
ဘင်းဖော်စတာကမန်ချက်စတာယူနိုက်တက်ကစားဖော်ဟောင်းများထဲမှတစ်ဦးမှာတစ်ပတ်လျှင်သုံးကြိမ်တည်းသာလေ့ကျင့်ခန်းဆင်းလေ့ရှိကြောင်းဖွင့်ချလာခဲ့ပါတယ်။
ဘင်းဖော်စတာဟာယူနိုက်တက်တွင်ကစားတဲ့သုံးရာသီအတွင်းတွင်၂၃ပွဲကစားခွင့်ရခဲ့သူဖြစ်ပြီး၂၀၀၈-၀၉နှင့်၂၀၀၉ -၁၀ရာသီတို့တွင်လိဂ်ဖလားဆွတ်ခူးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။
talkSPORT နှင့်အင်တာဗျူးတွင်ဘင်းဖော်စတာကယူနိုက်တက်ဂန္ထဝင်ဂိုးသမားအက်ဝင်းဗန်ဒါးဆားမှာတစ်ပတ်လျှင်သုံးရက်တည်းသာလေ့ကျင့်ခန်းဆင်းလေ့ရှိကြောင်းဖွင့်ချလာပါတယ်။
၎င်းက “အက်ဝင်းဗန်ဒါးဆားလုပ်တာမျိုးကိုယူနိုက်တက်မှာကမ္ဘာကဘယ်ဂိုးသမားမှလုပ်နိုင်မှာမဟုတ်ဘူး။တစ်ပတ်ကိုသုံးရက်လောက်ပဲလေ့ကျင့်ခန်းဆင်းတယ်။တခါတလေသောကြာနေ့လာတာမှတ်မိသေးတယ်။ရောက်လာတယ်။ဗော်လီကန်ချက်သုံးလေးချက်ကန်တာဖမ်းမယ်။ဖမ်းမမိတာမျိုးလည်းရှိတယ်။ဘောလုံးကိုနည်းနည်းဖိတယ်။ညှစ်တယ်။ ပြီးရင်ဂိုးနည်းပြကိုကြည့်မယ်။ပြီးရင်လေ့ကျင့်ပြီးပြီလို့ပြောမယ်။ဂိုးနည်းပြလည်းအေးဆေးပဲ။ပြီးရင်သူထွက်သွားတော့တာပဲ။အရေးအကြီးဆုံးကတော့စနေနေ့ပဲ။သူ့ခေါင်းထဲမှာအားလုံးရှိပြီးသား။ဘာလုပ်နေတယ်ဆိုတာသူ့ကိုယ်သူသိတယ်။သူကတကယ့်ဂိုးသမားတစ်ဦးပါ”လို့ပြောကြားသွားပါတယ်။
ဗန်ဒါးဆားဟာ၂၀၀၅ခုနှစ်တွင်ဖူလ်ဟမ်မှပြောင်းရွှေ့ကြေးပေါင်၂သန်းမျှဖြင့်ယူနိုက်တက်သို့ပြောင်းလာခဲ့သူဖြစ်ပါတယ်။
သူဟာယူနိုက်တက်တွင်ကစားတဲ့ခြောက်ရာသီအတွင်းတွင်ပွဲ၂၆၀ကစားခဲ့ကာပရီးမီးယားလိဂ်ဖလား၄ကြိမ်၊ကွန်မြူနတီဒိုင်း၃ကြိမ်၊လိဂ်ဖလား၂ကြိမ်၊ချန်ပီယံလိဂ်၁ကြိမ်နှင့်ဖီဖာကမ္ဘာ့ကလပ်ဖလား၁ကြိမ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။
သူဟာ၂၀၁၁ခုနှစ်ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင်ဘာစီလိုနာကိုရှုံးနိမ့်ပြီးနောက်အသက်၄၀နှစ်တွင်ကစားသမားဘဝမှအနားယူခဲ့ပါတယ်။
ယင်းနောက်သူဟာ၂၀၁၂ခုနှစ်တွင်အသင်းဟောင်းအေဂျက်စ်သို့ မတ်ကက်တင်းဒါရိုက်တာအဖြစ်စတင်တာဝန်ယူခဲ့ပြီး၂၀၁၆ခုနှစ်မှာစီးအီးအိုအဖြစ်တိုးမြှင့်ခန့်အပ်ခြင်းခံခဲ့ရပါတယ်။
