တစ်ကမ္ဘာလုံးအံ့ဩသင့်စေမယ့် မက်ဆီရဲ့ပီအက်စ်ဂျီနှင့်စာချုပ်ပါ အချက်အလက်များ ပေါက်ကြားလာ
လီယွန်နယ်မက်ဆီနှင့်ပီအက်စ်ဂျီတို့ချုပ်ဆိုထားတဲ့စာချုပ်ပါအချက်အလက်များပေါက်ကြားလာပါတယ်။ဘာစီလိုနာတွင်၂၁နှစ်ကြာကစားခဲ့တဲ့ Ballon d’Or ဆုခြောက်ကြိမ်ရ မက်ဆီဟာဘာစီလိုနာနှင့်စာချုပ်သစ်မချုပ်ဆိုနိုင်ခဲ့ပြီးပီအက်စ်ဂျီသို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းခဲ့တာဖြစ်ပါတယ်။
ယနေ့မှာ L’Equipe ကအသက်၃၄နှစ်ရှိအာဂျင်တီးနားစူပါစတားနှင့်ပီအက်စ်ဂျီတို့စာချုပ်ပါအချက်အလက်နှင့်အကျိုးခံစားပေါက်ကြားလာပါတယ်။ L’Equipe ရဲ့ဖော်ပြချက်ကြောင့်မက်ဆီဟာနေမာနှင့်ကိုင်လီယန်ဘက်ပေးတို့ထက်ဘယ်လောက်ငွေကြေးအကျိုးခံစားခွင့်ရရှိသလဲသိခွင့်ရလာပါတယ်။
L’Equipe ရဲ့ဖော်ပြချက်အရမက်ဆီဟာပီအက်စ်ဂျီနှင့်ချုပ်ဆိုထားတဲ့သုံးနှစ်စာချုပ်အတွက်လုပ်ခအကျိုးခံစားခွင့်ယူရိုသန်း၁၁၀(ပေါင်၉၄သန်း)ရရှိပါမယ်။မက်ဆီဟာယခုရာသီအတွက်ယူရိုသန်း၃၀(ပေါင်၂၅.၆သန်း)၊လာမယ့်ရာသီအတွက် ယူရိုသန်း၄၀(ပေါင်၃၄.၁သန်း)လုပ်ခခံစားရပါမယ်။
မက်ဆီဟာပီအက်စ်ဂျီနှင့်၂နှစ်စာချုပ်ချုပ်ဆိုထားတာဖြစ်ပြီးယင်းစာချုပ်အတွင်းမှာတစ်နှစ်သက်တမ်းတိုးနိုင်တဲ့အချက်ပါဝင်ပါတယ်။မက်ဆီဟာပီအက်စ်ဂျီနှင့်တစ်နှစ်သက်တမ်းတိုးရန်ဆုံးဖြတ်ပါကယင်းတစ်ရာသီအတွက်ယူရိုသန်း၄၀(ပေါင်၃၄.၁သန်း)ခံစားခွင့်ရရှိပါဦးမယ်။
ဒါပေမယ့်မက််ဆီဟာပီအက်စ်ဂျီသို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းရွှေ့မှုအတွက် လက်မှတ်ထိုးကြေးမရရှိပါဘူး။တစ်ဖက်တွင်မက်ဆီဟာသစ္စာရှိကြေးအပိုဆုကြေးအဖြစ်တစ်ရာသီလျှင်ယူရို၁၅သန်း(ပေါင်၁၂.၈သန်း)ရရှိပါမယ်။
ပီအက်စ်ဂျီဟာလီယွန်နယ်မက်ဆီကိုမြင့်မားတဲ့လုပ်ခနှင့်စာချုပ်ချုပ်ဆိုလိုက်ရပေမယ့်တစ်ဖက်တွင်ကြော်ငြာရှင်များ၊စပွန်ဆာရှင်များကိုများစွာဆွဲဆောင်လာနိုင်တဲ့အပြင် ကြေးလည်းမြင့်မားလာပါတယ်။
ပီအက်စ်ဂျီဟာမက်ဆီရောက်လာမှုကြောင့်မကြာသေးမီတုန်းကဒီဂျစ်တယ်ငွေကြေးဝက်ဘ်ဆိုက်တစ်ခုနှင့်စာချုပ်ချုပ်ဆိုရာမှာယူရိုသန်း၃၀အထိရရှိခဲ့ပါတယ်။
ZawGyi