တစ်နာရီ ၃၂.၅ ကီလိုမီတာမြန်နှုန်းဖြင့် ပြေးကာ ဂိုးသွင်းပြီး စူပါလူသားဖြစ်နေဆဲလို့ ပြသခဲ့တဲ့ ခရစ္စတီယာနိုရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာစနေနေ့တုန်းကနယူးကာဆယ်နှင့်ပွဲစဉ်မှာထိပ်တန်းမြန်နှုန်း တစ်နာရီလျှင်၃၂.၅ကီလိုမီတာမြန်နှုန်းဖြင့်ပြေးလွှားဂိုးသွင်းကာဂိုးသွင်းပြီးစူပါလူသားဖြစ်နေဆဲဖြစ်ကြောင်းပြသခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာစနေနေ့တုန်းကနယူးကာဆယ်အား၄-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်မှာမန်ယူအတွက်ဒုတိယမြောက်ပထမဆုံးပွဲကိုကစားခဲ့ပြီးနှစ်ဂိုးသွင်းယူခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာမန်ယူအတွက်ဦးဆောင်ဂိုးကိုပထမပိုင်းပြီးခါနီးမှာဂရင်းဝုဒ်ရဲ့ကန်ချက်ပြန်အံထွက်လာမှုကနေပိတ်သွင်းယူခဲ့တာဖြစ်ပါတယ်။

ဒုတိယဂိုးသွင်းယူချိန်မှာတော့ခရစ္စတီယာနိုရော်နယ်ဒိုဟာအသက်၃၆နှစ်ရှိအရွယ်ရှိပြီဖြစ်ပေမယ့်သူဘယ်လောက်အထိပြေးနှုန်းမြန်ဆန်တယ်ဆိုတာပြသခဲ့ပါတယ်။

ပေါ်တူဂီစူပါစတားဟာလုခ်ရှောရဲ့ပြေးလမ်းကြောင်းပေါ်ချပေးမှုကနေနယူးကာဆယ်ဂိုးသမားဖရက်ဒီဝုဒ်မန်းရဲ့ပေါင်ကြားအောက်ကနေသွင်းယူခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာဂျာဗီးယားမာကွီလိုနှင့်အိုင်ဆစ်ဟေဒန်တို့ထိန်းချုပ်နေတဲ့ကြားမှမြင့်မားတဲ့မြန်နှုန်းဖြင့်ပြေးလွှားပြီးသွင်းယူခဲ့တာဖြစ်ပါတယ်။

ဘီဘီစီရဲ့ဖော်ပြချက်အရခရစ္စတီယာနိုရော်နယ်ဒိုဟာဒုတိယဂိုးမသွင်းယူမီတစ်နာရီလျှင်၃.၂၅ကီလိုမီတာနှုန်း(တစ်နာရီလျှင်၂၀.၂မိုင်နှုန်း)ပြေးလွှားခဲ့ကြောင်းဖော်ပြသွားပါတယ်။

အသက်၃၆နှစ်အရွယ်ရှိလူတစ်ဦးရဲ့ယင်းပြေးလွှားနှုန်းကမြန်နှုန်းကအလွန်မြင့်မားတဲ့မြန်နှုန်းဖြစ်ပါတယ်။

ZawGyi



ခရစ္စတီယာနိုရော်နယ်ဒိုဟာစနေနေ့တုန်းကနယူးကာဆယ်အား၎-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်မှာမန်ယူအတွက်ဒုတိယမြောက်ပထမဆုံးပွဲကိုကစားခဲ့ပြီးနှစ်ဂိုးသွင်းယူခဲ့ပါတယ်။





