တစ်ပတ်ကြာသပိတ်မှောက်မှုပြုလုပ်ရန် အသင့်ဖြစ်နေတဲ့ အင်္ဂလန်ကလပ်များ

အင်္ဂလန်မှဘောလုံးကလပ်များဟာဆိုရှယ်မီဒီယာကိုတစ်ပတ်ကြာသပိတ်မှောက်ရန်ဆွေးနွေးမှုများပြုလုပ်သွားကြမှာဖြစ်ကြောင်းသိရပါတယ်။

အင်္ဂလန်မှကလပ်များဟာကစားသမားများ၊ကလပ်များကိုဆိုရှယ်မီဒီယာတွင်ပရိသတ်များကလိင်ပိုင်းဆိုင်ရာတိုက်ခိုက်ရေးသားခြင်း၊လူမျိုးရေးခွဲခြားတိုက်ခိုက်ခြင်းတို့ပြုလုပ်လာမှုကြောင့်ယင်းသို့ဆိုရှယ်မီဒီယာများကိုတစ်ပတ်ကြာသပိတ်မှောက်အသုံးမပြုရန်စီစဉ်နေကြတာလည်းဖြစ်ပါတယ်။

ယင်းသို့တစ်ပတ်ကြာဆိုရှယ်မီဒီယာအသုံးမပြုမှုကြောင့်ကလပ်များအနေဖြင့်သူတို့ရဲ့ဆိုက်များကိုရှင်းလင်းမှုပြုလုပ် လာနိုင်ကြပါမယ်။

အင်္ဂလိပ်ဘောလုံးလိဂ်ဥက္ကဌနှင့်အမှုဆောင်များဟာလာမယ့်အပတ်မှာကျင်းပမယ့်လစဉ်တွေ့ဆုံဆွေးနွေးပွဲမှာဆိုရှယ်မီဒီယာကိုသပိတ်မှောက်ရေးထည့်သွင်းဆွေးနွေးသွားကြပါမယ်။

လိဂ်၂မှကလပ်များဟာလည်းပြီးခဲ့တဲ့ရက်သတ္တပတ်များအတွင်းမှာပရိသတ်များရဲ့တိုက်ခိုက်မှုများခံလာခဲ့ရမှုနဲ့အတူ ပါဝင်လာရန်သေချာနေပြီးချန်ပီယံရှစ်၊လိဂ်၁နှင့်လိဂ်၂တို့မှကလပ်များအပြင်ကစားသမားများ၊ဝန်ထမ်းများလည်းပါဝင်လာကြရန်အလိုရှိနေပါတယ်။

၎င်းတို့ကယင်းသို့စုစည်းလုပ်ဆောင်မှုပြုလုပ်လာလျှင်ပရီးမီးယားလိဂ်လည်းပါဝင်လာမယ်လို့ယုံကြည်နေပါတယ်။ ပရီးမီးယားလိဂ်ကလပ်များမှကစားသမားတို့ဟာပြီးခဲ့တဲ့ရက်သတ္တပတ်များအတွင်းတွင်လူမျိုးရေးခွဲခြားမှုများ၊အ သက်အန္တရာယ်ခြိမ်းခြောက်မှုများနှင့်ရင်ဆိုင်ခဲ့ရပါတယ်။

အခြားတစ်ဖက်မှာကလပ်များ၊ကစားသမားတို့အနေဖြင့်ဆိုရှယ်မီဒီယာအသုံးမပြုမှုကြောင့်ဝင်ငွေကျဆင်းမှုနှင့် လည်းကြုံတွေ့လာကြရပါမယ်။

မန်ယူတိုက်စစ်မှူးရပ်ရှ်ဖို့ဒ်ဟာအာဆင်နယ်နှင့်ဂိုးမရှိသရေကျတဲ့ပွဲအပြီးမှာလူမျိုးရေးခွဲခြားဆက်ဆံခံခဲ့ရသလိုတွန်ဇွမ်ဘီ၊မာရှယ်တို့မှာလည်းရှက်ဖီးလ်ယူနိုက်တက်ကိုရှုံးနိမ့်ပြီးနောက်လူမျိုးရေးခွဲခြားတိုက်ခိုက်မှုများခံခဲ့ရပါတယ်။ ချဲလ်ဆီးမှရီစီဂျိမ်းစ်နှင့်ဆောက်သမ်တန်မှအဲလက်စ်ဂျန်ကီဝစ်ဇ်တို့မှာလည်းပြီးခဲ့တဲ့အပတ်တုန်းကတိုက်ခိုက်မှုများ ခံခဲ့ရပါတယ်။

