိုရော်နယ်ဒိုဝယ်ယူ

ခရစ္စတီယာနိုရော်နယ်ဒိုဟာသူ့ရဲ့အသက်၃၆နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ်ကိုယ့်ကိုယ်ကိုအထူးလက် ဆောင်တစ်ခုပေးခဲ့ပါတယ်။ခရစ္စတီယာနိုရော်နယ်ဒိုဟာစူပါကားတစ်စီးဖြစ်တဲ့ Bugatti Centodieci ကို ယူရို ၈ သန်းဖြင့်ဝယ်ယူလိုက်ပါတယ်။ Bugatti Centodieci က၂.၄စက္ကန့်ဖြင့်၀-၁၀၀ကီလိုမီတာအထိမောင်းနှင်နိုင်တဲ့ ကားဖြစ်ပါတယ်။

ဂျူဗင်တပ်စူပါစတားဟာတူရင်ရှိသူ့ရဲ့နေအိမ်ကြီးမှာကားပေါင်းများစွာဝယ်ယူထားသူလည်းဖြစ်ပါတယ်။သူဟာ Bugatti ခရေဇီတစ်ဦးဖြစ်ပြီး Veyron ၊ Chiron ၊ La Voiture Noire တို့ကိုလည်းဝယ်ယူထားပါတယ်။ La Voiture Noire ကိုပြီးခဲ့တဲ့နှစ်တုန်းကယူရို၁၈သန်းဖြင့်ဝယ်ယူခဲ့တာလည်းဖြစ်ပါတယ်။La Voiture Noire ကကမ္ဘာ့ဈေးအကြီးဆုံးကားဖြစ်ပြီး Bugatti ရဲ့ကုမ္ပဏီသက်တမ်းနှစ်၁၁၀ပြည့်အထိမ်းအမှတ်အဖြစ်အထူးထုတ် လုပ်ထားတဲ့ကားလည်းဖြစ်ပါတယ်။

ဒါ့အပြင်မန်ယူနှင့်ရီးရဲလ်မက်ဒရစ်စူပါစတားဟောင်းတွင် Ferrari F430 ၊ Phantom Rolls-Royce ၊ Lamborghini Aventador ၊Maserati GranCabrio၊ Bentley Continental GTC ၊ McLaren Senna တို့ဝယ်ယူခဲ့ပါတယ်။

သူဟာချစ်သူဆီကအသက်၃၅နှစ်ပြည့်မွေးနေ့အဖြစ်ပေါင်၆၀၀၀၀၀တန် Mecedes G Wagon ကားတစ်စီးလက် ဆောင်ရရှိခဲ့ပေမယ့်လည်းယခုအခါမှာတော့သူဟာ Bugatti Centodieci ကို ဝယ်ယူခဲ့ပြီးဖြစ်ပါတယ်။

လက်ရှိအချိန်အထိ Bugatti ဟာ Centodieci အစီးရေ ၁၀ စီးတည်းသာ ရောင်းချထားပါသေးတယ်။နောက်ထပ် ယင်းကားကိုဝယ်ယူလိုသူများအနေဖြင့်၂၀၂၂ခုနှစ်အထိစောင့်ဆိုင်းရပါဦးမယ်။

ZawGyi

တစ္ကမာၻလုံးတြင္ ၁၀စီးသာရွိတဲ့ Bugatti Centodieci ကို ယူ႐ို ၈ သန္းျဖင့္ ခရစၥတီယာႏိုေရာ္နယ္ဒိုဝယ္ယူ

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာသူ႔ရဲ႕အသက္၃၆ႏွစ္ျပည့္ေမြးေန႔အထိမ္းအမွတ္အျဖစ္ကိုယ့္ကိုယ္ကိုအထူးလက္ ေဆာင္တစ္ခုေပးခဲ့ပါတယ္။ခရစၥတီယာႏိုေရာ္နယ္ဒိုဟာစူပါကားတစ္စီးျဖစ္တဲ့ Bugatti Centodieci ကို ယူ႐ို ၈ သန္းျဖင့္ဝယ္ယူလိုက္ပါတယ္။ Bugatti Centodieci က၂.၄စကၠန႔္ျဖင့္၀-၁၀၀ကီလိုမီတာအထိေမာင္းႏွင္ႏိုင္တဲ့ ကားျဖစ္ပါတယ္။

ဂ်ဴဗင္တပ္စူပါစတားဟာတူရင္ရွိသူ႔ရဲ႕ေနအိမ္ႀကီးမွာကားေပါင္းမ်ားစြာဝယ္ယူထားသူလည္းျဖစ္ပါတယ္။သူဟာ Bugatti ခေရဇီတစ္ဦးျဖစ္ၿပီး Veyron ၊ Chiron ၊ La Voiture Noire တို႔ကိုလည္းဝယ္ယူထားပါတယ္။ La Voiture Noire ကိုၿပီးခဲ့တဲ့ႏွစ္တုန္းကယူ႐ို၁၈သန္းျဖင့္ဝယ္ယူခဲ့တာလည္းျဖစ္ပါတယ္။La Voiture Noire ကကမာၻ႔ေဈးအႀကီးဆုံးကားျဖစ္ၿပီး Bugatti ရဲ႕ကုမၸဏီသက္တမ္းႏွစ္၁၁၀ျပည့္အထိမ္းအမွတ္အျဖစ္အထူးထုတ္ လုပ္ထားတဲ့ကားလည္းျဖစ္ပါတယ္။

ဒါ့အျပင္မန္ယူႏွင့္ရီးရဲလ္မက္ဒရစ္စူပါစတားေဟာင္းတြင္ Ferrari F430 ၊ Phantom Rolls-Royce ၊ Lamborghini Aventador ၊Maserati GranCabrio၊ Bentley Continental GTC ၊ McLaren Senna တို႔ဝယ္ယူခဲ့ပါတယ္။

သူဟာခ်စ္သူဆီကအသက္၃၅ႏွစ္ျပည့္ေမြးေန႔အျဖစ္ေပါင္၆၀၀၀၀၀တန္ Mecedes G Wagon ကားတစ္စီးလက္ ေဆာင္ရရွိခဲ့ေပမယ့္လည္းယခုအခါမွာေတာ့သူဟာ Bugatti Centodieci ကို ဝယ္ယူခဲ့ၿပီးျဖစ္ပါတယ္။

လက္ရွိအခ်ိန္အထိ Bugatti ဟာ Centodieci အစီးေရ ၁၀ စီးတည္းသာ ေရာင္းခ်ထားပါေသးတယ္။ေနာက္ထပ္ ယင္းကားကိုဝယ္ယူလိုသူမ်ားအေနျဖင့္၂၀၂၂ခုႏွစ္အထိေစာင့္ဆိုင္းရပါဦးမယ္။