တစ်နေ့တွင် ယူနိုက်တက်နည်းပြဖြစ်လာရေး ရည်မှန်းချက်ဖြင့် အဲရစ်တန်ဟက်ထံမှ ပညာရယူနေတဲ့ ဝိန်းရွန်းနီ

ဝိန်းရွန်းနီဟာမန်ချက်စတာယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ထံမှနည်းပြပညာလေ့လာသင်ယူမှုများပြုလုပ်နေပါတယ်။

အင်္ဂလန်နှင့်ယူနိုက်တက်ဂန္ထဝင်တိုက်စစ်မှူးဟာပြီးခဲ့တဲ့ရက်သတ္တပတ်များတွင်ယူနိုက်တက်ရဲ့ကာရင်တန်လေ့ကျင့်ရေးကွင်းသို့သွားရောက်လာခဲ့သူလည်းဖြစ်ပါတယ်။ အချို့ရက်များတွင်သူဟာယူနိုက်တက် Tracksuit ဝတ်ဆင်ထားတာတွေ့ရပါတယ်။

ဒီစီယူနိုက်တက်နည်းပြဟာအမေရိကန်မေဂျာလိဂ်ရာသီအကုန်တွင် ဗြိတိန်သို့ရောက်လာကာအနားယူနေရတာဖြစ်ပါတယ်။သူဟာကာရင်တန်လေ့ကျင့်ရေးကွင်းသို့သွားရောက်ကာ ယူနိုက်တက်အကယ်ဒမီတွင်လေ့ကျင့်နေတဲ့ အသက်၁၂နှစ်ရှိကိုင်နှင့်အသက်၉နှစ်ရှိခလေးတို့ကိုလေ့လာခဲ့ပါတယ်။

ဒါ့အပြင်သူဟာကာရင်တန်လေ့ကျင့်ရေးကွင်းသို့ရောက်နေစဉ်အတွင်း အဲရစ်တန်ဟက်နှင့်နည်းပြအဖွဲ့ဝင်များရဲ့လုပ်ဆောင်မှုများကိုလေ့လာမှုပြုလုပ်နေပါတယ်။ဝိန်းရွန်းနီရဲ့အဲရစ်တန်ဟက်ရဲ့လုပ်ဆောင်မှုများအပေါ်တွင်အလွန်အထင်ကြီးနေကြောင်းလည်းတွေ့ရပါတယ်။

အထူးသဖြင့်ဝိန်းရွန်းနီဟာအဲရစ်တန်ဟက်ရဲ့ စိတ်တစ်မျိုးတည်းဖြင့်သာလုပ်ဆောင်မှု၊ အာရုံစိုက်မှု၊ပြတ်သားစွာဆုံးဖြတ်တတ်မှု၊ ကလပ်ကိုခေါ်ဆောင်သွားချင်တဲ့နေရာသို့ရောက်ရေးအမြင်တစ်မျိုးတည်းဖြင့်သာလုပ်ဆောင်မှုတို့အပေါ်အထင်ကြီးနေပါတယ်။

ဝိန်းရွန်းနီဟာတစ်နေ့တွင်မန်ချက်စတာယူနိုက်တက်အသင်းကိုမျှော်လင့်နေသူလည်းဖြစ်ပါတယ်။မကြာသေးမီတုန်းကအင်တာဗျူးတစ်ခုတွင်ဝိန်းရွန်းနီကနည်းပြလောကသို့ဝင်ရောက်ရတဲ့အဓိကအကြောင်းရင်းမှာယူနိုက်တက်နည်းပြဖြစ်လာရေးအတွက်ဖြစ်ကြောင်းဆိုထားပါတယ်။

ZawGyi

တစ္ေန႔တြင္ ယူႏိုက္တက္နည္းျပျဖစ္လာေရး ရည္မွန္းခ်က္ျဖင့္ အဲရစ္တန္ဟက္ထံမွ ပညာရယူေနတဲ့ ဝိန္း႐ြန္းနီ

ဝိန္း႐ြန္းနီဟာမန္ခ်က္စတာယူႏိုက္တက္နည္းျပအဲရစ္တန္ဟက္ထံမွနည္းျပပညာေလ့လာသင္ယူမႈမ်ားျပဳလုပ္ေနပါတယ္။

အဂၤလန္ႏွင့္ယူႏိုက္တက္ဂႏၴဝင္တိုက္စစ္မႉးဟာၿပီးခဲ့တဲ့ရက္သတၱပတ္မ်ားတြင္ယူႏိုက္တက္ရဲ႕ကာရင္တန္ေလ့က်င့္ေရးကြင္းသို႔သြားေရာက္လာခဲ့သူလည္းျဖစ္ပါတယ္။ အခ်ိဳ႕ရက္မ်ားတြင္သူဟာယူႏိုက္တက္ Tracksuit ဝတ္ဆင္ထားတာေတြ႕ရပါတယ္။

ဒီစီယူႏိုက္တက္နည္းျပဟာအေမရိကန္ေမဂ်ာလိဂ္ရာသီအကုန္တြင္ ၿဗိတိန္သို႔ေရာက္လာကာအနားယူေနရတာျဖစ္ပါတယ္။သူဟာကာရင္တန္ေလ့က်င့္ေရးကြင္းသို႔သြားေရာက္ကာ ယူႏိုက္တက္အကယ္ဒမီတြင္ေလ့က်င့္ေနတဲ့ အသက္၁၂ႏွစ္ရွိကိုင္ႏွင့္အသက္၉ႏွစ္ရွိခေလးတို႔ကိုေလ့လာခဲ့ပါတယ္။

ဒါ့အျပင္သူဟာကာရင္တန္ေလ့က်င့္ေရးကြင္းသို႔ေရာက္ေနစဥ္အတြင္း အဲရစ္တန္ဟက္ႏွင့္နည္းျပအဖြဲ႕ဝင္မ်ားရဲ႕လုပ္ေဆာင္မႈမ်ားကိုေလ့လာမႈျပဳလုပ္ေနပါတယ္။ဝိန္း႐ြန္းနီရဲ႕အဲရစ္တန္ဟက္ရဲ႕လုပ္ေဆာင္မႈမ်ားအေပၚတြင္အလြန္အထင္ႀကီးေနေၾကာင္းလည္းေတြ႕ရပါတယ္။

အထူးသျဖင့္ဝိန္း႐ြန္းနီဟာအဲရစ္တန္ဟက္ရဲ႕ စိတ္တစ္မ်ိဳးတည္းျဖင့္သာလုပ္ေဆာင္မႈ၊ အာ႐ုံစိုက္မႈ၊ျပတ္သားစြာဆုံးျဖတ္တတ္မႈ၊ ကလပ္ကိုေခၚေဆာင္သြားခ်င္တဲ့ေနရာသို႔ေရာက္ေရးအျမင္တစ္မ်ိဳးတည္းျဖင့္သာလုပ္ေဆာင္မႈတို႔အေပၚအထင္ႀကီးေနပါတယ္။

ဝိန္း႐ြန္းနီဟာတစ္ေန႔တြင္မန္ခ်က္စတာယူႏိုက္တက္အသင္းကိုေမွ်ာ္လင့္ေနသူလည္းျဖစ္ပါတယ္။မၾကာေသးမီတုန္းကအင္တာဗ်ဴးတစ္ခုတြင္ဝိန္း႐ြန္းနီကနည္းျပေလာကသို႔ဝင္ေရာက္ရတဲ့အဓိကအေၾကာင္းရင္းမွာယူႏိုက္တက္နည္းျပျဖစ္လာေရးအတြက္ျဖစ္ေၾကာင္းဆိုထားပါတယ္။