တစ်ခါတုန်းက ဂိုးသမားဘားသက်ဇ်ကို တောင်ပံမှာကစားခိုင်းခဲ့ဖူးတဲ့ ဆာအဲလက်စ်ဖာဂူဆန်

ဆာအဲလက်စ်ဖာဂူဆန်ဟာမန်ယူကိုကိုင်တွယ်ခဲ့တဲ့၂၆နှစ်တာကာလအတွင်းမှာအမှားတွေ၊အမှန်တွေအများကြီးလုပ်ဆောင်ခဲ့ဖူးပါတယ်။

ဒေါသအိုးစကော့တလန်နည်းပြဟာကစားသမားများကိုပြားပြားဝပ်အောင်အုပ်ချုပ်လေ့ရှိတဲ့သူဖြစ်တဲ့အပြင်သူပြောတဲ့အတိုင်းမလုပ်ရင်ဒေါသတကြီးအော်ဟစ်ဆူပူကြိမ်းမောင်းတတ်တဲ့သူအဖြစ်လည်းနာမည်ကြီးခဲ့တဲ့သူဖြစ်ပါတယ်။

ဒါပေမယ့်ဖာဂူဆန်ရဲ့နည်းပြဘဝမှာနည်းပြတစ်ဦးအနေဖြင့်ရူးကြောင်ကြောင်နိုင်တယ်လို့ယူဆရတာတစ်ခုပြုလုပ်ခဲ့ဖူးပါတယ်။

၂၀၀၁ခုနှစ်၊ဇူလိုင်လ၂၄ရက်နေ့တုန်းကကာလန်းမှာ စင်္ကာပူအသင်းနဲ့ကစားတဲ့ခြေစမ်းပွဲမှာဆာအဲလက်စ်ဖာဂူဆန်ဟာပရိသတ်၄၄၀၀၀ရဲ့ရှေ့မှောက်မှာဘယ်သူမှထင်မှတ်မထားတာတစ်ခုကိုလုပ်ပြခဲ့ပါတယ်။

ယင်းပွဲမှာမန်ယူကစင်္ကာပူကို၇-၁ဂိုးဖြင့်အနိုင်ရရှိနေခဲ့ပါတယ်။မန်ယူအတွက်ဂိုးများကိုဆိုးလ်ရှား(၂ဂိုး)၊ဒွိုက်ယော့ခ်(၂ဂိုး)၊ဖီးလ်နဗီးလ်၊ဒေးဗစ်ဘက်ဟမ်း၊နစ္စတယ်ရွိုင်းတို့ကသွင်းယူထားခဲ့ကြပါတယ်။ယင်းအချိန်မှာဆာအဲလက်စ်ဖာဂူဆန်ဟာဂိုးသမားဖေဘီယန်ဘားသက်ဇ်ကိုတောင်ပံမှာကစားပြီးအားလုံးအံ့ဩသင့်ရအောင်လုပ်ခဲ့ပါတယ်။

ပြင်သစ််ဂန္ထဝင်ဂိုးသမားဘားသက်ဇ်ကလည်းသူ့ကိုယ်သူ Outfield Player တစ်ဦးအနေနဲ့မြင်တဲ့သူပါ။သူကအသင်းရဲ့ကစားကွက်တည်ဆောက်ရာမှာပါဝင်လိုတဲ့သူတစ်ဦးပါ။

သူကိုယ်တိုင်က “ကျွန်တော့်ကိုဂိုးသမားတစ်ဦးလို့ခေါ်တာကမလုံလောက်ပါဘူး။ကျွန်တော်ကကစားသမားတစ်ဦးအနေနဲ့ပွဲတစ်ပွဲမှာပါဝင်နိုင်သမျှပါဝင်ရတာနှစ်သက်ပါတယ်”လို့ပြောဖူးပါတယ်။

ဖာဂူဆန်ဟာဘားသက်ဇ်ကိုအခွင့်အရေးပေးတဲ့အနေနဲ့ရုဒ်ဗင်နစ္စတယ်ရွိုင်းနဲ့လူစားလဲပြီးတောင်ပံမှာကစားခွင့်ပေးခဲ့ပါတယ်။

အဲဒီတုန်းကဘားသက်ဇ်ဟာကျောနံပါတ်၇ကိုဝတ်ဆင်ပြီးကွင်းထဲဝင်ရန်ပြင်ပြီးမှကျောနံပါတ်၁၄အင်္ကျီကိုလဲကာဝတ်ဆင်ခဲ့ပါတယ်။

