တစ်နှစ်တာအကောင်းဆုံးဂိုးဆုအတွက် ဆန်ကာတင်စာရင်းဝင် ဂိုးတစ်ဂိုးကို သွင်းပြခဲ့တဲ့ ဟယ်ရီကိန်း

ဟယ်ရီကိန်းဟာမနေ့ညတုန်းကခရစ္စတယ်ပဲလေ့စ်အားအနိုင်ရရှိတဲ့ပွဲစဉ်မှာတစ်နှစ်တာအကောင်းဆုံးဂိုးဆုအတွက် ဆန်ကာတင်စာရင်းဝင်ဂိုးတစ်ဂိုးအားသွင်းယူကာမှော်ဆန်တဲ့အခိုက်အတန့်တစ်ခုကိုဖန်တီးလိုက်နိုင်ခဲ့ပါတယ်။

စပါးစ်နှင့်အင်္ဂလန်အသင်းခေါင်းဆောင်ဟာဧရိယာထိပ်ကနေဝေ့ဝှိုက်ပြီးစပါးစ်အတွက်၃-၁ဂိုးဖြင့်ဦးဆောင်နိုင်မယ့်ဂိုးကိုသွင်းယူခဲ့ပါတယ်။

ဟယ်ရီကိန်းဟာမတ်ဒိုဟာတီရဲ့ပေးပို့မှုကနေခရစ္စတယ်ပဲလေ့စ်နောက်ခံလူများပိတ်ဆို့နေတဲ့ကြားမှအဝေးထောင့်သို့ဝေ့ဝှိုက်ကန်သွင်းခဲ့တာဖြစ်ပါတယ်။

ဟယ်ရီကိန်းဟာခရစ္စတယ်ပဲလေ့စ်အား၄-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်မှာကိုယ်တိုင်၂ဂိုးသွင်းခဲ့သလိုကစားဖော်ဂါရတ် ဘေးလ်၂ဂိုးသွင်းနိုင်အောင်လည်းဖန်တီးပေးနိုင်ခဲ့ပါတယ်။

သူဟာယခုရာသီမှာပရီးမီးယားလိဂ်ဂိုး၁၆ဂိုးသွင်းယူကာ၁၃ကြိမ်အထိဖန်တီးထားနိုင်ပါတယ်။

စပါးစ်ဟာခရစ္စတယ်ပဲလေ့စ်နိုင်ပွဲကြောင့်ရမှတ်၄၅မှတ်ဖြင့်ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်၆နေရာသို့တက် လှမ်းလာနိုင်ခဲ့ပါတယ်။၎င်းတို့ဟာအဆင့်၄နေရာမှာချဲလ်ဆီးထက်တစ်ပွဲပိုကစားကာရမှတ်၂မှတ်အကွာမှာ ရပ်တည်နေပါတယ်။

သောမတ်စ်တူချယ်ရဲ့ချဲလ်ဆီးဟာယနေ့ညမှာစတမ်းဖို့ဒ်ဘရစ်ချ်ကွင်းမှာအဲဗာတန်ကိုဧည့်ခံကစားရပါမယ်။

ZawGyi

တစ္ႏွစ္တာအေကာင္းဆုံးဂိုးဆုအတြက္ ဆန္ကာတင္စာရင္းဝင္ ဂိုးတစ္ဂိုးကို သြင္းျပခဲ့တဲ့ ဟယ္ရီကိန္း

ဟယ္ရီကိန္းဟာမေန႔ညတုန္းကခရစၥတယ္ပဲေလ့စ္အားအႏိုင္ရရွိတဲ့ပြဲစဥ္မွာတစ္ႏွစ္တာအေကာင္းဆုံးဂိုးဆုအတြက္ ဆန္ကာတင္စာရင္းဝင္ဂိုးတစ္ဂိုးအားသြင္းယူကာေမွာ္ဆန္တဲ့အခိုက္အတန႔္တစ္ခုကိုဖန္တီးလိုက္ႏိုင္ခဲ့ပါတယ္။

စပါးစ္ႏွင့္အဂၤလန္အသင္းေခါင္းေဆာင္ဟာဧရိယာထိပ္ကေနေဝ့ဝႈိက္ၿပီးစပါးစ္အတြက္၃-၁ဂိုးျဖင့္ဦးေဆာင္ႏိုင္မယ့္ဂိုးကိုသြင္းယူခဲ့ပါတယ္။

ဟယ္ရီကိန္းဟာမတ္ဒိုဟာတီရဲ႕ေပးပို႔မႈကေနခရစၥတယ္ပဲေလ့စ္ေနာက္ခံလူမ်ားပိတ္ဆို႔ေနတဲ့ၾကားမွအေဝးေထာင့္သို႔ေဝ့ဝႈိက္ကန္သြင္းခဲ့တာျဖစ္ပါတယ္။

ဟယ္ရီကိန္းဟာခရစၥတယ္ပဲေလ့စ္အား၄-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္မွာကိုယ္တိုင္၂ဂိုးသြင္းခဲ့သလိုကစားေဖာ္ဂါရတ္ ေဘးလ္၂ဂိုးသြင္းႏိုင္ေအာင္လည္းဖန္တီးေပးႏိုင္ခဲ့ပါတယ္။

သူဟာယခုရာသီမွာပရီးမီးယားလိဂ္ဂိုး၁၆ဂိုးသြင္းယူကာ၁၃ႀကိမ္အထိဖန္တီးထားႏိုင္ပါတယ္။

စပါးစ္ဟာခရစၥတယ္ပဲေလ့စ္ႏိုင္ပြဲေၾကာင့္ရမွတ္၄၅မွတ္ျဖင့္ပရီးမီးယားလိဂ္အမွတ္ေပးဇယားအဆင့္၆ေနရာသို႔တက္ လွမ္းလာႏိုင္ခဲ့ပါတယ္။၎တို႔ဟာအဆင့္၄ေနရာမွာခ်ဲလ္ဆီးထက္တစ္ပြဲပိုကစားကာရမွတ္၂မွတ္အကြာမွာ ရပ္တည္ေနပါတယ္။

ေသာမတ္စ္တူခ်ယ္ရဲ႕ခ်ဲလ္ဆီးဟာယေန႔ညမွာစတမ္းဖို႔ဒ္ဘရစ္ခ်္ကြင္းမွာအဲဗာတန္ကိုဧည့္ခံကစားရပါမယ္။