တစ်နှစ်လုပ်ခပေါင် ၁၉၄ သန်းတန်စာချုပ်ကိစ္စဆွေးနွေးရန် ဆော်ဒီသို့ ရောက်နေတဲ့ မက်ဆီရဲ့ဖခင်

လီယွန်နယ်မက်ဆီဟာဆော်ဒီကလပ်တစ်ခုရဲ့တစ်နှစ်လုပ်ခပေါင်၁၉၄သန်းတန်စာချုပ်ဖြင့်ကမ်းလှမ်းခြင်းခံထားရကြောင်းသိရပါတယ်။

အသက်၃၅နှစ်ရှိမက်ဆီဟာပီအက်စ်ဂျီနှင့်စာချုပ်သက်တမ်းမတိုးပါကလာမယ့်နွေရာသီတွင်စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပါမယ်။

ပီအက်စ်ဂျီကမက်ဆီကိုစာချုပ်သစ်ချုပ်ဆိုရေးကြိုးပမ်းနေပေမဲ့လည်းဆော်ဒီအကြီးအကဲများကလည်းကမ္ဘာ့ဘောလုံးစူပါစတားကိုအရှေ့အလယ်ပိုင်းသို့ခေါ်ဆောင်နိုင်ရေးအတွက်လုပ်ဆောင်နေပါတယ်။

ဆော်ဒီစူပါလိဂ်ဟာပြီးခဲ့တဲ့ဒီဇင်ဘာလတုန်းကခရစ္စတီယာနိုရော်နယ်ဒိုကိုအားကစားသမိုင်းတွင်အကြီးမားဆုံးလုပ်ခအဖြစ်တစ်နှစ်လုပ်ခပေါင်၁၇၇သန်းဖြင့်ခေါ်ယူထားပြီဖြစ်ပါတယ်။တကယ်လို့များမက်ဆီသာရောက်လာမည်ဆိုပါကဆော်ဒီစူပါလိဂ်မှာကမ္ဘာ့လူစိတ်ဝင်အစားဆုံးလိဂ်များထဲမှတစ်ခုဖြစ်လာဖို့သေချာနေပါတယ်။

ယခုအပတ်အစောပိုင်းတုန်းကမက်ဆီရဲ့ဖခင်ဂျော့ဟာ Riyadh သိုရောက်လာပြီး Mahd Sports Academy အကြီးအကဲပရော်ဖက်ဆာအက်ဒူလာဟမ်ကမ်၊အားကစားဝန်ကြီးမင်းသားအဒူဂျာဇစ်အယ်ဖိုင်ဆယ်နှင့်နီးစပ်သူတစ်ဦးတို့နှင့်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်းသိရပါတယ်။

မက်ဆီဟာSaudi Arabia Tourist Boardရဲ့သံတမန်တစ်ဦးဖြစ်ပြီးဖခင်ဖြစ်သူရောက်လာမှုမှာယင်းရဲ့အစိတ်အပိုင်းတစ်ရပ်အဖြစ်ရောက်လာတာဖြစ်ဖွယ်ရှိပါတယ်။

ဒါပေမဲ့Marca ကဆော်ဒီကလပ်တစ်ခုဟာမက်ဆီဟာတစ်နှစ်လုပ်ခပေါင်၁၉၄သန်းတန်စာချုပ်ဖြင့်ကမ်းလှမ်းမှုပြုလုပ်ထားကြောင်းဖော်ပြသွားပါတယ်။

လက်ရှိအချိန်တွင်မက်ဆီကိုဘယ်ဆော်ဒီကလပ်ကကမ်းလှမ်းထားသလဲဆိုတာမသိရသေးပေမဲ့လည်း Al Hilal ကလပ်ကဖြစ်လာဖို့ရှိနေကြောင်းသိရပါတယ်။

မက်ဆီဟာယခုရာသီအကုန်တွင်ပီအက်စ်ဂျီနှင့်စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီးအသင်းဟောင်းဘာစီလိုနာ၊အမေရိကန်မေဂျာလိဂ်ကလပ်အင်တာမီယာမီတို့ရဲ့ဆက်သွယ်ခြင်းခံနေရသူဖြစ်ပါတယ်။

မက်ဆီဟာဒီဇင်ဘာလတုန်းကအာဂျင်တီးနားကိုကမ္ဘာဖ့လားချန်ပီယံဖြစ်အောင်အဓိကနေရာမှစွမ်းဆောင်ပေးခဲ့သူဖြစ်ပြီးလက်ရှိအချိန်တွင်ကမ္ဘာ့အကောင်းဆုံးကစားသမားများထဲမှတစ်ဦးအဖြစ်ရပ်တည်နေဆဲကစားသမားဖြစ်ပါတယ်။

သူဟာယခုရာသီတွင်ပီအက်စ်ဂျီအတွက်ပြိုင်ပွဲအရပ်ရပ်တွင်၃၁ပွဲကစားထားရာမှာ၁၈ဂိုးသွင်းပြီး၁၇ကြိမ်ဖန်တီးထားပါတယ်။

ZawGyi

တစ္ႏွစ္လုပ္ခေပါင္ ၁၉၄ သန္းတန္စာခ်ဳပ္ကိစၥေဆြးေႏြးရန္ ေဆာ္ဒီသို႔ ေရာက္ေနတဲ့ မက္ဆီရဲ႕ဖခင္

