တစ်စက်မှ အသုံးမကျပေမယ့် မန်ယူမှာ ဆိုးလ်ရှား ဘာကြောင့် သက်ဆိုးရှည်နေလဲ?

အိုလီဂန်းနားဆိုးလ်ရှားမှာမန်ချက်စတာယူနိုက်တက်တွင်အခြားနည်းပြများထက်သက်တမ်းကာရှည်စွာကိုင်တွယ်ခွင့်ရရှိနေခြင်းမှာကလပ်ရဲ့မွေးဖွားလာတဲ့ကလေးတစ်ဦးဖြစ်နေခြင်းကြောင့်လို့ ဒတ်ချ်ဂန္ထဝင်ကစားသမားဒါလေးဘိုင်းကပြောကြားလာပါတယ်။

အသက်၄၈နှစ်ရှိနော်ဝေလူမျိုးနည်းပြဟာ၂၀၁၈ခုနှစ်တွင် ထုတ်ပယ်ခြင်းခံခဲ့ရတဲ့ ဟိုဆေးမော်ရင်ဟိုနေရာတွင်အစားထိုးခန့်အပ်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။မန်ယူဟာ၂၀၁၈-၁၉ရာသီတွင်ရလဒ်ကောင်းရယူလာမှုနဲ့အတူဆိုးလ်ရှားကိုအမြဲတမ်းနည်းပြအဖြစ်ခန့်အပ်ခဲ့ပါတယ်။

ဆိုးလ်ရှားဟာပြီးခဲ့တဲ့ရာသီတုန်းကပရီးမီးယားလိဂ်တွင်ဒုတိယရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပေမယ့်ချန်ပီယံလိဂ်အုပ်စုအဆင့်မှစောစောစီးစီးထွက်ခဲ့ရကာယူရိုပါလိဂ်ဗိုလ်လုပွဲတွင်လည်းဗီလာရီးရဲလ်ကိုရှုံးနိမ့်ခဲ့ပါတယ်။

မန်ယူဟာနွေရာသီတုန်းကခရစ္စတီယာနိုရော်နယ်ဒို၊ဆန်ချိုနှင့်ဗာရိန်းတို့အားပေါင်သန်းတစ်ရာကျော်သုံးစွဲကာခေါ်ယူပေးထားမှုနဲ့အတူဆိုးလ်ရှားဟာယခုရာသီတွင်ဆုဖလားဆွတ်ခူးနိုင်ရေးဖိအားများကျရောက်နေပါတယ်။

ဒါပေမယ့်မန်ယူဟာယခုရာသီတွင်ခါရာဘောင်းဖလားတတိယအဆင့်မှထွက်ခွာထားရပြီးဖြစ်သလိုချန်ပီယံလိဂ်နှင့်ပရီးမီးယားလိဂ်တို့တွင်ရုန်းကန်နေရပါတယ်။

ဒါကြောင့်လည်းဆိုးလ်ရှားရဲ့အနာဂတ်မှာမေးခွန်းထုတ်စရာဖြစ်နေပါတယ်။မန်ယူကတော့ဆိုးလ်ရှားအပေါ်အပြည့်အဝထောက်ခံဆဲဖြစ်ကြောင်းဆိုထားပါတယ်။

