တစ်နှစ်စာချုပ်သက်တမ်းသာကျန်တော့တဲ့ကမ္ဘာ့အကောင်းဆုံးကွင်းလယ်အဖျက်စာရင်းဝင်ကစားသမားကို မန်ယူကမ်းလှမ်း

မန်ယူဟာဘိုင်ယန်မြူးနစ်နှင့်တစ်နှစ်စာချုပ်သက်တမ်းသာကျန်တော့တဲ့ဂျာမနီစတားလီယွန်ဂိုရက်ဇ်ကာအားကမ်းလှမ်းမှုပြုလုပ်လိုက်ပါတယ်။

မန်ယူဟာ၂၀၂၂ခုနှစ်တွင်စာချုပ်သက်တမ်းကုန်ဆုံးမယ့်ပြင်သစ်ကွင်းလယ်ကစားသမားပေါလ်ပေါ့ဘာကိုစာချုပ်သက်တမ်းတိုးရန်ကြိုးပမ်းနေပါတယ်။ဒါပေမယ့်ပေါ့ဘာမှာပီအက်စ်ဂျီနှင့်ပုဂ္ဂိုလ်ရေးဆိုင်ရာဆွေးနွေးနေမှုနဲ့အတူလက်လွှတ်ရမယ့်အနေအထားမှာရပါတယ်။

ဒါကြောင့်လည်းမန်ယူဟာဘိုင်ယန်မြူးနစ်နှင့်၂၀၂၂ခုနှစ်၊ဇွန်လတွင်စာချုပ်သက်တမ်းကုန်ဆုံးမယ့်ဂျာမနီစတားဂိုရက်ဇ်ကာကိုပစ်မှတ်ထားလာတာလည်းဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်ဟာဂိုရက်ဇ်ကာကိုတစ်နှစ်လုပ်ခယူရို၁၀သန်းမှ၁၂သန်းအတွင်းပေးကာစာချုပ်သစ်ကမ်းလှမ်းခဲ့သော်လည်းဂျာမနီအလယ်တန်းကစားသမားကယင်းထက်ပိုပြီးတော့လိုချင်နေပါတယ်။

Bild ရဲ့ဖော်ပြချက်အရဂိုရက်ဇ်ဟာဘိုင်ယန်မြူးနစ်တွင်လီယွန်ဆာနေးကဲ့သို့ပင် တစ်နှစ်လုပ်ခယူရိုသန်း၂၀ရရှိနေလိုကြောင်းသိရပါတယ်။ဒါကြောင့်လည်းဘိုင်ယန်မြူးနစ်နှင့်ဂိုရက်ဇ်ကားအကြားစာချုပ်ကိစ္စဆွေးနွေးမှုမှာအဆင်မပြေဖြစ်နေပါတယ်။

ယင်းသို့အခြေအနေကြောင့်မန်ယူဟာဂိုရက်ဇ်ကာအားခေါ်ယူရန်ကြိုးပမ်းလာခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမယ့်မန်ယူအနေဖြင့်ဂိုရက်ဇ်ကာအားခေါ်ယူနိုင်ရေးအတွက်ရီးရဲလ်မက်ဒရစ်၊ဘာစီလိုနာတို့နှင့်အပြိုင်ကြိုးပမ်းရပါမယ်။

ကမ္ဘာ့အကောင်းဆုံးကွင်းလယ်အဖျက်စာရင်းဝင်ဂိုရက်ဇ်ကာဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကဘိုင်ယန်မြူးနစ်အတွက်ပြိုင်ပွဲအရပ်ရပ်မှာ၃၂ပွဲကစားခဲ့ရာမှာ၈ဂိုးသွင်းယူပြီး၉ကြိမ်ဖန်တီးမှုပြုလုပ်နိုင်ခဲ့ပါတယ်။

မန်ယူဟာကွင်းလယ်ခံစစ်နေရာအတွင်ရန်းနက်စ်မှအက်ဒူယာဒိုကာမာဗင်ဂါကိုလည်းခေါ်ယူရန်ဆက်သွယ်နေပါတယ်။

