
လိုင်လီနှင့်ဗလင်စီယာနောက်ခံလူဟောင်းအဒဲလ်ရာမီနှင့်ပလေးဘွိုင်းမော်ဒယ်ဟောင်းပါမီလာအင်ဒါဆင်နှင့်တစ်ညလျှင်၁၂ကြိမ်အထိအတူနေကြောင်းသိရပါတယ်။
ရာမီဟာလက်ရှိအချိန်တွင်လီဂူး၁ကလပ်ထရိုယက်စ်တွင်ကစားနေသူဖြစ်ပြီး ချစ်သူဟောင်းဆီဒိုနီဘီမွန့်နှင့်အမြွှာကလေးနှစ်ဦးမွေးဖွားပြီးနောက်၂၀၁၇ခုနှစ်တွင်ရွှေအိုရောင်ဆံပင်ပိုင်ရှင်အင်ဒါဆင်နှင့်တွဲခဲ့တာလည်းဖြစ်ပါတယ်။
အသက်၃၆နှစ်ရှိပြင်သစ်ဗဟိုနောက်ခံလူနှင့်အင်ဒါဆင်တို့ဟာ၂၀၁၇ခုနှစ်မှ၂၀၁၉ခုနှစ်အထိတွဲခဲ့ပြီးလမ်းခွဲခဲ့ကြပါတယ်။
အင်ဒါဆင်ကရာမီကိုသူမရဲ့နောက်ကွယ်မှာဖောက်ပြန်တယ်ဆိုပြီးစွပ်စွဲကာလမ်းခွဲခဲ့ကြတာလည်းဖြစ်ပါတယ်။
ဒါပေမဲ့၎င်းတို့အတူနေချိန်ကာလအတွင်းမှာ ရာမီဟာအသက်၅၄နှစ်ရှိကနေဒါ-အမေရိကန်မော်ဒယ်နှင့်အကြီးအကျယ်ပျော်ပါးခဲ့ပါတယ်။
ကိုကိုရန်က “ရာမီကပါမီလာအင်ဒါဆင်နဲ့ပတ်သက်ပြီးစိတ်ဝင်စားဖို့ကောင်းတာတွေအများကြီးပြောပြပါတယ်။လူတိုင်းကသူတို့ရဲ့အိပ်ယာထဲကအကြောင်းကိုစိတ်ဝင်စားကြပါတယ်။ရာမီကအင်ဒါဆင်ကသူကြုံဖူးသမျှအမျိုးသမီးတွေထဲမှာအကောင်းဆုံးအမျိုးသမီးလို့ပြောပါတယ်။တစ်ညကို သူနဲ့အင်ဒါဆင်၁၂ကြိမ်အထိတောင်အတူနေတယ်လို့ပြောပါတယ်”လို့ ယူကရိန်းလက်ရွေးစင်ဟောင်းအိုလက်ဇန္ဒားအလီယီကို YouTubeကနေပြောကြားသွားပါတယ်။
ရာမီဟာဖီနာဘာချီမှထွက်ခွာပြီးနောက်၂၀၂၀ခုနှစ်ဖေဖော်ဝါရီလတုန်းက ဆိုချီသို့ပြောင်းခဲ့ပေမဲ့ ကိုဗစ်ကမ္ဘာ့ကပ်ရောဂါကြောင့်လိဂ်ပြိုင်ပွဲကိုရွှေ့ဆိုင်းခဲ့ရမှုနဲ့အတူတစ်ပွဲမျှမကစားခဲ့ရပါဘူး။သူဟာ၂၀၂၀ခုနှစ်မေလမှာဆိုချီနှင့်စာချုပ်ဖျက်သိမ်းခဲ့ပါတယ်။
ရာမီဟာပေါ်တူဂီကလပ်ဘိုအာဗစ်စတာမှာတစ်ရာသီကစားပြီးနောက်ပြီးခဲ့တဲ့နှစ်ဩဂုတ်လကတည်းကလီဂူး၁ကလပ်ထရိုယက်စ်တွင်ကစားလာခဲ့ပါတယ်။
ZawGyi
တစ်ညလျှင် ၁၂ ချီအထိ ပွဲကြမ်းတဲ့ ရာမီနှင့် မင်းသမီးပါမီလာအင်ဒါဆင်
ရာမီဟာလက်ရှိအချိန်တွင်လီဂူး၁ကလပ်ထရိုယက်စ်တွင်ကစားနေသူဖြစ်ပြီး ချစ်သူဟောင်းဆီဒိုနီဘီမွန့်နှင့်အမြွှကလေးနှစ်ဦးမွေးဖွားပြီးနောက်၂၀၁၇ခုနှစ်တွင်ရွှေအိုရောင်ဆံပင်ပိုင်ရှင်အင်ဒါဆင်နှင့်တွဲခဲ့တာလည်းဖြစ်ပါတယ်။