တစ်နေ့လျှင် ၁၂ကြိမ်အထိ ချစ်ခြင်းသက်သေတည်တဲ့ မော်ရိုအိုင်ကာဒီနှင့်ဇနီးသည်နာရာ

ပီအက်စ်ဂျီနှင့်အာဂျင်တီးနားတိုက်စစ်မှူးမော်ရိုအိုင်ကာဒီဟာတစ်နေ့လျှင်၁၂ကြိမ်အထိဇနီးသည်ဝန်ဒါနာရာနှင့်ချစ်တင်းနှောကြောင်းသိရပါတယ်။

ဒါနီလီအဒါနီဟာအီတလီတိုက်စစ်မှူးဟောင်းခရစ္စတီယန်ဗီဟာရီနှင့် Twitch တွင်ဘောလုံးသမားတို့ရဲ့လိင်မှုဘဝနဲ့ပတ်သက်ပြီးဆွေးနွေးမှုများပြုလုပ်ခဲ့ပါတယ်။

၎င်းတို့ရဲ့ဆွေးနွေးမှုတွင်အိုင်ကာဒီနှင့်နာရာတို့လည်းပါဝင်ခဲ့ကြပြီး၎င်းတို့စုံတွဲဟာတစ်နေ့လျှင်၁၂ကြိမ်အထိချစ်တင်းနှောကြောင်းဖွင့်ချသွားပါတယ်။

နာရာဟာခင်ပွန်းသည်အိုင်ကာဒီရဲ့အေးဂျင့်အဖြစ်လည်းတာဝန်ထမ်းဆောင်နေသူဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ် တုန်းကသူမကခင်ပွန်းဖြစ်သူဟာအသင်းရှုံးပွဲကြုံတဲ့နေ့မှာချစ်တင်းနှောရန်ငြင်းဆိုကြောင်းဖွင့်ဟခဲ့ဖူးပါတယ်။

အင်တာမီလန်နည်းပြကွန်တီကဘောလုံးသမားများအနေဖြင့်လိင်မှုကိစ္စကိုဆက်တိုက်မပြုလုပ်ဘဲအင်အားကုန်ဆုံးအောင်မလုပ်သင့်ကြောင်းပြောကြားခဲ့ပြီးနောက်နာရာကဖွင့်ဟခဲ့တာဖြစ်ပါတယ်။

ZawGyi





