တစ်ခန်းတည်းနေ Love Island ပြိုင်ပွဲဝင်ကို ဗလက္ကာယပြုကျင့်ခဲ့တဲ့ ဝက်ဖို့ဒ်ကစားသမားဟောင်း

ဝက်ဖို့ဒ်ကစားသမားဟောင်းတစ်ဦးဟာဟိုတယ်တစ်ခန်းတည်းနေ သူ့ရဲ့ Love Island ပြိုင်ဝင်သူငယ်ချင်းရဲ့ချစ်သူအားဗလက္ကာယပြုကျင့်ခဲ့ကြောင်းတရားရုံးကြားနာမှုအရသိရပါတယ်။

အသက်၂၃နှစ်ရှိအက်ရှ်လေချားလ်ဟာလန်ဒန်ကလပ်များဖြစ်ကြတဲ့ Mahiki၊ Club Maddox နှင့် Lords London သို့သွားရောက်လည်ပတ်ခဲ့ပြီးတဲ့နောက် အမျိုးသမီးကိုဗလက္ကာယပြုကျင့်ခဲ့တာဖြစ်ပါတယ်။

သူဟာဘောလုံးသမားများဖြစ်ကြတဲ့မိုက်ကယ်ဖီးလစ်၊ Love Island စီးရီး၅တွင်ပါဝင်ခဲ့တဲ့ဒွန်နွန်လူးဝစ်၊ချားလ်တို့နဲ့အတူသူမရဲ့ဟိုတယ်အခန်းသို့ ပြန်လာခဲ့ကြပါတယ်။

Snaresbrook Crown Court တွင်ကြားနာမှုအရဖီးလစ်ဟာအမျိုးသမီးနှင့်အတူဆိုဖာတွင်ရှိနေပြီးလူးဝစ်ကသူမရဲ့သူငယ်ချင်းနဲ့အတူအိပ်ယာမှာရှိနေပါတယ်။ချားလ်ဟာယင်းအခန်းတွင်တွင်ပင်အိပ်စက်ခဲ့ပါတယ်။

ယင်းအမျိုးသမီးဟာဖီးလစ်နှင့်ချစ်တင်းနှောခဲ့ပါတယ်။နောက်တစ်နေ့တွင်ချားလ်ဟာယင်းအမျိုးသမီးရဲ့အပေါ်တွင်အိပ်နေတာတွေ့ခဲ့ရပါတယ်။

သူမဟာချားလ်ကိုသူမအပေါ်မှဖယ်ရန်အော်ပြောခဲ့ပြီး လူးဝစ်နှင့်သူမရဲ့သူငယ်ချင်းကိုနှိုးခဲ့ပါတယ်။ဖီးလစ်ဟာအထက်ပါအဖြစ်အပျက်နဲ့ပတ်သက်ပြီးအကြီးအကျယ်တုန်လှုပ်ခဲ့ပါတယ်။

ချားလ်ဟာလက်ရှိအချိန်တွင် Wealdstone FC တွင်ကစားနေသူဖြစ်ပါတယ်။

ZawGyi

တစ္ခန္းတည္းေန Love Island ၿပိဳင္ပြဲဝင္ကို ဗလကၠာယျပဳက်င့္ခဲ့တဲ့ ဝက္ဖို႔ဒ္ကစားသမားေဟာင္း

ဝက္ဖို႔ဒ္ကစားသမားေဟာင္းတစ္ဦးဟာဟိုတယ္တစ္ခန္းတည္းေန သူ႔ရဲ႕ Love Island ၿပိဳင္ဝင္သူငယ္ခ်င္းရဲ႕ခ်စ္သူအားဗလကၠာယျပဳက်င့္ခဲ့ေၾကာင္းတရား႐ုံးၾကားနာမႈအရသိရပါတယ္။

အသက္၂၃ႏွစ္ရွိအက္ရွ္ေလခ်ားလ္ဟာလန္ဒန္ကလပ္မ်ားျဖစ္ၾကတဲ့ Mahiki၊ Club Maddox ႏွင့္ Lords London သို႔သြားေရာက္လည္ပတ္ခဲ့ၿပီးတဲ့ေနာက္ အမ်ိဳးသမီးကိုဗလကၠာယျပဳက်င့္ခဲ့တာျဖစ္ပါတယ္။

သူဟာေဘာလုံးသမားမ်ားျဖစ္ၾကတဲ့မိုက္ကယ္ဖီးလစ္၊ Love Island စီးရီး၅တြင္ပါဝင္ခဲ့တဲ့ဒြန္ႏြန္လူးဝစ္၊ခ်ားလ္တို႔နဲ႔အတူသူမရဲ႕ဟိုတယ္အခန္းသို႔ ျပန္လာခဲ့ၾကပါတယ္။

Snaresbrook Crown Court တြင္ၾကားနာမႈအရဖီးလစ္ဟာအမ်ိဳးသမီးႏွင့္အတူဆိုဖာတြင္ရွိေနၿပီးလူးဝစ္ကသူမရဲ႕သူငယ္ခ်င္းနဲ႔အတူအိပ္ယာမွာရွိေနပါတယ္။ခ်ားလ္ဟာယင္းအခန္းတြင္တြင္ပင္အိပ္စက္ခဲ့ပါတယ္။

ယင္းအမ်ိဳးသမီးဟာဖီးလစ္ႏွင့္ခ်စ္တင္းေႏွာခဲ့ပါတယ္။ေနာက္တစ္ေန႔တြင္ခ်ားလ္ဟာယင္းအမ်ိဳးသမီးရဲ႕အေပၚတြင္အိပ္ေနတာေတြ႕ခဲ့ရပါတယ္။

သူမဟာခ်ားလ္ကိုသူမအေပၚမွဖယ္ရန္ေအာ္ေျပာခဲ့ၿပီး လူးဝစ္ႏွင့္သူမရဲ႕သူငယ္ခ်င္းကိုႏႈိးခဲ့ပါတယ္။ဖီးလစ္ဟာအထက္ပါအျဖစ္အပ်က္နဲ႔ပတ္သက္ၿပီးအႀကီးအက်ယ္တုန္လႈပ္ခဲ့ပါတယ္။

ခ်ားလ္ဟာလက္ရွိအခ်ိန္တြင္ Wealdstone FC တြင္ကစားေနသူျဖစ္ပါတယ္။