တစ်စစီဖြစ်အောင် ရက်ရက်စက်စက်ချေမှုန်းပြီးမှ သူငယ်ချင်းအတွက် စိတ်မကောင်းဖြစ်နေတဲ့ တူချယ်

သောမတ်စ်တူချယ်ကနော့ဝှစ်ချ်အား၇-၀ဂိုးဖြင့်ပြတ်ပြတ်သားသားအနိုင်ယူပြီးနောက်နော့ဝှစ်ချ်နည်းပြဒါနီရယ်ဖာကီအတွက်စိတ်မကောင်းဖြစ်ရကြောင်းဖွင့်ဟပြောကြားလိုက်ပါတယ်။

ချဲလ်ဆီးဟာမနေ့ညတုန်းကစတမ်းဖို့ဒ်ဘရစ်ချ်ကွင်းတွင်နော့ဝှစ်ချ်ကို၇-၀ဂိုးဖြင့်အနိုင်ယူကာပရီးမီးယားလိဂ်အမှတ်ပေးဇယားနေရာတွင်ဆက်လက်ရပ်တည်ခဲ့ပါတယ်။

ချဲလ်ဆီးဟာပထမပိုင်းတွင်မေဆင်မောင့်၊ဟတ်ဆင်အိုဒွိုင်း၊ရီစီဂျိမ်းစ်တို့သွင်းယူတဲ့ဂိုးများဖြင့်၃-၀ဂိုးဖြင့်ဦးဆောင်နေခဲ့ပြီးဒုတိယပိုင်းတွင်ဘင်ချဲလ်ဝဲလ်၊အေရွန်ရဲ့ Own Goal ၊မေဆင်မောင့်ရဲ့သွင်းဂိုး၂ဂိုးတို့ကြောင့်၇-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

တူချယ်ဟာဒေါ့မွန်အသင်းတွင်ဖာကီနှင့်အတူအလုပ်တွဲလုပ်ခဲ့ဖူးသူဖြစ်ပါတယ်။သူဟာ၇-၀ဂိုးဖြင့်အနိုင်ရရှိပြီးနောက်သူငယ်ချင်းဟောင်းဖာကီအတွက်စိတ်မကောင်းဖြစ်နေပါတယ်။

တူချယ်က “ကျွန်တော်တို့အချိန်ပြည့်အာရုံစိုက်ခဲ့ကြတယ်။အခွင့်အရေးတွေလည်းဖန်တီးခဲ့ကြတယ်။ဒါကကျွန်တော်တို့တောင်းဆိုတဲ့အရာပါ။ဂိုးသွင်းနိုင်ဖို့ကံကောင်းဖို့လည်းလိုပါတယ်။အချိန်ကာလလည်းလိုပါတယ်။ရမ်သမ်အရမ်းမြင့်မှု၊စိတ်ဆန္ဒအရမ်းမြင့်မားမှုအတွက်ပျော်ပါတယ်။ကျွန်တော်တို့မရပ်တန့်ချင်တဲ့အတွက်စိတ်မကောင်းဖြစ်ရတယ်။ကျွန်တော်တို့မရပ်တန့်ချင်ခဲ့ကြပါဘူး။ပထမပိုင်းအပြီးမှာဒီအတိုင်းသွားချင်တယ်လို့ပြောခဲ့တယ်။ဒါနီရယ်အတွက်တော့စိတ်မကောင်းဖြစ်ရပါတယ်။သူဆက်ပြီးတော့ခေါင်းမော့ရင်ကော့ပြီးသူ့အသင်းကိုလမ်းမှန်ပေါ်သို့ပို့နိုင်စေဖို့မျှော်လင့်ပါတယ်။သူကလူတော်တစ်ယောက်ပါ”လို့ပြောကြားသွားပါတယ်။

ချဲလ်ဆီးဟာစက်တင်ဘာလတုန်းကမန်စီးတီးကိုရှုံးနိမ့်ပြီးနောက်ပရီးမီးယားလိဂ်သုံးပွဲဆက်အနိုင်ရရှိထားပါတယ်။၎င်းတို့ဟာအင်္ဂါနေ့မှာခါရာဘောင်းဖလားပွဲစဉ်အဖြစ်ဆောက်သမ်တန်နှင့်ရင်ဆိုင်ရပါမယ်။သောမတ်စ်တူချယ်ကကစားသမားများအနေဖြင့်အသင်းရဲ့စိတ်ဓာတ်နှင့်ခြေစွမ်းကိုဆက်လက်ထိန်းသွားကြရန်တိုက်တွန်းထားပါတယ်။

ZawGyi

တစ္စစီျဖစ္ေအာင္ ရက္ရက္စက္စက္ေခ်မႈန္းၿပီးမွ သူငယ္ခ်င္းအတြက္ စိတ္မေကာင္းျဖစ္ေနတဲ့ တူခ်ယ္

