တစ်နာရီ မိုင်၁၂၀နှုန်းဖြင့်ကားအမြန်မောင်းမှုကြောင့် ရီယက်မရာ့ဇ် ယာဉ်မောင်းခွင့်ပိတ်ပင်ခံရ

မန်စီးတီးစတားရီယက်မရာ့ဇ်ဟာအမြန်လမ်းမပေါ်တွင်တစ်နာရီမိုင်၁၂၀နှုန်းဖြင့်ကားအမြန်မောင်းမှုကြောင့်ယာဉ်မောင်းခွင့်ပိတ်ပင်ခြင်းခံခဲ့ရပါတယ်။အသက်၃၀နှစ်ရှိမန်စီးတီးတောင်ပံတိုက်စစ်သမားဟာM6 လမ်းမပေါ်တွင်အမြန်မောင်းခဲ့တာဖြစ်ပါတယ်။

သူဟာအထက်ပါဖြစ်ရပ်ကြောင့်ပေါင်၂၅၀၀ဒဏ်ရိုက်ခြင်းခံခဲ့ရတဲ့အပြင်၅၆ရက်ကြာကားမောင်းခွင့်ပိတ်ပင်ခြင်းခံခဲ့ရပါတယ်။

သူဟာတစ်နာရီလျှင်၁၈၉မိုင်နှုန်းဖြင့်မောင်းနှင်နိုင်တဲ့ ပေါင်၁သိန်းတန် Audi RS6 ဖြင့် M6 လမ်းမတွင်အမြန်မောင်းနှင်ခဲ့တာလည်းဖြစ်ပါတယ်။

၂၀၁၈ခုနှစ်တွင်လက်စတာမှမန်စီးတီးသို့ပေါင်သန်း၆၀ဖြင့်ပြောင်းလာခဲ့တဲ့မရာ့ဇ်ဟာဒုတိယအကြိမ်မြောက်ယာဉ်စည်းကမ်းချိုးဖောက်ခဲ့တာလည်းဖြစ်ပါတယ်။

သူဟာ၂၀၁၆ခုနှစ်တုန်းကလက်စတာတွင်ကစားစဉ်တုန်းကတစ်နာရီလျှင်မိုင်၅၀နှုန်းဖြင့်သာမောင်းနှင်ဖို့သတ်မှတ်ထားတဲ့ဇုန်တွင်၇၇မိုင်နှုန်းဖြင့်မောင်းနှင်မှုကြောင့်ယာဉ်မောင်းခွင့်ပိတ်ပင်ခြင်းခံခဲ့ရဖူးပါတယ်။

ZawGyi