ZawGyi

တစ္ပတ္ၾကာ သပိတ္ေမွာက္မႈျပဳလုပ္ရန္ အသင့္ျဖစ္ေနတဲ့ အဂၤလန္ကလပ္မ်ား

အဂၤလန္မွေဘာလုံးကလပ္မ်ားဟာဆိုရွယ္မီဒီယာကိုတစ္ပတ္ၾကာသပိတ္ေမွာက္ရန္ေဆြးေႏြးမႈမ်ားျပဳလုပ္သြားၾကမွာျဖစ္ေၾကာင္းသိရပါတယ္။

အဂၤလန္မွကလပ္မ်ားဟာကစားသမားမ်ား၊ကလပ္မ်ားကိုဆိုရွယ္မီဒီယာတြင္ပရိသတ္မ်ားကလိင္ပိုင္းဆိုင္ရာတိုက္ခိုက္ေရးသားျခင္း၊လူမ်ိဳးေရးခြဲျခားတိုက္ခိုက္ျခင္းတို႔ျပဳလုပ္လာမႈေၾကာင့္ယင္းသို႔ဆိုရွယ္မီဒီယာမ်ားကိုတစ္ပတ္ၾကာသပိတ္ေမွာက္အသုံးမျပဳရန္စီစဥ္ေနၾကတာလည္းျဖစ္ပါတယ္။

ယင္းသို႔တစ္ပတ္ၾကာဆိုရွယ္မီဒီယာအသုံးမျပဳမႈေၾကာင့္ကလပ္မ်ားအေနျဖင့္သူတို႔ရဲ႕ဆိုက္မ်ားကိုရွင္းလင္းမႈျပဳလုပ္ လာႏိုင္ၾကပါမယ္။

အဂၤလိပ္ေဘာလုံးလိဂ္ဥကၠဌႏွင့္အမႈေဆာင္မ်ားဟာလာမယ့္အပတ္မွာက်င္းပမယ့္လစဥ္ေတြ႕ဆုံေဆြးေႏြးပြဲမွာဆိုရွယ္မီဒီယာကိုသပိတ္ေမွာက္ေရးထည့္သြင္းေဆြးေႏြးသြားၾကပါမယ္။

လိဂ္၂မွကလပ္မ်ားဟာလည္းၿပီးခဲ့တဲ့ရက္သတၱပတ္မ်ားအတြင္းမွာပရိသတ္မ်ားရဲ႕တိုက္ခိုက္မႈမ်ားခံလာခဲ့ရမႈနဲ႔အတူ ပါဝင္လာရန္ေသခ်ာေနၿပီးခ်န္ပီယံရွစ္၊လိဂ္၁ႏွင့္လိဂ္၂တို႔မွကလပ္မ်ားအျပင္ကစားသမားမ်ား၊ဝန္ထမ္းမ်ားလည္းပါဝင္လာၾကရန္အလိုရွိေနပါတယ္။

၎တို႔ကယင္းသို႔စုစည္းလုပ္ေဆာင္မႈျပဳလုပ္လာလွ်င္ပရီးမီးယားလိဂ္လည္းပါဝင္လာမယ္လို႔ယုံၾကည္ေနပါတယ္။ ပရီးမီးယားလိဂ္ကလပ္မ်ားမွကစားသမားတို႔ဟာၿပီးခဲ့တဲ့ရက္သတၱပတ္မ်ားအတြင္းတြင္လူမ်ိဳးေရးခြဲျခားမႈမ်ား၊အ သက္အႏၲရာယ္ၿခိမ္းေျခာက္မႈမ်ားႏွင့္ရင္ဆိုင္ခဲ့ရပါတယ္။

အျခားတစ္ဖက္မွာကလပ္မ်ား၊ကစားသမားတို႔အေနျဖင့္ဆိုရွယ္မီဒီယာအသုံးမျပဳမႈေၾကာင့္ဝင္ေငြက်ဆင္းမႈႏွင့္ လည္းႀကဳံေတြ႕လာၾကရပါမယ္။

မန္ယူတိုက္စစ္မႉးရပ္ရွ္ဖို႔ဒ္ဟာအာဆင္နယ္ႏွင့္ဂိုးမရွိသေရက်တဲ့ပြဲအၿပီးမွာလူမ်ိဳးေရးခြဲျခားဆက္ဆံခံခဲ့ရသလိုတြန္ဇြမ္ဘီ၊မာရွယ္တို႔မွာလည္းရွက္ဖီးလ္ယူႏိုက္တက္ကိုရႈံးနိမ့္ၿပီးေနာက္လူမ်ိဳးေရးခြဲျခားတိုက္ခိုက္မႈမ်ားခံခဲ့ရပါတယ္။ ခ်ဲလ္ဆီးမွရီစီဂ်ိမ္းစ္ႏွင့္ေဆာက္သမ္တန္မွအဲလက္စ္ဂ်န္ကီဝစ္ဇ္တို႔မွာလည္းၿပီးခဲ့တဲ့အပတ္တုန္းကတိုက္ခိုက္မႈမ်ား ခံခဲ့ရပါတယ္။