တစ်နှစ်ကျော်ကြာ လိုက်နေခဲ့တဲ့ ဆန်ချိုကို ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ပြီဟု သရဲနီအတည်ပြု

မန်ချက်စတာယူနိုက်တက်ကဒေါ့မွန်မှဂျာဒွန်ဆန်ချိုကိုခေါ်ယူရန်သဘောတူညီမှုရရှိသွားပြီဖြစ်ကြောင်းတရားဝင်အတည်ပြုကြေညာလာပါတယ်။

တစ်ဖက်တွင်ဒေါ့မွန်အသင်းကလည်းအင်္ဂလန်လက်ရွေးစင်တောင်ပံကစားသမားအားပေါင်၇၃သန်းဖြင့်မန်ယူသို့ရောင်းချရန်သဘောတူညီမှုရရှိခဲ့ကြောင်းအတည်ပြုထားပါတယ်။

မန်ယူနှင့်ဒေါ့မွန်တို့ဟာဆန်ချိုအပြောင်းအရွှေ့အတွက်တစ်နှစ်ကျော်ကြာလုပ်ဆောင်လာခဲ့ပြီးမှသဘောတူညီမှုရရှိလာခဲ့တာလည်းဖြစ်ပါတယ်။

မန်ယူအသင်းကဆန်ချိုမှာအင်္ဂလန်နှင့်အတူယူရို၂၀၂၀ပြိုင်ပွဲကစားပြီးလျှင်ဆေးစစ်မှုခံယူကာမန်ယူနှင့်စာချုပ်ချုပ်ဆိုသွားမှာဖြစ်ကြောင်းကြေညာသွားပါတယ်။

ဒေါ့မွန်အားကစားစီအီးအိုဝစ်ဇ်ကီက “ဆန်ချိုအတွက်မန်ယူနဲ့သဘောတူညီမှုရရှိသွားပါပြီ။ဂျာဒွန်ကိုယ်တိုင်ကအပြောင်းအလဲလုပ်ချင်နေလို့လိုက်လျောခဲ့ရတာပါ။ကျွန်တော်တို့ကတော့သူ့ကိုဆက်ထိန်းထားချင်ခဲ့ပါတယ်။ဒီငွေနဲ့ပတ်သက်ပြီးကျွန်တော်တို့ပျော်မနေပါဘူး။ဒါပေမယ့်သူထွက်ခွာသွားလို့စိတ်မကောင်းဖြစ်ရပါဘူး”လို့ပြောကြားသွားပါတယ်။

မန်ယူဟာဆန်ချိုကိုတစ်ပတ်လုပ်ခပေါင်၃၅၀၀၀၀ဖြင့်ငါးနှစ်စာချုပ်ချုပ်ဆိုရန်သဘောတူညီမှုရရှိထားတာဖြစ်ပါတယ်။ဆန်ချိုဟာဒေါ့မွန်တွင်တစ်ပတ်လုပ်ခပေါင်၁၁၀၀၀၀ရရှိခဲ့ရာမှမန်ယူမှာလုပ်ခသုံးဆကျော်မြှင့်ကာရရှိလာမှာလည်းဖြစ်ပါတယ်။

ဆန်ချိုဟာမန်ယူအသင်းမှာကာဗာနီဝတ်ဆင်နေတဲ့ကျောနံပါတ်၇ကိုဝတ်ဆင်သွားဖို့ရှိပါတယ်။မန်ယူရဲ့ဂန္ထင်ကျောနံပါတ်ကိုရော်နယ်ဒိုနောက်ပိုင်းတွင်ဒီမာရီယာ၊ဒီပေး၊ဆန်းချက်ဇ်တို့ဝတ်ဆင်ခဲ့ကြပေမယ့်အိုးထရက်ဖို့ဒ်မှာအောင်မြင်မှုမရရှိခဲ့ကြပါဘူး။

မန်စီးတီးအသင်းဟာဒေါ့မွန်ကရောင်းချလိုက်တဲ့ဆန်ချိုရဲ့အပြောင်းအရွှေ့မှပေါင်၁၀သန်းဝန်းကျင်အထိရရှိလာပါမယ်။မန်စီးတီးဟာ၂၀၁၇ခုနှစ်တုန်းကအကယ်ဒမီကစားသမားဆန်ချိုကိုဒေါ့မွန်သို့ပေါင်၈သန်းဖြင့်ရောင်းစဉ်ကဒေါ့မွန်ကပြန်လည်ရောင်းချချိန်တွင်၁၅ရာခိုင်နှုန်းအကျိုးခံစားခွင့်ရရှိမယ့်အချက်ကိုအရောင်းစာချုပ်မှာထည့်သွင်းချုပ်ဆိုထားခဲ့တာပါ။

ZawGyi

တစ္ႏွစ္ေက်ာ္ၾကာ လိုက္ေနခဲ့တဲ့ ဆန္ခ်ိဳကို ေခၚယူရန္ သေဘာတူညီမႈရရွိခဲ့ၿပီဟု သရဲနီအတည္ျပဳ

