တစ်ခါတုန်းက ဥရောပရဲ့အကောင်းဆုံးကစားသမားလို့ ပြောခဲ့ဖူးတဲ့ တပည့်ဟောင်းကို ခေါ်ယူရေး မော်ရင်ဟို ကြိုးပမ်းမည်

ရိုးမားနည်းပြဟိုဆေးမော်ရင်ဟိုဟာလာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်မန်ယူနောက်တန်းအစွန်လူဒီအိုဂိုဒါလော့အားခေါ်ယူရန်ကြိုးပမ်းသွားမည်ဖြစ်ကြောင်းသိရပါတယ်။

အသက်၂၂နှစ်ရှိပေါ်တူဂီနောက်ခံလူဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကအေစီမီလန်သို့အငှားဖြင့်သွားရောက်ကစားစဉ်အတွင်းခြေစွမ်းပြနိုင်ခဲ့သူဖြစ်ပါတယ်။

မန်ယူနည်းပြဆိုးလ်ရှားဟာနွေရာသီတုန်းကအက်သလက်တီကိုမှအင်္ဂလန်ညာနောက်ခံလူထရစ်ပီယာအားမခေါ်ယူနိုင်ခဲ့မှုနဲ့အတူဒါလော့ကိုအသင်းတွင်ဆက်ထိန်းထားခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းကမီလန်အတွက်၃၃ပွဲအထိကစားခွင့်ရရှိခဲ့တဲ့အသက်၂၂နှစ်ရှိဒါလော့ဟာမန်ယူနှင့်၂၀၂၃ခုနှစ်အထိစာချုပ်ချုပ်ဆိုထားသူလည်းဖြစ်ပါတယ်။

သူဟာမန်ယူအသင်းမှာဝန်ဘစ်ဆာခါရဲ့အရန်အဖြစ်သာကစားနေရသူဖြစ်ပြီးဆရာဟောင်းမော်ရင်ဟိုရှိရာရိုးမားသို့ပြောင်းလိုနေပါတယ်။

မော်ရင်ဟိုဟာ၂၀၁၈ခုနှစ်တုန်းကမန်ယူကိုကိုင်တွယ်စဉ်တုန်းကဒါလော့ကိုပေါ်တိုမှပေါင်၁၉သန်းဖြင့်ခေါ်ယူခဲ့သူဖြစ်ပြီးထိုစဉ်တုန်းကဥရောပရဲ့အကောင်းဆုံးလူငယ်ညာနောက်ခံလူဖြစ်ကြောင်းချီးကျူးခဲ့ဖူးပါတယ်။

ZawGyi

တစ္ခါတုန္းက ဥေရာပရဲ႕အေကာင္းဆုံးကစားသမားလို႔ ေျပာခဲ့ဖူးတဲ့ တပည့္ေဟာင္းကို ေခၚယူေရး ေမာ္ရင္ဟို ႀကိဳးပမ္းမည္

႐ိုးမားနည္းျပဟိုေဆးေမာ္ရင္ဟိုဟာလာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္မန္ယူေနာက္တန္းအစြန္လူဒီအိုဂိုဒါေလာ့အားေခၚယူရန္ႀကိဳးပမ္းသြားမည္ျဖစ္ေၾကာင္းသိရပါတယ္။

အသက္၂၂ႏွစ္ရွိေပၚတူဂီေနာက္ခံလူဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကေအစီမီလန္သို႔အငွားျဖင့္သြားေရာက္ကစားစဥ္အတြင္းေျခစြမ္းျပႏိုင္ခဲ့သူျဖစ္ပါတယ္။

မန္ယူနည္းျပဆိုးလ္ရွားဟာေႏြရာသီတုန္းကအက္သလက္တီကိုမွအဂၤလန္ညာေနာက္ခံလူထရစ္ပီယာအားမေခၚယူႏိုင္ခဲ့မႈနဲ႔အတူဒါေလာ့ကိုအသင္းတြင္ဆက္ထိန္းထားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ရာသီတုန္းကမီလန္အတြက္၃၃ပြဲအထိကစားခြင့္ရရွိခဲ့တဲ့အသက္၂၂ႏွစ္ရွိဒါေလာ့ဟာမန္ယူႏွင့္၂၀၂၃ခုႏွစ္အထိစာခ်ဳပ္ခ်ဳပ္ဆိုထားသူလည္းျဖစ္ပါတယ္။

သူဟာမန္ယူအသင္းမွာဝန္ဘစ္ဆာခါရဲ႕အရန္အျဖစ္သာကစားေနရသူျဖစ္ၿပီးဆရာေဟာင္းေမာ္ရင္ဟိုရွိရာ႐ိုးမားသို႔ေျပာင္းလိုေနပါတယ္။

ေမာ္ရင္ဟိုဟာ၂၀၁၈ခုႏွစ္တုန္းကမန္ယူကိုကိုင္တြယ္စဥ္တုန္းကဒါေလာ့ကိုေပၚတိုမွေပါင္၁၉သန္းျဖင့္ေခၚယူခဲ့သူျဖစ္ၿပီးထိုစဥ္တုန္းကဥေရာပရဲ႕အေကာင္းဆုံးလူငယ္ညာေနာက္ခံလူျဖစ္ေၾကာင္းခ်ီးက်ဴးခဲ့ဖူးပါတယ္။