ပြင်သစ်နှင့်အတူကမ္ဘာ့ဖလားဆွတ်ခူးခဲ့တဲ့ဘားသက်ဇ်ဟာကွင်းထဲရောက်လာပြီးချက်ချင်းဆိုသလိုဘဲစင်္ကာပူကစားသမားတစ်ဦးကိုလိမ်ခေါက်မှုပြုလုပ်ခဲ့ကာပရိသတ်များရဲ့လက်ခုပ်သံရရှိခဲ့ပါတယ်။ဒါ့အပြင်သူဟာပွဲပြီးတဲ့အထိအမှားအယွင်းမရှိအထင်ကြီးစရာကောင်းအောင်ကစားပြသွားခဲ့ပါတယ်။

ပွဲအပြီးမှာဖာဂူဆန်က “သူကကျွန်တော့်ကိုတောက်လျှောက်နားပူနားဆာလုပ်နေခဲ့တာပါ။သူဂိုးမသွင်းနိုင်ခဲ့တာကိုဘဲ ဘုရားသခင်ကိုကျေးဇူးတင်ရမယ်။နို့မို့ဆိုရင်ကျွန်တော်တို့အနေနဲ့သူ့ကိုနောက်ထပ်တိုက်စစ်မှာထားကစားရပါတော့မယ်။သူကဘောလုံးကောင်းကောင်းကျွမ်းတယ်။ဒါနဲ့ပတ်သက်ပြီးသံသယဝင်စရာမရှိပါဘူး။ဘာပဲဖြစ်ဖြစ်ဖေဘီယန်အတွက်အခုလိုကစားခွင့်ရတာပျော်စရာပါ”လို့ပြောကြားခဲ့ပါတယ်။

ဘားသက်ဇ်ဟာသုံးနှစ်အကြာမှာတော့မန်ယူတွင်ပွဲထွက်ဂိုးသမားနေရာပျောက်ဆုံးမှုနဲ့အတူမာဆေးလ်သို့ရောင်းချခြင်းခံခဲ့ရပါတယ်။

ZawGyi

တစ္ခါတုန္းက ဂိုးသမားဘားသက္ဇ္ကို ေတာင္ပံမွာကစားခိုင္းခဲ့ဖူးတဲ့ ဆာအဲလက္စ္ဖာဂူဆန္

ဆာအဲလက္စ္ဖာဂူဆန္ဟာမန္ယူကိုကိုင္တြယ္ခဲ့တဲ့၂၆ႏွစ္တာကာလအတြင္းမွာအမွားေတြ၊အမွန္ေတြအမ်ားႀကီးလုပ္ေဆာင္ခဲ့ဖူးပါတယ္။

ေဒါသအိုးစေကာ့တလန္နည္းျပဟာကစားသမားမ်ားကိုျပားျပားဝပ္ေအာင္အုပ္ခ်ဳပ္ေလ့ရွိတဲ့သူျဖစ္တဲ့အျပင္သူေျပာတဲ့အတိုင္းမလုပ္ရင္ေဒါသတႀကီးေအာ္ဟစ္ဆူပူႀကိမ္းေမာင္းတတ္တဲ့သူအျဖစ္လည္းနာမည္ႀကီးခဲ့တဲ့သူျဖစ္ပါတယ္။

ဒါေပမယ့္ဖာဂူဆန္ရဲ႕နည္းျပဘဝမွာနည္းျပတစ္ဦးအေနျဖင့္႐ူးေၾကာင္ေၾကာင္ႏိုင္တယ္လို႔ယူဆရတာတစ္ခုျပဳလုပ္ခဲ့ဖူးပါတယ္။

၂၀၀၁ခုႏွစ္၊ဇူလိုင္လ၂၄ရက္ေန႔တုန္းကကာလန္းမွာ စကၤာပူအသင္းနဲ႔ကစားတဲ့ေျခစမ္းပြဲမွာဆာအဲလက္စ္ဖာဂူဆန္ဟာပရိသတ္၄၄၀၀၀ရဲ႕ေရွ႕ေမွာက္မွာဘယ္သူမွထင္မွတ္မထားတာတစ္ခုကိုလုပ္ျပခဲ့ပါတယ္။