မန္ခ်က္စတာယူႏိုက္တက္ကေဒါ့မြန္မွဂ်ာဒြန္ဆန္ခ်ိဳကိုေခၚယူရန္သေဘာတူညီမႈရရွိသြားၿပီျဖစ္ေၾကာင္းတရားဝင္အတည္ျပဳေၾကညာလာပါတယ္။

တစ္ဖက္တြင္ေဒါ့မြန္အသင္းကလည္းအဂၤလန္လက္ေ႐ြးစင္ေတာင္ပံကစားသမားအားေပါင္၇၃သန္းျဖင့္မန္ယူသို႔ေရာင္းခ်ရန္သေဘာတူညီမႈရရွိခဲ့ေၾကာင္းအတည္ျပဳထားပါတယ္။

မန္ယူႏွင့္ေဒါ့မြန္တို႔ဟာဆန္ခ်ိဳအေျပာင္းအေ႐ႊ႕အတြက္တစ္ႏွစ္ေက်ာ္ၾကာလုပ္ေဆာင္လာခဲ့ၿပီးမွသေဘာတူညီမႈရရွိလာခဲ့တာလည္းျဖစ္ပါတယ္။

မန္ယူအသင္းကဆန္ခ်ိဳမွာအဂၤလန္ႏွင့္အတူယူ႐ို၂၀၂၀ၿပိဳင္ပြဲကစားၿပီးလွ်င္ေဆးစစ္မႈခံယူကာမန္ယူႏွင့္စာခ်ဳပ္ခ်ဳပ္ဆိုသြားမွာျဖစ္ေၾကာင္းေၾကညာသြားပါတယ္။

ေဒါ့မြန္အားကစားစီအီးအိုဝစ္ဇ္ကီက “ဆန္ခ်ိဳအတြက္မန္ယူနဲ႔သေဘာတူညီမႈရရွိသြားပါၿပီ။ဂ်ာဒြန္ကိုယ္တိုင္ကအေျပာင္းအလဲလုပ္ခ်င္ေနလို႔လိုက္ေလ်ာခဲ့ရတာပါ။ကြၽန္ေတာ္တို႔ကေတာ့သူ႔ကိုဆက္ထိန္းထားခ်င္ခဲ့ပါတယ္။ဒီေငြနဲ႔ပတ္သက္ၿပီးကြၽန္ေတာ္တို႔ေပ်ာ္မေနပါဘူး။ဒါေပမယ့္သူထြက္ခြာသြားလို႔စိတ္မေကာင္းျဖစ္ရပါဘူး”လို႔ေျပာၾကားသြားပါတယ္။

မန္ယူဟာဆန္ခ်ိဳကိုတစ္ပတ္လုပ္ခေပါင္၃၅၀၀၀၀ျဖင့္ငါးႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုရန္သေဘာတူညီမႈရရွိထားတာျဖစ္ပါတယ္။ဆန္ခ်ိဳဟာေဒါ့မြန္တြင္တစ္ပတ္လုပ္ခေပါင္၁၁၀၀၀၀ရရွိခဲ့ရာမွမန္ယူမွာလုပ္ခသုံးဆေက်ာ္ျမႇင့္ကာရရွိလာမွာလည္းျဖစ္ပါတယ္။

ဆန္ခ်ိဳဟာမန္ယူအသင္းမွာကာဗာနီဝတ္ဆင္ေနတဲ့ေက်ာနံပါတ္၇ကိုဝတ္ဆင္သြားဖို႔ရွိပါတယ္။မန္ယူရဲ႕ဂႏၴင္ေက်ာနံပါတ္ကိုေရာ္နယ္ဒိုေနာက္ပိုင္းတြင္ဒီမာရီယာ၊ဒီေပး၊ဆန္းခ်က္ဇ္တို႔ဝတ္ဆင္ခဲ့ၾကေပမယ့္အိုးထရက္ဖို႔ဒ္မွာေအာင္ျမင္မႈမရရွိခဲ့ၾကပါဘူး။

မန္စီးတီးအသင္းဟာေဒါ့မြန္ကေရာင္းခ်လိုက္တဲ့ဆန္ခ်ိဳရဲ႕အေျပာင္းအေ႐ႊ႕မွေပါင္၁၀သန္းဝန္းက်င္အထိရရွိလာပါမယ္။မန္စီးတီးဟာ၂၀၁၇ခုႏွစ္တုန္းကအကယ္ဒမီကစားသမားဆန္ခ်ိဳကိုေဒါ့မြန္သို႔ေပါင္၈သန္းျဖင့္ေရာင္းစဥ္ကေဒါ့မြန္ကျပန္လည္ေရာင္းခ်ခ်ိန္တြင္၁၅ရာခိုင္ႏႈန္းအက်ိဳးခံစားခြင့္ရရွိမယ့္အခ်က္ကိုအေရာင္းစာခ်ဳပ္မွာထည့္သြင္းခ်ဳပ္ဆိုထားခဲ့တာပါ။