တစ်ဂိုးအကွာဖြင့် ကမ္ဘာ့ဖလားအုပ်စုအဆင့်မှ လှည့်ပြန်ရပြီးနောက် မက္ကဆီကိုနည်းပြ ရာထူးမှထွက်ခွာ

မက္ကဆီကိုနည်းပြတာတာမာတီနိုဟာမက္ကဆီကိုအသင်းကို၁၆သင်းရှုံးထွက်အဆင့်သို့တက်ရောက်အောင်မစွမ်းဆောင်နိုင်ခဲ့ပြီးတဲ့နောက် စာချုပ်သက်တမ်းတိုးရေးမစဉ်းစားတော့ဘဲမက္ကဆီကိုနည်းပြရာထူးမှထွက်ခွာလိုက်ပြီဖြစ်ပါတယ်။

မက္ကဆီကိုဟာဆော်ဒီကို၂-၁ဂိုးဖြင့်အနိုင်ရရှိခဲ့ပေမဲ့လည်းဒုတိယနေရာမှပိုလန်နှင့်ဂိုးကွာခြားချက်ချက်တစ်ဂိုးဖြင့်တတိယနေရာမှာသာရပ်တည်ကာပြိုင်ပွဲမှထွက်ခွာခဲ့ရပါတယ်။

မက္ကဆီကိုအသင်းဟာကမ္ဘာ့ဖလားရှစ်ကြိမ်တွင်ပထမဆုံးအကြိမ်အဖြစ်ရှုံးထွက်အဆင့်သို့မတက်ရောက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒါကြောင့်လည်းအာဂျင်တီးနားလူမျိုးနည်းပြဟာမက္ကဆီကိုနှင့်စာချုပ်သက်တမ်းကုန်ဆုံးပြီးချိန်တွင်စာချုပ်သက်တမ်းတိုးရေးအတွက်မစဉ်းစားတော့ဘဲအုပ်စုအဆင့်မှထွက်ခွာခဲ့ရမှုအတွက်တာဝန်အပြည့်အဝယူတဲ့အနေဖြင့်ရာထူးမှထွက်ခွာလာပြီဖြစ်ပါတယ်။

တာတာမာတီနက်ဇ်က “အနာဂတ်နဲ့ပတ်သက်ပြီးကွဲကွဲပြားပြားစဉ်းစားစရာမရှိတော့ပါဘူး။ပွဲပြီးခရာမှုတ်မှုနဲ့အတူစာချုပ်သက်တမ်းလည်းကုန်ဆုံးသွားပါပြီ။ဘာမှလည်းလုပ်စရာမရှိတော့ပါဘူး။ကမ္ဘာ့ဖလားရှစ်ကြိမ်မှာဒါမျိုးမဖြစ်ပျက်ခဲ့ဖူးပါဘူး။ဒီကြီးကျယ်တဲ့ကျရှုံးမှုအတွက်ကျွန်တော်အပြည့်အဝတာဝန်ယူပါတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

တစ္ဂိုးအကြာျဖင့္ ကမာၻ႔ဖလားအုပ္စုအဆင့္မွ လွည့္ျပန္ရၿပီးေနာက္ မကၠဆီကိုနည္းျပ ရာထူးမွထြက္ခြာ

မကၠဆီကိုနည္းျပတာတာမာတီႏိုဟာမကၠဆီကိုအသင္းကို၁၆သင္းရႈံးထြက္အဆင့္သို႔တက္ေရာက္ေအာင္မစြမ္းေဆာင္ႏိုင္ခဲ့ၿပီးတဲ့ေနာက္ စာခ်ဳပ္သက္တမ္းတိုးေရးမစဥ္းစားေတာ့ဘဲမကၠဆီကိုနည္းျပရာထူးမွထြက္ခြာလိုက္ၿပီျဖစ္ပါတယ္။

မကၠဆီကိုဟာေဆာ္ဒီကို၂-၁ဂိုးျဖင့္အႏိုင္ရရွိခဲ့ေပမဲ့လည္းဒုတိယေနရာမွပိုလန္ႏွင့္ဂိုးကြာျခားခ်က္ခ်က္တစ္ဂိုးျဖင့္တတိယေနရာမွာသာရပ္တည္ကာၿပိဳင္ပြဲမွထြက္ခြာခဲ့ရပါတယ္။

မကၠဆီကိုအသင္းဟာကမာၻ႔ဖလားရွစ္ႀကိမ္တြင္ပထမဆုံးအႀကိမ္အျဖစ္ရႈံးထြက္အဆင့္သို႔မတက္ေရာက္ႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ဒါေၾကာင့္လည္းအာဂ်င္တီးနားလူမ်ိဳးနည္းျပဟာမကၠဆီကိုႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးၿပီးခ်ိန္တြင္စာခ်ဳပ္သက္တမ္းတိုးေရးအတြက္မစဥ္းစားေတာ့ဘဲအုပ္စုအဆင့္မွထြက္ခြာခဲ့ရမႈအတြက္တာဝန္အျပည့္အဝယူတဲ့အေနျဖင့္ရာထူးမွထြက္ခြာလာၿပီျဖစ္ပါတယ္။

တာတာမာတီနက္ဇ္က “အနာဂတ္နဲ႔ပတ္သက္ၿပီးကြဲကြဲျပားျပားစဥ္းစားစရာမရွိေတာ့ပါဘူး။ပြဲၿပီးခရာမႈတ္မႈနဲ႔အတူစာခ်ဳပ္သက္တမ္းလည္းကုန္ဆုံးသြားပါၿပီ။ဘာမွလည္းလုပ္စရာမရွိေတာ့ပါဘူး။ကမာၻ႔ဖလားရွစ္ႀကိမ္မွာဒါမ်ိဳးမျဖစ္ပ်က္ခဲ့ဖူးပါဘူး။ဒီႀကီးက်ယ္တဲ့က်ရႈံးမႈအတြက္ကြၽန္ေတာ္အျပည့္အဝတာဝန္ယူပါတယ္”လို႔ေျပာၾကားသြားပါတယ္။