မန်ယူနောက်ခံလူဟောင်းဒါလေးဘလိုင်းရဲ့ဖခင်ဘလိုင်းက “ဒီအသင်းရဲ့ကိုယ်ပိုင်လက္ခဏာကဘာလဲ။သူ့အစီအစဉ်ကရောဘာလဲ။ဒါတွေကဆိုးလ်ရှားမှာလုံးဝမရှိတဲ့အရာတွေပါ။သူတို့ကတိုက်စစ်ကိုအပြည့်အဝဘယ်တော့မှမဆင်ဘူး။ကျွန်တော်တို့ဘာမှလည်းမမြင်ရပါဘူး။မန်ယူအသင်းအခုရှိနေတာတွေကကစားသမားတွေရဲ့တစ်ဦးချင်း အရည်အသွေးကြောင့်ပါ။မန်ယူဟာကစားသမားတွေရဲ့တစ်ဦးချင်းအရည်အသွေးကြောင့်သာဒီရလဒ်ရနေတာပါ။အသင်းလိုက်ကစားမှုကြောင့်ရလဒ်တစ်ခုရနေတာမဟုတ်ပါဘူး။ပွဲတော်တော်များများမှာသူတို့ကစားပုံမကောင်းပါဘူး။ပြိုင်ဘက်ကိုလွှမ်းမိုးနိုင်ဖို့ရုန်းကန်ရတယ်။ဒါကအဓိကပြဿနာပါ။အဲဗာတန်နဲ့ပွဲမှာလည်းဦးဆောင်ဂိုးရပြီးတော့ပြိုင်ဘက်အသင်းတိုက်စစ်ဆင်ခံပြီးတန်ပြန်တိုက်စစ်ဆင်ပြီးဂိုးသွင်းဖို့စောင့်နေခဲ့တယ်။ဒါကမန်ချက်စတာလိုကလပ်မျိုးအတွက်လုံလောက်တဲ့ကောင်းမွန်မှုမဟုတ်ပါဘူး။အဲဗာတန်ကချေပဂိုးသွင်းလိုက်တော့ပွဲကိုအလှည့်အပြောင်းဖြစ်အောင် လုပ်ဖို့ခက်ခဲနေခဲ့တယ်။အခွင့်အရေးတွေမဖန်တီးနိုင်ဘူး။ယူနိုက်တက်မတိုင်မီတုန်းက ဆိုးလ်ရှားကိုထိပ်တန်းအဆင့်မှာအကြာကြီးရှိနေခဲဲ့တဲ့နည်းပြလို့ပြောလို့မရပါဘူး။သူဟာနော်ဝေမှာချန်ပီယံဖြစ်ခဲ့တယ်။ဒါပေမယ့်ကွဲပြားတဲ့အဆင့်တစ်ခုမှာရှိတဲ့လိဂ်မှာပါ။ အခြားနည်းပြတွေထက်မန်ယူမှာအချိန်ပိုရနေတာကလည်းသူကကလပ်ရဲ့ကလေးတစ်ယောက်မို့လို့ပါ။သူဟာ၁၉၉၉မှာဂန္ထဝင်ဂိုးသွင်းပြီးချန်ပီယံလိဂ်ဖလားရအောင်ကူညီခဲ့တယ်။ဒါပေမယ့်ဒါတွေကအခုအချိန်မှာဘာမှအသုံးမဝင်ပါဘူး”လို့ပြောကြားသွားပါတယ်။

မန်ယူဟာနောက်ဆုံးခြောက်ပွဲမှာနှစ်ပွဲတည်းသာနိုင်ပွဲရရှိထားပြီးအောက်တိုဘာလ ၁၆ရက်နေ့မှာ King Power သို့သွားရောက်ကာလက်စတာစီးတီးနှင့်ရင်ဆိုင်ကစားရပါမယ်။

ZawGyi

တစ္စက္မွ အသုံးမက်ေပမယ့္ မန္ယူမွာ ဆိုးလ္ရွား ဘာေၾကာင့္ သက္ဆိုးရွည္ေနလဲ?

အိုလီဂန္းနားဆိုးလ္ရွားမွာမန္ခ်က္စတာယူႏိုက္တက္တြင္အျခားနည္းျပမ်ားထက္သက္တမ္းကာရွည္စြာကိုင္တြယ္ခြင့္ရရွိေနျခင္းမွာကလပ္ရဲ႕ေမြးဖြားလာတဲ့ကေလးတစ္ဦးျဖစ္ေနျခင္းေၾကာင့္လို႔ ဒတ္ခ်္ဂႏၴဝင္ကစားသမားဒါေလးဘိုင္းကေျပာၾကားလာပါတယ္။

အသက္၄၈ႏွစ္ရွိေနာ္ေဝလူမ်ိဳးနည္းျပဟာ၂၀၁၈ခုႏွစ္တြင္ ထုတ္ပယ္ျခင္းခံခဲ့ရတဲ့ ဟိုေဆးေမာ္ရင္ဟိုေနရာတြင္အစားထိုးခန႔္အပ္ျခင္းခံခဲ့ရသူျဖစ္ပါတယ္။မန္ယူဟာ၂၀၁၈-၁၉ရာသီတြင္ရလဒ္ေကာင္းရယူလာမႈနဲ႔အတူဆိုးလ္ရွားကိုအၿမဲတမ္းနည္းျပအျဖစ္ခန႔္အပ္ခဲ့ပါတယ္။

ဆိုးလ္ရွားဟာၿပီးခဲ့တဲ့ရာသီတုန္းကပရီးမီးယားလိဂ္တြင္ဒုတိယရရွိေအာင္စြမ္းေဆာင္ႏိုင္ခဲ့ေပမယ့္ခ်န္ပီယံလိဂ္အုပ္စုအဆင့္မွေစာေစာစီးစီးထြက္ခဲ့ရကာယူ႐ိုပါလိဂ္ဗိုလ္လုပြဲတြင္လည္းဗီလာရီးရဲလ္ကိုရႈံးနိမ့္ခဲ့ပါတယ္။

မန္ယူဟာေႏြရာသီတုန္းကခရစၥတီယာႏိုေရာ္နယ္ဒို၊ဆန္ခ်ိဳႏွင့္ဗာရိန္းတို႔အားေပါင္သန္းတစ္ရာေက်ာ္သုံးစြဲကာေခၚယူေပးထားမႈနဲ႔အတူဆိုးလ္ရွားဟာယခုရာသီတြင္ဆုဖလားဆြတ္ခူးႏိုင္ေရးဖိအားမ်ားက်ေရာက္ေနပါတယ္။

