တစ်ကမ္ဘာလုံးတွင် ၁၀ စီးသာရှိတဲ့ Bugatti Centodieci ကို ယူရို ၉.၅ သန်းဖြင့် ဝယ်ယူလိုက်တဲ့ ခရစ္စတီယာနိုရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာ၂.၄စက္ကန့်တွင် 0-100km/h အထိစွမ်းဆောင်နှုန်းမြင့်မားတဲ့ Bugatti Centodieci စူပါကားကိုယူရို၉.၅သန်းဖြင့်ဝယ်ယူလိုက်ကြောင်းသိရပါတယ်။

မန်ချက်စတာစူပါစတားဟာတန်ဖိုးကြီးစူပါကားများစွာကိုဝယ်ယူစုဆောင်းထားသူလည်းဖြစ်ပါတယ်။Baloon d’Or ဆုကိုငါးကြိမ်ရရှိထားတဲ့ခရစ္စတီယာနိုရော်နယ်ဒိုဟာ Bugatti ရဲ့အမာခံပရိသတ်တစ်ဦးဖြစ်ပြီး Chiron ၊ Veyron ၊ La Voiture Noire တို့ကိုဝယ်ယူထားပါတယ်။ La Voiture Noire ကတန်ဖိုးဒေါ်လာ၁၈သန်းဖြစ်ပြီးရော်နယ်ဒိုဝယ်ယူခဲ့ဖူးသမျှကားတွေထဲမှာတန်ဖိုးအကြီးဆုံးကားဖြစ်ပါတယ်။

ဒါ့အပြင်သူဟာ Ferrari F430 ၊Phanton Rolls-Royce၊Lamborghini Aventador နှင့်Maserati GranCabrio တို့ကိုလည်းဝယ်ယူထားပါတယ်။

Bentley Continental GTC ကလည်းရော်နယ်ဒိုပိုင်ဆိုင်ထားတဲ့ကားတွေထဲမှာလှပတဲ့ကားတစ်စီးဖြစ်ပါတယ်။သူဟာပြီးခဲ့တဲ့နှစ်တုန်းကလည်း MaLaren Senna ကိုပေါင်၇၅၀၀၀ဖြင့်ဝယ်ယူခဲ့ပါသေးတယ်။

တစ်ဖက်တွင်သူ့ချစ်သူဂျော်ဂျီနာကလည်းသူ့မွေးနေ့တုန်းကပေါင်၆သိန်းတန် Mercedes G Wagon ကိုလက်ဆောင်အဖြစ်ဝယ်ပေးခဲ့ပါသေးတယ်။ဒါပေမယ့်ယခု ခရစ္စတီယာနိုရော်နယ်ဒိုဝယ်ယူလိုက်တဲ့ Bugatti Centodieci ကတော့ယင်းကားအားလုံးကိုကျော်ဖြတ်မယ့်ကားပါ။

Centodieci ကလက်ရှိအချိန်မှာ၁၀စီးဘဲထုတ်လုပ်ရသေးတဲ့ကားဖြစ်ပါတယ်။ BILD ကရော်နယ်ဒိုဟာယင်း၁၀စီးထဲမှတစ်စီးကိုဝယ်ယူလိုက်ကြောင်းဖော်ပြလာပါတယ်။

Bugatti Centodieci ကို ၁၀ စီးရောင်းချထားတယ်ဆိုပေမယ့်ကားကိုအပြီးသတ်မထုတ်လုပ်ရသေးပါဘူး။ဝယ်ယူထားသူများဟာ၂၀၂၂ခုနှစ်ကျမှကားကိုလက်ဝယ်ရရှိမှာဖြစ်ပါတယ်။

ZawGyi

တစ္ကမာၻလုံးတြင္ ၁၀ စီးသာရွိတဲ့ Bugatti Centodieci ကို ယူ႐ို ၉.၅ သန္းျဖင့္ ဝယ္ယူလိုက္တဲ့ ခရစၥတီယာႏိုေရာ္နယ္ဒို

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာ၂.၄စကၠန႔္တြင္ 0-100km/h အထိစြမ္းေဆာင္ႏႈန္းျမင့္မားတဲ့ Bugatti Centodieci စူပါကားကိုယူ႐ို၉.၅သန္းျဖင့္ဝယ္ယူလိုက္ေၾကာင္းသိရပါတယ္။

မန္ခ်က္စတာစူပါစတားဟာတန္ဖိုးႀကီးစူပါကားမ်ားစြာကိုဝယ္ယူစုေဆာင္းထားသူလည္းျဖစ္ပါတယ္။Baloon d’Or ဆုကိုငါးႀကိမ္ရရွိထားတဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုဟာ Bugatti ရဲ႕အမာခံပရိသတ္တစ္ဦးျဖစ္ၿပီး Chiron ၊ Veyron ၊ La Voiture Noire တို႔ကိုဝယ္ယူထားပါတယ္။ La Voiture Noire ကတန္ဖိုးေဒၚလာ၁၈သန္းျဖစ္ၿပီးေရာ္နယ္ဒိုဝယ္ယူခဲ့ဖူးသမွ်ကားေတြထဲမွာတန္ဖိုးအႀကီးဆုံးကားျဖစ္ပါတယ္။

ဒါ့အျပင္သူဟာ Ferrari F430 ၊Phanton Rolls-Royce၊Lamborghini Aventador ႏွင့္Maserati GranCabrio တို႔ကိုလည္းဝယ္ယူထားပါတယ္။

Bentley Continental GTC ကလည္းေရာ္နယ္ဒိုပိုင္ဆိုင္ထားတဲ့ကားေတြထဲမွာလွပတဲ့ကားတစ္စီးျဖစ္ပါတယ္။သူဟာၿပီးခဲ့တဲ့ႏွစ္တုန္းကလည္း MaLaren Senna ကိုေပါင္၇၅၀၀၀ျဖင့္ဝယ္ယူခဲ့ပါေသးတယ္။

တစ္ဖက္တြင္သူ႔ခ်စ္သူေဂ်ာ္ဂ်ီနာကလည္းသူ႔ေမြးေန႔တုန္းကေပါင္၆သိန္းတန္ Mercedes G Wagon ကိုလက္ေဆာင္အျဖစ္ဝယ္ေပးခဲ့ပါေသးတယ္။ဒါေပမယ့္ယခု ခရစၥတီယာႏိုေရာ္နယ္ဒိုဝယ္ယူလိုက္တဲ့ Bugatti Centodieci ကေတာ့ယင္းကားအားလုံးကိုေက်ာ္ျဖတ္မယ့္ကားပါ။

Centodieci ကလက္ရွိအခ်ိန္မွာ၁၀စီးဘဲထုတ္လုပ္ရေသးတဲ့ကားျဖစ္ပါတယ္။ BILD ကေရာ္နယ္ဒိုဟာယင္း၁၀စီးထဲမွတစ္စီးကိုဝယ္ယူလိုက္ေၾကာင္းေဖာ္ျပလာပါတယ္။

Bugatti Centodieci ကို ၁၀ စီးေရာင္းခ်ထားတယ္ဆိုေပမယ့္ကားကိုအၿပီးသတ္မထုတ္လုပ္ရေသးပါဘူး။ဝယ္ယူထားသူမ်ားဟာ၂၀၂၂ခုႏွစ္က်မွကားကိုလက္ဝယ္ရရွိမွာျဖစ္ပါတယ္။