တစ်နှစ်လုပ်ခပေါင် ၁၀သန်းဖြင့်ကမ်းလှမ်းမှုကို စဉ်းစားနေပြီး လာမယ့်အပတ်တွင် အနာဂတ်ကို လင်ဂတ်ဆုံးဖြတ်မည်

ဂျက်စီလင်ဂတ်ဟာဆော်ဒီကလပ်တစ်ခုထံမှတစ်နှစ်လုပ်ခပေါင်၁၀သန်းတန်ကမ်းလှမ်းမှုကိုစဉ်းစားလျက်ရှိနေပါတယ်။

အသက်၂၉နှစ်ရှိလင်ဂတ်ဟာ၂၀၂၁/၂၂ဘောလုံးရာသီအကုန်တွင်စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက်၂၂နှစ်ကြာပတ်သက်လာခဲ့တဲ့ယူနိုက်တက်မှထွက်ခွာခဲ့သူဖြစ်ပါတယ်။

လင်ဂတ်ဟာကလပ်အမြောက်အမြားတို့ရဲ့စိတ်ဝင်စားခြင်းခံနေရပြီးဆော်ဒီကလပ်တစ်ခုကသူ့ကိုမငြင်းပယ်နိုင်တဲ့လုပ်ခဖြင့်ကမ်းလှမ်းမှုပြုလုပ်ထားပါတယ်။

The Athletic ရဲ့ဖော်ပြချက်အရလင်ဂတ်ဟာကမ်းလှမ်းမှုကိုစဉ်းစားလျက်ရှိပြီးလာမယ့်အပတ်တွင်အနာဂတ်ကိုဆုံးဖြတ်သွားဖို့ရှိနေပါတယ်။

လင်ဂတ်ရဲ့ယူနိုက်တက်ကစားဖော်ဟောင်းခရစ္စတီယာနိုရော်နယ်ဒိုမှာလည်းအမည်မဖော်လိုတဲ့ဆော်ဒီကလပ်တစ်ခုထံမှတစ်နှစ်လုပ်ခပေါင်၁၀၅သန်းတန်၂နှစ်စာချုပ်ကမ်းလှမ်းခံရပေမဲ့ပယ်ချခဲ့ပါတယ်။

လင်ဂတ်ဆွေးနွေးနေတဲ့ကလပ်များတွင်ယူနိုက်တက်ဂန္ထဝင်ဝိန်းရွန်းနီကိုင်တွယ်နေတဲ့ဒီစီယူနိုက်တက်လည်းပါဝင်ပါတယ်။

ZawGyi