ဒါေပမယ့္မန္ယူဟာယခုရာသီတြင္ခါရာေဘာင္းဖလားတတိယအဆင့္မွထြက္ခြာထားရၿပီးျဖစ္သလိုခ်န္ပီယံလိဂ္ႏွင့္ပရီးမီးယားလိဂ္တို႔တြင္႐ုန္းကန္ေနရပါတယ္။

ဒါေၾကာင့္လည္းဆိုးလ္ရွားရဲ႕အနာဂတ္မွာေမးခြန္းထုတ္စရာျဖစ္ေနပါတယ္။မန္ယူကေတာ့ဆိုးလ္ရွားအေပၚအျပည့္အဝေထာက္ခံဆဲျဖစ္ေၾကာင္းဆိုထားပါတယ္။

မန္ယူေနာက္ခံလူေဟာင္းဒါေလးဘလိုင္းရဲ႕ဖခင္ဘလိုင္းက “ဒီအသင္းရဲ႕ကိုယ္ပိုင္လကၡဏာကဘာလဲ။သူ႔အစီအစဥ္ကေရာဘာလဲ။ဒါေတြကဆိုးလ္ရွားမွာလုံးဝမရွိတဲ့အရာေတြပါ။သူတို႔ကတိုက္စစ္ကိုအျပည့္အဝဘယ္ေတာ့မွမဆင္ဘူး။ကြၽန္ေတာ္တို႔ဘာမွလည္းမျမင္ရပါဘူး။မန္ယူအသင္းအခုရွိေနတာေတြကကစားသမားေတြရဲ႕တစ္ဦးခ်င္း အရည္အေသြးေၾကာင့္ပါ။မန္ယူဟာကစားသမားေတြရဲ႕တစ္ဦးခ်င္းအရည္အေသြးေၾကာင့္သာဒီရလဒ္ရေနတာပါ။အသင္းလိုက္ကစားမႈေၾကာင့္ရလဒ္တစ္ခုရေနတာမဟုတ္ပါဘူး။ပြဲေတာ္ေတာ္မ်ားမ်ားမွာသူတို႔ကစားပုံမေကာင္းပါဘူး။ၿပိဳင္ဘက္ကိုလႊမ္းမိုးႏိုင္ဖို႔႐ုန္းကန္ရတယ္။ဒါကအဓိကျပႆနာပါ။အဲဗာတန္နဲ႔ပြဲမွာလည္းဦးေဆာင္ဂိုးရၿပီးေတာ့ၿပိဳင္ဘက္အသင္းတိုက္စစ္ဆင္ခံၿပီးတန္ျပန္တိုက္စစ္ဆင္ၿပီးဂိုးသြင္းဖို႔ေစာင့္ေနခဲ့တယ္။ဒါကမန္ခ်က္စတာလိုကလပ္မ်ိဳးအတြက္လုံေလာက္တဲ့ေကာင္းမြန္မႈမဟုတ္ပါဘူး။အဲဗာတန္ကေခ်ပဂိုးသြင္းလိုက္ေတာ့ပြဲကိုအလွည့္အေျပာင္းျဖစ္ေအာင္ လုပ္ဖို႔ခက္ခဲေနခဲ့တယ္။အခြင့္အေရးေတြမဖန္တီးႏိုင္ဘူး။ယူႏိုက္တက္မတိုင္မီတုန္းက ဆိုးလ္ရွားကိုထိပ္တန္းအဆင့္မွာအၾကာႀကီးရွိေနခဲဲ့တဲ့နည္းျပလို႔ေျပာလို႔မရပါဘူး။သူဟာေနာ္ေဝမွာခ်န္ပီယံျဖစ္ခဲ့တယ္။ဒါေပမယ့္ကြဲျပားတဲ့အဆင့္တစ္ခုမွာရွိတဲ့လိဂ္မွာပါ။ အျခားနည္းျပေတြထက္မန္ယူမွာအခ်ိန္ပိုရေနတာကလည္းသူကကလပ္ရဲ႕ကေလးတစ္ေယာက္မို႔လို႔ပါ။သူဟာ၁၉၉၉မွာဂႏၴဝင္ဂိုးသြင္းၿပီးခ်န္ပီယံလိဂ္ဖလားရေအာင္ကူညီခဲ့တယ္။ဒါေပမယ့္ဒါေတြကအခုအခ်ိန္မွာဘာမွအသုံးမဝင္ပါဘူး”လို႔ေျပာၾကားသြားပါတယ္။

မန္ယူဟာေနာက္ဆုံးေျခာက္ပြဲမွာႏွစ္ပြဲတည္းသာႏိုင္ပြဲရရွိထားၿပီးေအာက္တိုဘာလ ၁၆ရက္ေန႔မွာ King Power သို႔သြားေရာက္ကာလက္စတာစီးတီးႏွင့္ရင္ဆိုင္ကစားရပါမယ္။