ZawGyi

တစ္ႏွစ္စာခ်ဳပ္သက္တမ္းသာက်န္ေတာ့တဲ့ကမာၻ႔အေကာင္းဆုံးကြင္းလယ္အဖ်က္စာရင္းဝင္ကစားသမားကို မန္ယူကမ္းလွမ္း

မန္ယူဟာဘိုင္ယန္ျမဴးနစ္ႏွင့္တစ္ႏွစ္စာခ်ဳပ္သက္တမ္းသာက်န္ေတာ့တဲ့ဂ်ာမနီစတားလီယြန္ဂိုရက္ဇ္ကာအားကမ္းလွမ္းမႈျပဳလုပ္လိုက္ပါတယ္။

မန္ယူဟာ၂၀၂၂ခုႏွစ္တြင္စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္ျပင္သစ္ကြင္းလယ္ကစားသမားေပါလ္ေပါ့ဘာကိုစာခ်ဳပ္သက္တမ္းတိုးရန္ႀကိဳးပမ္းေနပါတယ္။ဒါေပမယ့္ေပါ့ဘာမွာပီအက္စ္ဂ်ီႏွင့္ပုဂၢိဳလ္ေရးဆိုင္ရာေဆြးေႏြးေနမႈနဲ႔အတူလက္လႊတ္ရမယ့္အေနအထားမွာရပါတယ္။

ဒါေၾကာင့္လည္းမန္ယူဟာဘိုင္ယန္ျမဴးနစ္ႏွင့္၂၀၂၂ခုႏွစ္၊ဇြန္လတြင္စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္ဂ်ာမနီစတားဂိုရက္ဇ္ကာကိုပစ္မွတ္ထားလာတာလည္းျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္ဟာဂိုရက္ဇ္ကာကိုတစ္ႏွစ္လုပ္ခယူ႐ို၁၀သန္းမွ၁၂သန္းအတြင္းေပးကာစာခ်ဳပ္သစ္ကမ္းလွမ္းခဲ့ေသာ္လည္းဂ်ာမနီအလယ္တန္းကစားသမားကယင္းထက္ပိုၿပီးေတာ့လိုခ်င္ေနပါတယ္။

Bild ရဲ႕ေဖာ္ျပခ်က္အရဂိုရက္ဇ္ဟာဘိုင္ယန္ျမဴးနစ္တြင္လီယြန္ဆာေနးကဲ့သို႔ပင္ တစ္ႏွစ္လုပ္ခယူ႐ိုသန္း၂၀ရရွိေနလိုေၾကာင္းသိရပါတယ္။ဒါေၾကာင့္လည္းဘိုင္ယန္ျမဴးနစ္ႏွင့္ဂိုရက္ဇ္ကားအၾကားစာခ်ဳပ္ကိစၥေဆြးေႏြးမႈမွာအဆင္မေျပျဖစ္ေနပါတယ္။

ယင္းသို႔အေျခအေနေၾကာင့္မန္ယူဟာဂိုရက္ဇ္ကာအားေခၚယူရန္ႀကိဳးပမ္းလာခဲ့တာလည္းျဖစ္ပါတယ္။ဒါေပမယ့္မန္ယူအေနျဖင့္ဂိုရက္ဇ္ကာအားေခၚယူႏိုင္ေရးအတြက္ရီးရဲလ္မက္ဒရစ္၊ဘာစီလိုနာတို႔ႏွင့္အၿပိဳင္ႀကိဳးပမ္းရပါမယ္။

ကမာၻ႔အေကာင္းဆုံးကြင္းလယ္အဖ်က္စာရင္းဝင္ဂိုရက္ဇ္ကာဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကဘိုင္ယန္ျမဴးနစ္အတြက္ၿပိဳင္ပြဲအရပ္ရပ္မွာ၃၂ပြဲကစားခဲ့ရာမွာ၈ဂိုးသြင္းယူၿပီး၉ႀကိမ္ဖန္တီးမႈျပဳလုပ္ႏိုင္ခဲ့ပါတယ္။

မန္ယူဟာကြင္းလယ္ခံစစ္ေနရာအတြင္ရန္းနက္စ္မွအက္ဒူယာဒိုကာမာဗင္ဂါကိုလည္းေခၚယူရန္ဆက္သြယ္ေနပါတယ္။