တစ်ပတ်လုပ်ခပေါင် ၉၅၀၀၀ ရရှိနေပေမဲ့ သီးသန့် Video Messages အတွက် ပရိသတ်များထံမှ ပေါင် ၃၀၀ ရယူနေတဲ့ တီယာဂိုဆေးလ်ဗား

ချဲလ်ဆီးနောက်ခံလူတီယာဂိုဆေးလ်ဗားဟာစတမ်းဖို့ဒ်ဘရစ်ချ်တွင်တစ်ပတ်လုပ်ခပေါင်၉၅၀၀၀အထိရရှိနေပေမဲ့လည်း သီးသန့် Video Messages ဝန်ဆောင်မှုအတွက် ပရိသတ်များထံမှပေါင်၃၀၀ ရယူနေပါတယ်။

အသက်၃၇နှစ်ရှိဘရာဇီးဗဟိုနောက်ခံလူဟာ Video Messaging ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Cameo မှတဆင့်ဝန်ဆောင်မှုပေးနေသူလည်းဖြစ်ပါတယ်။ယင်းဝက်ဘ်ဆိုက်မှတဆင့်ပရိသတ်များအနေဖြင့် ၎င်းတို့စိတ်ကြိုက်စယ်လီဘရီတို့ထံမှ မွေးနေ့ဆုတောင်းများ ရယူနိုင်ပါမယ်။

ဘရာဇီးလက်ရွေးစင်နောက်ခံလူဟာ Video Message တစ်ကြိမ်စီအတွက် ပေါင်၃၀၀အထိ ရယူနေပါတယ်။

ဒါကြောင့်လည်းပရိသတ်များကချဲလ်ဆီးတွင်လုပ်ခများစွာရရှိနေပမဲ့အပိုဝင်ငွေရှာဖွေနေတဲ့တီယာဂိုဆေးလ်ဗားရဲ့လုပ်ဆောင်မှုကိုမေးခွန်းထုတ်နေကြပါတယ်။

ပရိသတ်တစ်ဦးက “တစ်ပတ်ပေါင်၉၅၀၀၀ရရှိနေတာတောင်သူ့အတွက်မလုံလောက်ဘူးလား။သူ့အနေနဲ့ငွေထပ်လိုချင်ရင်အေဘရာမိုဗစ်မထွက်ခွာသွားခင်ရုရှားရူဘယ်လေးနည်းနည်းလောက်တောင်းထားလိုက်သင့်တယ်”လို့ပြောကြားသွားပါတယ်။

ဒါပေမဲ့တီယာဂိုဆေးလ်ဗားဟာယင်းဝက်ဘ်ဆိုက်မှာတော့ ပရိသတ်များရဲ့ကြယ်ငါးပွင့်အဆင့် Rating ပေးခံထားရပါတယ်။

ဆေးလ်ဗားရဲ့ဘရာဇီးကစားဖော်များဖြစ်ကြတဲ့မာကွင်ဟို့စ်နှင့်ဝီလီယံတို့ကလည်းယင်းဝန်ဆောင်မှုပြုလုပ်နေသလို ချဲလ်ဆီးကစားဖော်ဂျော်ဂျင်ဟိုလည်း စာရင်းတင်ထားပါတယ်။ဒါပေမဲ့အီတလီကွင်းလယ်ကစားသမားကတော့ဝန်ဆောင်မှုစတင်မပြုလုပ်သေးပါဘူး။

ZawGyi

တစ္ပတ္လုပ္ခေပါင္ ၉၅၀၀၀ ရရွိေနေပမဲ့ သီးသန႔္ Video Messages အတြက္ ပရိသတ္မ်ားထံမွ ေပါင္ ၃၀၀ ရယူေနတဲ့ တီယာဂိုေဆးလ္ဗား

ခ်ဲလ္ဆီးေနာက္ခံလူတီယာဂိုေဆးလ္ဗားဟာစတမ္းဖို႔ဒ္ဘရစ္ခ်္တြင္တစ္ပတ္လုပ္ခေပါင္၉၅၀၀၀အထိရရွိေနေပမဲ့လည္း သီးသန႔္ Video Messages ဝန္ေဆာင္မႈအတြက္ ပရိသတ္မ်ားထံမွေပါင္၃၀၀ ရယူေနပါတယ္။

အသက္၃၇ႏွစ္ရွိဘရာဇီးဗဟိုေနာက္ခံလူဟာ Video Messaging ဝက္ဘ္ဆိုက္တစ္ခုျဖစ္တဲ့ Cameo မွတဆင့္ဝန္ေဆာင္မႈေပးေနသူလည္းျဖစ္ပါတယ္။ယင္းဝက္ဘ္ဆိုက္မွတဆင့္ပရိသတ္မ်ားအေနျဖင့္ ၎တို႔စိတ္ႀကိဳက္စယ္လီဘရီတို႔ထံမွ ေမြးေန႔ဆုေတာင္းမ်ား ရယူႏိုင္ပါမယ္။

ဘရာဇီးလက္ေ႐ြးစင္ေနာက္ခံလူဟာ Video Message တစ္ႀကိမ္စီအတြက္ ေပါင္၃၀၀အထိ ရယူေနပါတယ္။

ဒါေၾကာင့္လည္းပရိသတ္မ်ားကခ်ဲလ္ဆီးတြင္လုပ္ခမ်ားစြာရရွိေနပမဲ့အပိုဝင္ေငြရွာေဖြေနတဲ့တီယာဂိုေဆးလ္ဗားရဲ႕လုပ္ေဆာင္မႈကိုေမးခြန္းထုတ္ေနၾကပါတယ္။

ပရိသတ္တစ္ဦးက “တစ္ပတ္ေပါင္၉၅၀၀၀ရရွိေနတာေတာင္သူ႔အတြက္မလုံေလာက္ဘူးလား။သူ႔အေနနဲ႔ေငြထပ္လိုခ်င္ရင္ေအဘရာမိုဗစ္မထြက္ခြာသြားခင္႐ုရွား႐ူဘယ္ေလးနည္းနည္းေလာက္ေတာင္းထားလိုက္သင့္တယ္”လို႔ေျပာၾကားသြားပါတယ္။

ဒါေပမဲ့တီယာဂိုေဆးလ္ဗားဟာယင္းဝက္ဘ္ဆိုက္မွာေတာ့ ပရိသတ္မ်ားရဲ႕ၾကယ္ငါးပြင့္အဆင့္ Rating ေပးခံထားရပါတယ္။

ေဆးလ္ဗားရဲ႕ဘရာဇီးကစားေဖာ္မ်ားျဖစ္ၾကတဲ့မာကြင္ဟို႔စ္ႏွင့္ဝီလီယံတို႔ကလည္းယင္းဝန္ေဆာင္မႈျပဳလုပ္ေနသလို ခ်ဲလ္ဆီးကစားေဖာ္ေဂ်ာ္ဂ်င္ဟိုလည္း စာရင္းတင္ထားပါတယ္။ဒါေပမဲ့အီတလီကြင္းလယ္ကစားသမားကေတာ့ဝန္ေဆာင္မႈစတင္မျပဳလုပ္ေသးပါဘူး။