တစ်နေ့တွင် ရော်နယ်ဒိုရဲ့ စွန့်ပစ်ခြင်းခံရမယ်လို့ ဂျော်ဂျီနာကို သတိပေးလာတဲ့ စူပါစတားနဲ့အိပ်ဖူးတယ်ဆိုတဲ့ မော်ဒယ်

ခရစ္စတီယာနိုရော်နယ်ဒိုနှင့်အတူအိပ်ဖူးတယ်လို့ဆိုလာတဲ့မော်ဒယ်တစ်ဦးကဂျော်ဂျီနာအနေဖြင့်မန်ယူစူပါစတားကိုအချိန်ပြည့်စောင့်ကြည်ရန်လိုအပ်ကြောင်း၊မဟုတ်လျှင်တစ်နေ့တွင်မိမိအားစွန့်ပစ်ခဲ့သကဲ့သို့စွန့်ပစ်ခြင်းခံရလိမ့်မယ်လို့သတိပေးလာပါတယ်။

အသက်၃၆နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုဟာလာမယ့်အပတ်စနေနေ့တွင်အိုးထရက်ဖို့ဒ်မှာကစားမယ့်နယူးကာဆယ်နှင့်ပွဲတွင်မန်ယူအတွက်ပထမဆုံးပွဲကိုကစားသွားပါမယ်။

နာတာရှာရိုဒရီဂူဟာခရစ္စတီယာနိုရော်နယ်ဒိုနှင့်နှစ်လတိုင်တိုင်အွန်လိုင်းတွင်စကားပြောပြီးနောက်အသက်၂၇နှစ်ရှိဂျော်ဂျီနာနှင့်ချစ်ကြိုက်ပြီးမကြာမီအချိန်မှာဘဲအတူအိပ်ခဲ့တယ်လို့ဖွင့်ချလာပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာသူ့နေအိမ်သို့ခေါ်ကာအသက်၂၅နှစ်ရှိနာတာရှာနှင့်အတူအိပ်ခဲ့တာဖြစ်ပါတယ်။ဒါပေမယ့်ရော်နယ်ဒိုဟာသူလိုချင်တာရပြီးနောက်နာတာရှာကိုဘလော့ပ်ကာစွန့်ပစ်သွားခဲ့ပါတယ်။

သူမက “ခရစ္စတီယာနိုဟာကျွန်မကအုတ်ခဲတစ်ခဲလိုပဲစွန့်ပစ်သွားခဲ့တာပါ။ဂျော်ဂျီနာကိုလည်းသူလုပ်လာနိုင်ပါတယ်။သူတို့ကဘယ်တော့မှအကျင့်ပျောက်မယ့်သူတွေမဟုတ်ပါဘူး။ပရော်ဖက်ရှင်နယ်ဘောလုံးသမားတွေကိုမိန်းမချောတွေကအာရုံစိုက်ကြပါတယ်။သူတို့ကိုယ်တိုင်ကဘောလုံးသမားတွေရဲ့ပိုက်ကွန်ထဲသို့တိုးဝင်ကြပါတယ်။ဥရောပမှာဖြစ်ခဲ့သလိုမန်ချက်စတာမှာလည်းဖြစ်လာပါလိမ့်မယ်။ခရစ္စတီယာနိုဆိုရင်လူတိုင်းကအချီကြီးမိတာပါ။ဒီတော့ဂျော်ဂျီနာအနေနဲ့သူ့ကိုစောင့်ကြည့်ရပါလိမ့်မယ်”လို့ပြောကြားသွားပါတယ်။

ဒါ့အပြင်သူမက “ကျွန်မတို့အတူအိပ်ခဲ့ပြီးတဲ့နောက်အင်စတာဂရမ်မှာဘလော့ခ်သွားလို့အရမ်းနာကျင်ခဲ့ရတယ်။အခုအထိနာကျင်ရတုန်းပါ။ဒီနာကျင်မှုကအမြဲရှိနေမှာပါ။တကယ်တော့ကျွန်မတို့ချစ်သူတွေမဖြစ်ခဲ့ဘူးဆိုရင်တောင်မှနာကျင်ရတုန်းပါ”လို့ပြောကြားခဲ့ပါတယ်။