ေသာမတ္စ္တူခ်ယ္ကေနာ့ဝွစ္ခ်္အား၇-၀ဂိုးျဖင့္ျပတ္ျပတ္သားသားအႏိုင္ယူၿပီးေနာက္ေနာ့ဝွစ္ခ်္နည္းျပဒါနီရယ္ဖာကီအတြက္စိတ္မေကာင္းျဖစ္ရေၾကာင္းဖြင့္ဟေျပာၾကားလိုက္ပါတယ္။

ခ်ဲလ္ဆီးဟာမေန႔ညတုန္းကစတမ္းဖို႔ဒ္ဘရစ္ခ်္ကြင္းတြင္ေနာ့ဝွစ္ခ်္ကို၇-၀ဂိုးျဖင့္အႏိုင္ယူကာပရီးမီးယားလိဂ္အမွတ္ေပးဇယားေနရာတြင္ဆက္လက္ရပ္တည္ခဲ့ပါတယ္။

ခ်ဲလ္ဆီးဟာပထမပိုင္းတြင္ေမဆင္ေမာင့္၊ဟတ္ဆင္အိုဒြိဳင္း၊ရီစီဂ်ိမ္းစ္တို႔သြင္းယူတဲ့ဂိုးမ်ားျဖင့္၃-၀ဂိုးျဖင့္ဦးေဆာင္ေနခဲ့ၿပီးဒုတိယပိုင္းတြင္ဘင္ခ်ဲလ္ဝဲလ္၊ေအ႐ြန္ရဲ႕ Own Goal ၊ေမဆင္ေမာင့္ရဲ႕သြင္းဂိုး၂ဂိုးတို႔ေၾကာင့္၇-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။

တူခ်ယ္ဟာေဒါ့မြန္အသင္းတြင္ဖာကီႏွင့္အတူအလုပ္တြဲလုပ္ခဲ့ဖူးသူျဖစ္ပါတယ္။သူဟာ၇-၀ဂိုးျဖင့္အႏိုင္ရရွိၿပီးေနာက္သူငယ္ခ်င္းေဟာင္းဖာကီအတြက္စိတ္မေကာင္းျဖစ္ေနပါတယ္။

တူခ်ယ္က “ကြၽန္ေတာ္တို႔အခ်ိန္ျပည့္အာ႐ုံစိုက္ခဲ့ၾကတယ္။အခြင့္အေရးေတြလည္းဖန္တီးခဲ့ၾကတယ္။ဒါကကြၽန္ေတာ္တို႔ေတာင္းဆိုတဲ့အရာပါ။ဂိုးသြင္းႏိုင္ဖို႔ကံေကာင္းဖို႔လည္းလိုပါတယ္။အခ်ိန္ကာလလည္းလိုပါတယ္။ရမ္သမ္အရမ္းျမင့္မႈ၊စိတ္ဆႏၵအရမ္းျမင့္မားမႈအတြက္ေပ်ာ္ပါတယ္။ကြၽန္ေတာ္တို႔မရပ္တန႔္ခ်င္တဲ့အတြက္စိတ္မေကာင္းျဖစ္ရတယ္။ကြၽန္ေတာ္တို႔မရပ္တန႔္ခ်င္ခဲ့ၾကပါဘူး။ပထမပိုင္းအၿပီးမွာဒီအတိုင္းသြားခ်င္တယ္လို႔ေျပာခဲ့တယ္။ဒါနီရယ္အတြက္ေတာ့စိတ္မေကာင္းျဖစ္ရပါတယ္။သူဆက္ၿပီးေတာ့ေခါင္းေမာ့ရင္ေကာ့ၿပီးသူ႔အသင္းကိုလမ္းမွန္ေပၚသို႔ပို႔ႏိုင္ေစဖို႔ေမွ်ာ္လင့္ပါတယ္။သူကလူေတာ္တစ္ေယာက္ပါ”လို႔ေျပာၾကားသြားပါတယ္။

ခ်ဲလ္ဆီးဟာစက္တင္ဘာလတုန္းကမန္စီးတီးကိုရႈံးနိမ့္ၿပီးေနာက္ပရီးမီးယားလိဂ္သုံးပြဲဆက္အႏိုင္ရရွိထားပါတယ္။၎တို႔ဟာအဂၤါေန႔မွာခါရာေဘာင္းဖလားပြဲစဥ္အျဖစ္ေဆာက္သမ္တန္ႏွင့္ရင္ဆိုင္ရပါမယ္။ေသာမတ္စ္တူခ်ယ္ကကစားသမားမ်ားအေနျဖင့္အသင္းရဲ႕စိတ္ဓာတ္ႏွင့္ေျခစြမ္းကိုဆက္လက္ထိန္းသြားၾကရန္တိုက္တြန္းထားပါတယ္။