တစ်ကြိမ်မျှလေ့ကျင့်ပေးခြင်းမပြုလုပ်သေးဘဲ ကစားသမားတစ်ဦးကို ဖယ်ရှားဖို့ စဉ်းစားထားပြီးဖြစ်တဲ့ ဘာကာနည်းပြသစ်ဇာဗီး

ဘာစီလိုနာကယနေ့အစောပိုင်းတုန်းကဇာဗီးက၂နှစ်ခွဲစာချုပ်ဖြင့်ဘာစီလိုနာနည်းပြသစ်အဖြစ်ခန့်အပ်လိုက်ပြီဖြစ်ကြောင်းကြေညာခဲ့ပါတယ်။

ဇာဗီးဟာတနင်္ဂနွေနေ့မှာဘာစီလိုနာသို့ရောက်လာမှာဖြစ်ပြီးတနင်္လာနေ့မှာစတင်ကာဘာစီလိုနာနည်းပြအဖြစ်စတင်တာဝန်ထမ်းဆောင်သွားမှာဖြစ်ပြီးသတင်းစာရှင်းလင်းပွဲလည်းပြုလုပ်ပါမယ်။

ဇာဗီးဟာဘာစီလိုနာအသင်းကိုတစ်ကြိမ်မျှလေ့ကျင့်ပေးခြင်းမပြုရသေးမီဘာစီလိုနာကစားသမားတစ်ဦးကိုလာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်အသင်းမှဖယ်ရှားဖို့ဆုံးဖြတ်ထားပြီးဖြစ်ကြောင်းသိရပါတယ်။

SPORT ရဲ့ဖော်ပြချက်အရဇာဗီးဟာတိုက်စစ်မှူးလုခ်ဒီဂျောင်ကိုဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်အသင်းဟောင်းဆီဗီလာသို့ပြန်စေလွှတ်သွားမယ်လို့သိရပါတယ်။

လုခ်ဒီဂျောင်ဟာနွေရာသီအပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးရက်တွင်ဆီဗီလာမှဘာစီလိုနာသို့တစ်ရာသီအငှားစာချုပ်ဖြင့်ရောက်လာသူဖြစ်ပါတယ်။

လုခ်ဒီဂျောင်ဟာနွေရာသီတွင်ဘာစီလိုနာသို့ရောက်လာပြီးနောက်ပြိုင်ပွဲအရပ်ရပ်တွင်၉ပွဲကစားထားရာမှာ၁ဂိုးတည်းသာသွင်းထားနိုင်ပါတယ်။

ဇာဗီးဟာလာမယ့်ဆောင်းရာသီအပြောင်းအရွှေ့ဈေးကွက်မှာတိုက်စစ်မှူးသစ်တစ်ဦးခေါ်ယူအားဖြည့်မှုပြုလုပ်သွားပါမယ်။

ဇာဗီးဟာဘာစီလိုနာနည်းပြရာထူးကိုရယူချင်လွန်းမှုကြောင့်အယ်ဆတ်နှင့်စာချုပ်ဖျက်သိမ်းနိုင်ရေးနစ်နာကြေးယူရို၅သန်းကိုယ်တိုင်ပေးခဲ့ကြောင်းသတင်းထွက်နေသူလည်းဖြစ်ပါတယ်။

ZawGyi

တစ္ႀကိမ္မွ်ေလ့က်င့္ေပးျခင္းမျပဳလုပ္ေသးဘဲ ကစားသမားတစ္ဦးကို ဖယ္ရွားဖို႔ စဥ္းစားထားၿပီးျဖစ္တဲ့ ဘာကာနည္းျပသစ္ဇာဗီး

ဘာစီလိုနာကယေန႔အေစာပိုင္းတုန္းကဇာဗီးက၂ႏွစ္ခြဲစာခ်ဳပ္ျဖင့္ဘာစီလိုနာနည္းျပသစ္အျဖစ္ခန႔္အပ္လိုက္ၿပီျဖစ္ေၾကာင္းေၾကညာခဲ့ပါတယ္။

ဇာဗီးဟာတနဂၤေႏြေန႔မွာဘာစီလိုနာသို႔ေရာက္လာမွာျဖစ္ၿပီးတနလၤာေန႔မွာစတင္ကာဘာစီလိုနာနည္းျပအျဖစ္စတင္တာဝန္ထမ္းေဆာင္သြားမွာျဖစ္ၿပီးသတင္းစာရွင္းလင္းပြဲလည္းျပဳလုပ္ပါမယ္။

ဇာဗီးဟာဘာစီလိုနာအသင္းကိုတစ္ႀကိမ္မွ်ေလ့က်င့္ေပးျခင္းမျပဳရေသးမီဘာစီလိုနာကစားသမားတစ္ဦးကိုလာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္အသင္းမွဖယ္ရွားဖို႔ဆုံးျဖတ္ထားၿပီးျဖစ္ေၾကာင္းသိရပါတယ္။

SPORT ရဲ႕ေဖာ္ျပခ်က္အရဇာဗီးဟာတိုက္စစ္မႉးလုခ္ဒီေဂ်ာင္ကိုဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္အသင္းေဟာင္းဆီဗီလာသို႔ျပန္ေစလႊတ္သြားမယ္လို႔သိရပါတယ္။

လုခ္ဒီေဂ်ာင္ဟာေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္ေနာက္ဆုံးရက္တြင္ဆီဗီလာမွဘာစီလိုနာသို႔တစ္ရာသီအငွားစာခ်ဳပ္ျဖင့္ေရာက္လာသူျဖစ္ပါတယ္။

လုခ္ဒီေဂ်ာင္ဟာေႏြရာသီတြင္ဘာစီလိုနာသို႔ေရာက္လာၿပီးေနာက္ၿပိဳင္ပြဲအရပ္ရပ္တြင္၉ပြဲကစားထားရာမွာ၁ဂိုးတည္းသာသြင္းထားႏိုင္ပါတယ္။

ဇာဗီးဟာလာမယ့္ေဆာင္းရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္မွာတိုက္စစ္မႉးသစ္တစ္ဦးေခၚယူအားျဖည့္မႈျပဳလုပ္သြားပါမယ္။

ဇာဗီးဟာဘာစီလိုနာနည္းျပရာထူးကိုရယူခ်င္လြန္းမႈေၾကာင့္အယ္ဆတ္ႏွင့္စာခ်ဳပ္ဖ်က္သိမ္းႏိုင္ေရးနစ္နာေၾကးယူ႐ို၅သန္းကိုယ္တိုင္ေပးခဲ့ေၾကာင္းသတင္းထြက္ေနသူလည္းျဖစ္ပါတယ္။