တစ်ကြိမ်တည်းသာ အင်္ကျီလဲရန် တောင်းဆိုခဲ့ဖူးပြီး တစ်ခါတည်းနဲ့လက်လန်သွားခဲ့တဲ့ ရွိုင်ကိန်း
မန်ယူဂန္ထဝင်အသင်းခေါင်းဆောင်ရွိုင်ကိန်းက၎င်းမှာကစားသမားချင်းအင်္ကျီလဲလှယ်မှုကို နှစ်သက်သူမဟုတ်ကြောင်း၊၎င်းမှာကစားသမားဘဝတစ်ခုလုံးတွင်ကစားသမားတစ်ဦးကိုသာအင်္ကျီလဲလှယ်ရန်တောင်းဆိုခဲ့ဖူးပြီးယင်းလုပ်ရပ်အတွက်လည်းနောင်တရခဲ့ရကြောင်းဆိုသွားပါတယ်။
ရွိုင်ကိန်းဟာကစားသမားဘဝတုန်းကဟော့ဟော့ဒိုင်းဒိုင်း ဒေါသအိုးတစ်ဦးအဖြစ်နာမည်ကြီးတဲ့သူအဖြစ်တဲ့အပြင်ဘယ်လောက်နာမည်ကြီးတဲ့ကစားသမားဖြစ်ပါစေဂရုမစိုက်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။
ဒါပေမယ့်တစ်ကြိမ်မှာတော့သူဟာကစားသမားဘဝတစ်လျှောက်တစ်ကြိမ်တည်းသော အင်္ကျီလဲလှယ်ဖို့တောင်းဆိုခဲ့ဖူးပြီးအငြင်းခံခဲ့ရကာနောင်တများပွေ့ပိုက်ခဲ့ရဖူးပါတယ်။
ထိုစဉ်က၁၉၉၄အမေရိကကမ္ဘာ့ဖလားမတိုင်မီတုန်းကဖြစ်ပါတယ်။အိုင်ယာလန်ဟာခြေစမ်းပွဲမှာဂျာမနီနှင့်ခြေစမ်းခဲ့ပြီးအိုင်ယာလန်ကအနိုင်ရရှိခဲ့ပါတယ်။ပွဲအပြီးမှာရွိုင်ကန်းဟာဂျာမနီဂန္ထဝင်ကစားသမားလိုသာမားသီးယပ်စ်အားအင်္ကျီလဲလှယ်ရန်တောင်းဆိုခဲ့ပါတယ်။ဒါပေမယ့်၁၉၉၆ခုနှစ် Ballon d’Or ဆုရှင်ကရွိုင်ကိန်းကိုငြင်းဆိုခဲ့ပါတယ်။
ရွိုင်ကန်းက “ကစားသမားတစ်ဦးတည်းကိုပဲအင်္ကျီလဲဖို့တောင်းဆိုဖူးပါတယ်။နောင်တလည်းရခဲ့တယ်။အဲဒီတုန်းကဂျာမနီနဲ့အိုင်ယာလန်ခြေစမ်းပွဲကစားခဲ့ပါတယ်။၁၉၄၄ကမ္ဘာ့ဖလားမတိုင်မီခြေစမ်းပွဲပါ။ကျွန်တော်တို့အနိုင်ရခဲ့တယ်။ပွဲပြီးတော့သူလျှောက်လာတယ်။ကျူပ်လည်းယဉ်ယဉ်ကျေးကျေးနဲ့တောင်းတာပါ။လိုသာမားသီးယပ်စ်ဆီကပါ။သူက No ဆိုပြီးငြင်းခဲ့တယ်။ကျုပ်လည်းနင့်နေအောင်ခံစားသွားခဲ့ရတယ်။တကယ်ဆိုငါဘယ်သူ့ဆီမှသွားမသင့်ဘူးလို့တွေးခဲ့တယ်။တကယ်တော့ကျုပ်ကသူ့အင်္ကျီကိုအရမ်းလိုချင်လို့ဆိုပြီးတောင်းခဲ့တာမဟုတ်ပါဘူး။ခင်မင်မှုသဘောတရားအရတောင်းခဲ့တာပါ”လို့ပြောကြားသွားပါတယ်။
ယင်းနောက်ပိုင်းတွင်ရွိုင်ကိန်းဟာရီးရဲလ်မက်ဒရစ်ဂန္ထဝင်ကစားသမားများဖြစ်ကြတဲ့ဇီဒန်းနှင့်အင်္ကျီလဲလှယ်လိုခဲ့ပေမယ့်ယခင်တုန်းကအဖြစ်အပျက်ကြောင့်မလုပ်ခဲ့ပါဘူး။ရွိုင်ကိန်းကသူ့ကစားသမားဘဝတွင်အခက်ခဲဆုံးပြိုင်ဘက်အဖြစ်ဇီဒန်းလို့လည်းဖွင့်ဟဖူးသူဖြစ်ပါတယ်။
ZawGyi