နာတာရှာဟာ၂၀၁၅ခုနှစ်တုန်းကရော်နယ်ဒိုဆီကနေပထမဆုံးဆက်သွယ်မှုရရှိခဲ့တာပါ။အဲဒီတုန်းကရော်နယ်ဒိုဟာအိုင်ရီနာရှက်ခ်နဲ့လမ်းခွဲပြီးစဖြစ်ပါတယ်။ရော်နယ်ဒိုဟာသူမတင်ပါးကိုအလွန်လှပတယ်ဆိုပြီးချီးကျူးကာဆက်သွယ်ခဲ့တာဖြစ်ပါတယ်။သူမကလည်းသူမရဲ့တင်ပါးကိုဓာတ်ပုံရိုက်ကူးပြီးပေးပို့ခဲ့ပါတယ်။

သူမက “ညဖက် ၁ နာရီလောက်ကြီးပါ။ဟာသအနေနဲ့လုပ်ခဲ့တာပါ။သူပြန်ပြောမယ်လို့မထင်ခဲ့ပါဘူး။ဒါပေမယ့်နံနက်၆နာရီလောက်ကျတော့သူ့ဘက်ကစာပြန်လာပါတယ်။ပြန်တွေးကြည့်လိုက်ရင်အဲဒီလိုမဖြစ်ခဲ့ရင်အကောင်းသားလို့တွေးမိတယ်။အတွင်းခံနဲ့ရိုက်ကူးထားတဲ့ဗီဒီယိုလည်းပို့လိုက်ရောသူကသီးသန့်တွေ့ချင်တယ်လို့ဆိုလာပါတယ်”လို့ပြောကြားခဲ့ပါတယ်။

ထိုစဉ်ကရော်နယ်ဒိုဟာအသက်၂၁နှစ်ရှိနာတာရှာကိုနာမည်ကျော်မော်ဒယ်တစ်ဦးဖြစ်ဖို့အလားအလာများစွာရှိတဲ့လှပတဲ့ခန္ဓာကိုယ်ပိုင်ဆိုင်တယ်ဆိုပြီးချီးကျူးခဲ့ပါတယ်။

၂၀၁၆ခုနှစ်၊အောက်တိုဘာလ၅ရက်နေ့မှာတော့ရော်နယ်ဒိုဟာလစ္စဘွန်းမှသူ့နေအိမ်သို့ နာတာရှာကိုဖိတ်ခေါ်ခဲ့ပါတယ်။ဒါပေမယ့်လည်းရော်နယ်ဒိုနောက်ပိုင်းမှာဖိတ်ခေါ်မှုကိုဖျက်သိမ်းခဲ့ပါတယ်။

ဒါပေမယ့်ရော်နယ်ဒိုဟာနာတာရှာရဲ့ခန္ဓာကိုယ်အလှအပဓာတ်ပုံများကိုဆက်တိုက်တောင်းဆိုခဲ့ပါတယ်။

ယင်းနောက်၂ရက်အကြာမှာတော့ခရစ္စတီယာနိုရော်နယ်ဒိုဟာအန်ဒိုရာနှင့်ကမ္ဘာ့ဖလားခြေစစ်ပွဲမှာလေးဂိုးသွင်းခဲ့ပါတယ်။

ယင်းနောက်ပိုင်းကာလအတွင်းမှာ၎င်းတို့အကြားမှာမက်ဆေ့ချ်တွေအပြန်အလှန်ပိုခဲ့ကြပြီးမတ်လရောက်တဲ့အချိန်မှာတော့ရော်နယ်ဒိုဟာမွေးရပ်မြေသို့ပြန်ရောက်လာခဲ့ပါတယ်။ယင်းအချိန်တွင်မှနာတာရှာနှင့်ရော်နယ်ဒိုတို့အတူဆုံစည်းခဲ့ကြပါတယ်။

