တစ်ပတ်လုပ်ခပေါင်၃၂၀၀၀၀တန်စာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေးမှု အဆင်မပြေဖြစ်သွားတဲ့စတာလင်း

ရာဟမ်းစတာလင်းဟာမန်စီးတီးနှင့်တစ်ပတ်လုပ်ခပေါင်၃၂၀၀၀၀အထိတိုးမြှင့်ပြီးစာချုပ်သစ်ချုပ်ဆိုရေးအတွက်ဆွေးနွေးမှုအားအပြီးသတ်လုနီးပါးအခြေအနေတွင်ရှိနေပြီးမှအဆင်မပြေဖြစ်သွားခဲ့ကြောင်းသိရပါတယ်။။

မန်စီးတီးနှင့်တောင်ပံတိုက်စစ်သမားစတာလင်းတို့ဟာစာချုပ်သစ်ချုပ်ဆိုရေးအတွက်ယခုရာသီအစောပိုင်းကတည်းကဆွေးနွေးလာခဲ့ကြတာဖြစ်ပြီးယခုအခါအပြီးသတ်လုနီးပါးဖြစ်နေခဲ့တာပါ။

အသက်၂၆နှစ်ရှိစတာလင်းဟာလက်ရှိအချိန်တွင်မန်စီးတီးမှာတစ်ပတ်လုပ်ခပေါင်၂၆၀၀၀၀ရရှိနေပါတယ်။ဒါပေမယ့်သူဟာသူ့ရဲ့အေးဂျင့်အိုင်ဒီဝတ်ဒ်နှင့်လမ်းခွဲလိုက်မှုနဲ့အတူမန်စီးတီးနှင့်စာချုပ်သစ်ချုပ်ဆိုရေးဆွေးနွေးမှုကိုရွှေ့ဆိုင်းခဲ့ရပြီးစာချုပ်သစ်ကိစ္စဆွေးနွေးမှုမှာလည်းအေးစက်သွားခဲ့တာပါ။

ယခုအခါစတာလင်းဟာသူ့ရဲ့ရှေ့နေများကိုစာချုပ်သစ်ချုပ်ဆိုရေးအတွက်ဆွေးနွေးရန်လွဲပြောင်းပေးထားပြီးဗြိတိန်မီဒီယာများရဲ့ဖော်ပြချက်အရနောက်တစ်ကြိမ်ဆွေးနွေးမှုပြုလုပ်ပြီးချိန်တွင်အပြီးသတ်နိုင်မယ့်အနေအထားမျိုးတွင်ရှိနေကြောင်းသိရပါတယ်။

မန်စီးတီးဟာစတာလင်းကဲ့သို့ပင်၂၀၂၃ခုနှစ်တွင်စာချုပ်သက်တမ်းကုန်ဆုံးမယ့်ကွင်းလယ်ကစားသမားကီဗင်ဒီဘရိုင်းကိုလည်းစာချုပ်သစ်ချုပ်ဆိုရန်ဆွေးနွေးနေပါတယ်။

မန်စီးတီးဟာဇူလိုင်လတွင်စာချုပ်သက်တမ်းကုန်ဆုံးမယ့်ဆာဂျီယိုအဂူရို၊ဖာနန်ဒင်ဟိုတို့ကိုလည်းစာချုပ်သစ်ချုပ်ဆိုရေးအတွက်ဆွေးနွေးရန်စီစဉ်နေပါတယ်။

ZawGyi

တစ္ပတ္လုပ္ခေပါင္၃၂၀၀၀၀တန္စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္ ေဆြးေႏြးမႈ အဆင္မေျပျဖစ္သြားတဲ့စတာလင္း

ရာဟမ္းစတာလင္းဟာမန္စီးတီးႏွင့္တစ္ပတ္လုပ္ခေပါင္၃၂၀၀၀၀အထိတိုးျမႇင့္ၿပီးစာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးအတြက္ေဆြးေႏြးမႈအားအၿပီးသတ္လုနီးပါးအေျခအေနတြင္ရွိေနၿပီးမွအဆင္မေျပျဖစ္သြားခဲ့ေၾကာင္းသိရပါတယ္။။

မန္စီးတီးႏွင့္ေတာင္ပံတိုက္စစ္သမားစတာလင္းတို႔ဟာစာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးအတြက္ယခုရာသီအေစာပိုင္းကတည္းကေဆြးေႏြးလာခဲ့ၾကတာျဖစ္ၿပီးယခုအခါအၿပီးသတ္လုနီးပါးျဖစ္ေနခဲ့တာပါ။

အသက္၂၆ႏွစ္ရွိစတာလင္းဟာလက္ရွိအခ်ိန္တြင္မန္စီးတီးမွာတစ္ပတ္လုပ္ခေပါင္၂၆၀၀၀၀ရရွိေနပါတယ္။ဒါေပမယ့္သူဟာသူ႔ရဲ႕ေအးဂ်င့္အိုင္ဒီဝတ္ဒ္ႏွင့္လမ္းခြဲလိုက္မႈနဲ႔အတူမန္စီးတီးႏွင့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးေဆြးေႏြးမႈကိုေ႐ႊ႕ဆိုင္းခဲ့ရၿပီးစာခ်ဳပ္သစ္ကိစၥေဆြးေႏြးမႈမွာလည္းေအးစက္သြားခဲ့တာပါ။

ယခုအခါစတာလင္းဟာသူ႔ရဲ႕ေရွ႕ေနမ်ားကိုစာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးအတြက္ေဆြးေႏြးရန္လြဲေျပာင္းေပးထားၿပီးၿဗိတိန္မီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရေနာက္တစ္ႀကိမ္ေဆြးေႏြးမႈျပဳလုပ္ၿပီးခ်ိန္တြင္အၿပီးသတ္ႏိုင္မယ့္အေနအထားမ်ိဳးတြင္ရွိေနေၾကာင္းသိရပါတယ္။

မန္စီးတီးဟာစတာလင္းကဲ့သို႔ပင္၂၀၂၃ခုႏွစ္တြင္စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္ကြင္းလယ္ကစားသမားကီဗင္ဒီဘ႐ိုင္းကိုလည္းစာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္ေဆြးေႏြးေနပါတယ္။

မန္စီးတီးဟာဇူလိုင္လတြင္စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္ဆာဂ်ီယိုအဂူ႐ို၊ဖာနန္ဒင္ဟိုတို႔ကိုလည္းစာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးအတြက္ေဆြးေႏြးရန္စီစဥ္ေနပါတယ္။