ယင္းပြဲမွာမန္ယူကစကၤာပူကို၇-၁ဂိုးျဖင့္အႏိုင္ရရွိေနခဲ့ပါတယ္။မန္ယူအတြက္ဂိုးမ်ားကိုဆိုးလ္ရွား(၂ဂိုး)၊ဒြိဳက္ေယာ့ခ္(၂ဂိုး)၊ဖီးလ္နဗီးလ္၊ေဒးဗစ္ဘက္ဟမ္း၊နစၥတယ္႐ြိဳင္းတို႔ကသြင္းယူထားခဲ့ၾကပါတယ္။ယင္းအခ်ိန္မွာဆာအဲလက္စ္ဖာဂူဆန္ဟာဂိုးသမားေဖဘီယန္ဘားသက္ဇ္ကိုေတာင္ပံမွာကစားၿပီးအားလုံးအံ့ဩသင့္ရေအာင္လုပ္ခဲ့ပါတယ္။

ျပင္သစ္္ဂႏၴဝင္ဂိုးသမားဘားသက္ဇ္ကလည္းသူ႔ကိုယ္သူ Outfield Player တစ္ဦးအေနနဲ႔ျမင္တဲ့သူပါ။သူကအသင္းရဲ႕ကစားကြက္တည္ေဆာက္ရာမွာပါဝင္လိုတဲ့သူတစ္ဦးပါ။

သူကိုယ္တိုင္က “ကြၽန္ေတာ့္ကိုဂိုးသမားတစ္ဦးလို႔ေခၚတာကမလုံေလာက္ပါဘူး။ကြၽန္ေတာ္ကကစားသမားတစ္ဦးအေနနဲ႔ပြဲတစ္ပြဲမွာပါဝင္ႏိုင္သမွ်ပါဝင္ရတာႏွစ္သက္ပါတယ္”လို႔ေျပာဖူးပါတယ္။

ဖာဂူဆန္ဟာဘားသက္ဇ္ကိုအခြင့္အေရးေပးတဲ့အေနနဲ႔႐ုဒ္ဗင္နစၥတယ္႐ြိဳင္းနဲ႔လူစားလဲၿပီးေတာင္ပံမွာကစားခြင့္ေပးခဲ့ပါတယ္။

အဲဒီတုန္းကဘားသက္ဇ္ဟာေက်ာနံပါတ္၇ကိုဝတ္ဆင္ၿပီးကြင္းထဲဝင္ရန္ျပင္ၿပီးမွေက်ာနံပါတ္၁၄အက်ႌကိုလဲကာဝတ္ဆင္ခဲ့ပါတယ္။

ျပင္သစ္ႏွင့္အတူကမာၻ႔ဖလားဆြတ္ခူးခဲ့တဲ့ဘားသက္ဇ္ဟာကြင္းထဲေရာက္လာၿပီးခ်က္ခ်င္းဆိုသလိုဘဲစကၤာပူကစားသမားတစ္ဦးကိုလိမ္ေခါက္မႈျပဳလုပ္ခဲ့ကာပရိသတ္မ်ားရဲ႕လက္ခုပ္သံရရွိခဲ့ပါတယ္။ဒါ့အျပင္သူဟာပြဲၿပီးတဲ့အထိအမွားအယြင္းမရွိအထင္ႀကီးစရာေကာင္းေအာင္ကစားျပသြားခဲ့ပါတယ္။

ပြဲအၿပီးမွာဖာဂူဆန္က “သူကကြၽန္ေတာ့္ကိုေတာက္ေလွ်ာက္နားပူနားဆာလုပ္ေနခဲ့တာပါ။သူဂိုးမသြင္းႏိုင္ခဲ့တာကိုဘဲ ဘုရားသခင္ကိုေက်းဇူးတင္ရမယ္။ႏို႔မို႔ဆိုရင္ကြၽန္ေတာ္တို႔အေနနဲ႔သူ႔ကိုေနာက္ထပ္တိုက္စစ္မွာထားကစားရပါေတာ့မယ္။သူကေဘာလုံးေကာင္းေကာင္းကြၽမ္းတယ္။ဒါနဲ႔ပတ္သက္ၿပီးသံသယဝင္စရာမရွိပါဘူး။ဘာပဲျဖစ္ျဖစ္ေဖဘီယန္အတြက္အခုလိုကစားခြင့္ရတာေပ်ာ္စရာပါ”လို႔ေျပာၾကားခဲ့ပါတယ္။

ဘားသက္ဇ္ဟာသုံးႏွစ္အၾကာမွာေတာ့မန္ယူတြင္ပြဲထြက္ဂိုးသမားေနရာေပ်ာက္ဆုံးမႈနဲ႔အတူမာေဆးလ္သို႔ေရာင္းခ်ျခင္းခံခဲ့ရပါတယ္။