တစ်နှစ်တာအကောင်းဆုံးဂိုးဆု ဆန်ကာတင်စာရင်းမှာ ပါဝင်လာမယ့် စပါးစ်စတားနွမ်ဘီလီရဲ့ဂိုး

စပါးစ်စတားတန်ဂေးနွန်ဘီလီဟာမနေ့ညတုန်းကရှက်ဖီးလ်ယူနိုက်တက်အားအနိုင်ရတဲ့ပွဲမှာပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံးဂိုးဆုအတွက်ဆန်ကာတင်စာရင်းမှာပါဝင်လာဖို့သေချာနေတဲ့ဂိုးအားသွင်းယူခဲ့ပါတယ်။

မော်ရင်ဟိုရဲ့စပါးစ်ဟာဘရာမဲလ်သို့သွားရောက်ကစားခဲ့ရပြီးရှက်ဖီးလ်ယူနိုက်တက်ကို၃-၁ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

လိုင်ယွန်ကနေပေါင်၆၅သန်းနဲ့ပြောင်းလာခဲ့တဲ့ပြင်သစ်စတားဟာစပါးစ်အတွက်အနိုင်သေချာစေမယ့်ပွဲသိမ်းဂိုးကို သွင်းယူခဲ့တာဖြစ်ပြီးယင်းဂိုးကတစ်နှစ်တာအကောင်းဆုံးဂိုးဆုအတွက်ဆန်ကာတင်စာရင်းမှာပါဝင်လာဖို့သေချာနေပါတယ်။

နွမ်ဘီလီဟာစတီဗင်ဘတ်ဝင်းရဲ့ရှက်ဖီးလ်နောက်ခံလူသုံးဦးကိုကျော်ပြီးအသာမကာပေးလိုက်တဲ့ဘောလုံးကနေ ပင်နယ်တီဧရိယာဘယ်ခြမ်းကနေညာခြေဖြင့်နောက်ပြန်ကန်ခဲ့တာဖြစ်ပါတယ်။နွမ်ဘီလီရဲ့ကန်လိုက်တဲ့ဘောလုံး ဟာရှက်ဖီးလ်ဂိုးသမားရမ်ဒဲလ်ကိုကျော်ပြီးဂိုးဝင်သွားခဲ့ပါတယ်။

ရှက်ဖီးလ်ယူနိုက်တက်နှင့်ပွဲတွင်စပါးစ်အတွက်ကျန်နှစ်ဂိုးကိုအူရီယာနှင့်ဟယ်ရီကိန်းတို့ကသွင်းယူခဲ့ပြီးအိမ်ရှင်အ တွက်ချေပဂိုးကိုမက်ဂိုးရစ်ကသွင်းယူခဲ့ပါတယ်။

ZawGyi

တစ္ႏွစ္တာအေကာင္းဆုံးဂိုးဆု ဆန္ကာတင္စာရင္းမွာ ပါဝင္လာမယ့္ စပါးစ္စတားႏြမ္ဘီလီရဲ႕ဂိုး

စပါးစ္စတားတန္ေဂးႏြန္ဘီလီဟာမေန႔ညတုန္းကရွက္ဖီးလ္ယူႏိုက္တက္အားအႏိုင္ရတဲ့ပြဲမွာပရီးမီးယားလိဂ္ တစ္ႏွစ္တာအေကာင္းဆုံးဂိုးဆုအတြက္ဆန္ကာတင္စာရင္းမွာပါဝင္လာဖို႔ေသခ်ာေနတဲ့ဂိုးအားသြင္းယူခဲ့ပါတယ္။

ေမာ္ရင္ဟိုရဲ႕စပါးစ္ဟာဘရာမဲလ္သို႔သြားေရာက္ကစားခဲ့ရၿပီးရွက္ဖီးလ္ယူႏိုက္တက္ကို၃-၁ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။

လိုင္ယြန္ကေနေပါင္၆၅သန္းနဲ႔ေျပာင္းလာခဲ့တဲ့ျပင္သစ္စတားဟာစပါးစ္အတြက္အႏိုင္ေသခ်ာေစမယ့္ပြဲသိမ္းဂိုးကို သြင္းယူခဲ့တာျဖစ္ၿပီးယင္းဂိုးကတစ္ႏွစ္တာအေကာင္းဆုံးဂိုးဆုအတြက္ဆန္ကာတင္စာရင္းမွာပါဝင္လာဖို႔ေသခ်ာေနပါတယ္။

ႏြမ္ဘီလီဟာစတီဗင္ဘတ္ဝင္းရဲ႕ရွက္ဖီးလ္ေနာက္ခံလူသုံးဦးကိုေက်ာ္ၿပီးအသာမကာေပးလိုက္တဲ့ေဘာလုံးကေန ပင္နယ္တီဧရိယာဘယ္ျခမ္းကေနညာေျချဖင့္ေနာက္ျပန္ကန္ခဲ့တာျဖစ္ပါတယ္။ႏြမ္ဘီလီရဲ႕ကန္လိုက္တဲ့ေဘာလုံး ဟာရွက္ဖီးလ္ဂိုးသမားရမ္ဒဲလ္ကိုေက်ာ္ၿပီးဂိုးဝင္သြားခဲ့ပါတယ္။

ရွက္ဖီးလ္ယူႏိုက္တက္ႏွင့္ပြဲတြင္စပါးစ္အတြက္က်န္ႏွစ္ဂိုးကိုအူရီယာႏွင့္ဟယ္ရီကိန္းတို႔ကသြင္းယူခဲ့ၿပီးအိမ္ရွင္အ တြက္ေခ်ပဂိုးကိုမက္ဂိုးရစ္ကသြင္းယူခဲ့ပါတယ္။