လီယြန္နယ္မက္ဆီဟာေဆာ္ဒီကလပ္တစ္ခုရဲ႕တစ္ႏွစ္လုပ္ခေပါင္၁၉၄သန္းတန္စာခ်ဳပ္ျဖင့္ကမ္းလွမ္းျခင္းခံထားရေၾကာင္းသိရပါတယ္။

အသက္၃၅ႏွစ္ရွိမက္ဆီဟာပီအက္စ္ဂ်ီႏွင့္စာခ်ဳပ္သက္တမ္းမတိုးပါကလာမယ့္ေႏြရာသီတြင္စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ပါမယ္။

ပီအက္စ္ဂ်ီကမက္ဆီကိုစာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးႀကိဳးပမ္းေနေပမဲ့လည္းေဆာ္ဒီအႀကီးအကဲမ်ားကလည္းကမာၻ႔ေဘာလုံးစူပါစတားကိုအေရွ႕အလယ္ပိုင္းသို႔ေခၚေဆာင္ႏိုင္ေရးအတြက္လုပ္ေဆာင္ေနပါတယ္။

ေဆာ္ဒီစူပါလိဂ္ဟာၿပီးခဲ့တဲ့ဒီဇင္ဘာလတုန္းကခရစၥတီယာႏိုေရာ္နယ္ဒိုကိုအားကစားသမိုင္းတြင္အႀကီးမားဆုံးလုပ္ခအျဖစ္တစ္ႏွစ္လုပ္ခေပါင္၁၇၇သန္းျဖင့္ေခၚယူထားၿပီျဖစ္ပါတယ္။တကယ္လို႔မ်ားမက္ဆီသာေရာက္လာမည္ဆိုပါကေဆာ္ဒီစူပါလိဂ္မွာကမာၻ႔လူစိတ္ဝင္အစားဆုံးလိဂ္မ်ားထဲမွတစ္ခုျဖစ္လာဖို႔ေသခ်ာေနပါတယ္။

ယခုအပတ္အေစာပိုင္းတုန္းကမက္ဆီရဲ႕ဖခင္ေဂ်ာ့ဟာ Riyadh သိုေရာက္လာၿပီး Mahd Sports Academy အႀကီးအကဲပေရာ္ဖက္ဆာအက္ဒူလာဟမ္ကမ္၊အားကစားဝန္ႀကီးမင္းသားအဒူဂ်ာဇစ္အယ္ဖိုင္ဆယ္ႏွင့္နီးစပ္သူတစ္ဦးတို႔ႏွင့္ေတြ႕ဆုံေဆြးေႏြးမႈမ်ားျပဳလုပ္ခဲ့ေၾကာင္းသိရပါတယ္။

မက္ဆီဟာSaudi Arabia Tourist Boardရဲ႕သံတမန္တစ္ဦးျဖစ္ၿပီးဖခင္ျဖစ္သူေရာက္လာမႈမွာယင္းရဲ႕အစိတ္အပိုင္းတစ္ရပ္အျဖစ္ေရာက္လာတာျဖစ္ဖြယ္ရွိပါတယ္။

ဒါေပမဲ့Marca ကေဆာ္ဒီကလပ္တစ္ခုဟာမက္ဆီဟာတစ္ႏွစ္လုပ္ခေပါင္၁၉၄သန္းတန္စာခ်ဳပ္ျဖင့္ကမ္းလွမ္းမႈျပဳလုပ္ထားေၾကာင္းေဖာ္ျပသြားပါတယ္။

လက္ရွိအခ်ိန္တြင္မက္ဆီကိုဘယ္ေဆာ္ဒီကလပ္ကကမ္းလွမ္းထားသလဲဆိုတာမသိရေသးေပမဲ့လည္း Al Hilal ကလပ္ကျဖစ္လာဖို႔ရွိေနေၾကာင္းသိရပါတယ္။

မက္ဆီဟာယခုရာသီအကုန္တြင္ပီအက္စ္ဂ်ီႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီးအသင္းေဟာင္းဘာစီလိုနာ၊အေမရိကန္ေမဂ်ာလိဂ္ကလပ္အင္တာမီယာမီတို႔ရဲ႕ဆက္သြယ္ျခင္းခံေနရသူျဖစ္ပါတယ္။

မက္ဆီဟာဒီဇင္ဘာလတုန္းကအာဂ်င္တီးနားကိုကမာၻဖ့လားခ်န္ပီယံျဖစ္ေအာင္အဓိကေနရာမွစြမ္းေဆာင္ေပးခဲ့သူျဖစ္ၿပီးလက္ရွိအခ်ိန္တြင္ကမာၻ႔အေကာင္းဆုံးကစားသမားမ်ားထဲမွတစ္ဦးအျဖစ္ရပ္တည္ေနဆဲကစားသမားျဖစ္ပါတယ္။

သူဟာယခုရာသီတြင္ပီအက္စ္ဂ်ီအတြက္ၿပိဳင္ပြဲအရပ္ရပ္တြင္၃၁ပြဲကစားထားရာမွာ၁၈ဂိုးသြင္းၿပီး၁၇ႀကိမ္ဖန္တီးထားပါတယ္။