အဲဒီတုန်းကနာတာရှာဟာသူမရဲ့အောက်ပိုင်းဓာတ်ပုံများကိုပေးပို့ခဲ့ပြီးရော်နယ်ဒိုကတင်ပါးများကိုနမ်းလိုကြောင်းလည်းပြောခဲ့ပါတယ်။

ယင်းနောက်မှာတော့ရော်နယ်ဒိုဟာနာတာရှာကိုသူ့အိမ်သို့ဝင်ဖို့လုံခြုံရေးဂဏန်းလေးလုံးပေးပါတယ်။

နာတာရှာက “ရော်နယ်ဒိုရဲ့အခန်းသို့ဝင်သွားချိန်မှာကိုယ့်ကိုယ်ကိုတောင်မယုံနိုင်လောက်အောင်ဖြစ်ရတယ်။ရင်တွေအရမ်းခုန်နေခဲ့တယ်။သူကဖော်ဖော်ရွေရွေဘဲဆက်ဆံတယ်။ကိုယ့်အိမ်ကိုယ့်ယာလိုသဘောထားဖို့ပြောပါတယ်။ကျွန်မလည်းဖိနပ်ချွတ်လိုက်တယ်။ဖျော်ရည်တစ်ခွက်ယူပြီးသူ့အနားမှာထိုင်ရင်းသူ့အခန်းအကြောင်းပြောကြတယ်။ပြီးတော့ကျွန်မအကြောင်းလည်းပြောပြတယ်။နောက်တော့ကျွန်မကဘဲဦးဆောင်ပြီးလှုပ်ရှားခဲ့တယ်။မတ်တပ်ရပ်ပြီးဘောင်းဘီချွတ်လိုက်ပြီးသူ့ကိုကျွန်မတင်ပါးတွေကိုပြလိုက်တယ်။သူကကျွန်မတင်ပါးကိုရိုက်ပြီးအရမ်းကြိုက်တယ်လို့ပြောပါတယ်”လို့ပြောကြားသွားပါတယ်။

ဒါပေမယ့်နောက်ပိုင်းမှာတော့ခရစ္စတီယာနိုရော်နယ်ဒိုဟာမပြောမဆိုနဲ့သူမကိုအဆက်အသွယ်ဖြတ်သွားခဲ့ပါတော့တယ်။

ယင်းနှစ်မှာဘဲနာတာရှာဟာရော်နယ်ဒိုနဲ့အတူအိပ်ခဲ့တဲ့အကြောင်းကို Love On Top ဆိုတဲ့အစီအစဉ်မှာဖွင့်ချခဲ့ပါတယ်။

သူမက “အဲဒီအဖြစ်အပျက်ကိုကြားပြီးတဲ့လူတွေရဲ့အပြစ်တင်ခြင်းခံခဲ့ရတယ်။ဆိုရှယ်မီဒီယာမှာအပြစ်တင်ခံရတယ်။အဲဒီနောက်ပိုင်းမှာကျွန်မဘဝလည်းအများကြီးပြောင်းလဲသွားပါတယ်။၂၀၁၉ခုနှစ်မှာလာရာရို့စ်လို့ခေါ်တဲ့အရမ်းလှတဲ့သမီးလေးမွေးတယ်။အရမ်းပျော်ရွှင်ခဲ့တယ်”လို့ပြောကြားခဲ့ပါတယ်။

ရော်နယ်ဒိုနှင့်ဂျော်ဂျီနာတို့နှင့်ပတ်သက်ပြီးသူမက “သူတို့သာပျော်နေကြတယ်ဆိုရင်ကျွန်မပျော်ပါတယ်။ဒါပေမယ့်တကယ်လို့များအခုအချိန်မှာကျွန်မချစ်သူဆိုရင်ကျွန်မတို့အကြားဖြစ်ပျက်ခဲ့တာတွေကြောင့်သူ့အပေါ်ယုံမှာမဟုတ်ပါဘူး။ကျွန်မထင်သလိုမဖြစ်ခဲ့ပေမယ့်သူ့ဘဝရဲ့အစိတ်အပိုင်းအဖြစ်အနည်းငယ်ပါဝင်ခွင့်ရလို့ကျွန်မပျော်ပါတယ်”လို့ပြောကြားသွားပါတယ်။