ZawGyi
တစ္ပတ္လွ်င္ သုံးရက္တည္းသာ ေလ့က်င့္ခန္းဆင္းတဲ့ ေမာ္ဒန္ယူႏိုက္တက္သမိုင္းတြင္ အေကာင္းဆုံးကစားသမားမ်ားထဲမွ တစ္ဦး
ဘင္းေဖာ္စတာကမန္ခ်က္စတာယူႏိုက္တက္ကစားေဖာ္ေဟာင္းမ်ားထဲမွတစ္ဦးမွာတစ္ပတ္လွ်င္သုံးႀကိမ္တည္းသာေလ့က်င့္ခန္းဆင္းေလ့ရွိေၾကာင္းဖြင့္ခ်လာခဲ့ပါတယ္။
ဘင္းေဖာ္စတာဟာယူႏိုက္တက္တြင္ကစားတဲ့သုံးရာသီအတြင္းတြင္၂၃ပြဲကစားခြင့္ရခဲ့သူျဖစ္ၿပီး၂၀၀၈-၀၉ႏွင့္၂၀၀၉-၁၀ရာသီတို႔တြင္လိဂ္ဖလားဆြတ္ခူးႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။
talkSPORT ႏွင့္အင္တာဗ်ဴးတြင္ဘင္းေဖာ္စတာကယူႏိုက္တက္ဂႏၴဝင္ဂိုးသမားအက္ဝင္းဗန္ဒါးဆားမွာတစ္ပတ္လွ်င္သုံးရက္တည္းသာေလ့က်င့္ခန္းဆင္းေလ့ရွိေၾကာင္းဖြင့္ခ်လာပါတယ္။
၎က “အက္ဝင္းဗန္ဒါးဆားလုပ္တာမ်ိဳးကိုယူႏိုက္တက္မွာကမာၻကဘယ္ဂိုးသမားမွလုပ္ႏိုင္မွာမဟုတ္ဘူး။တစ္ပတ္ကိုသုံးရက္ေလာက္ပဲေလ့က်င့္ခန္းဆင္းတယ္။တခါတေလေသာၾကာေန႔လာတာမွတ္မိေသးတယ္။ေရာက္လာတယ္။ေဗာ္လီကန္ခ်က္သုံးေလးခ်က္ကန္တာဖမ္းမယ္။ဖမ္းမမိတာမ်ိဳးလည္းရွိတယ္။ေဘာလုံးကိုနည္းနည္းဖိတယ္။ညႇစ္တယ္။ ၿပီးရင္ဂိုးနည္းျပကိုၾကည့္မယ္။ၿပီးရင္ေလ့က်င့္ၿပီးၿပီလို႔ေျပာမယ္။ဂိုးနည္းျပလည္းေအးေဆးပဲ။ၿပီးရင္သူထြက္သြားေတာ့တာပဲ။အေရးအႀကီးဆုံးကေတာ့စေနေန႔ပဲ။သူ႔ေခါင္းထဲမွာအားလုံးရွိၿပီးသား။ဘာလုပ္ေနတယ္ဆိုတာသူ႔ကိုယ္သူသိတယ္။သူကတကယ့္ဂိုးသမားတစ္ဦးပါ”လို႔ေျပာၾကားသြားပါတယ္။
ဗန္ဒါးဆားဟာ၂၀၀၅ခုႏွစ္တြင္ဖူလ္ဟမ္မွေျပာင္းေ႐ႊ႕ေၾကးေပါင္၂သန္းမွ်ျဖင့္ယူႏိုက္တက္သို႔ေျပာင္းလာခဲ့သူျဖစ္ပါတယ္။
သူဟာယူႏိုက္တက္တြင္ကစားတဲ့ေျခာက္ရာသီအတြင္းတြင္ပြဲ၂၆၀ကစားခဲ့ကာပရီးမီးယားလိဂ္ဖလား၄ႀကိမ္၊ကြန္ျမဴနတီဒိုင္း၃ႀကိမ္၊လိဂ္ဖလား၂ႀကိမ္၊ခ်န္ပီယံလိဂ္၁ႀကိမ္ႏွင့္ဖီဖာကမာၻ႔ကလပ္ဖလား၁ႀကိမ္ဆြတ္ခူးႏိုင္ခဲ့ပါတယ္။
သူဟာ၂၀၁၁ခုႏွစ္ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတြင္ဘာစီလိုနာကိုရႈံးနိမ့္ၿပီးေနာက္အသက္၄၀ႏွစ္တြင္ကစားသမားဘဝမွအနားယူခဲ့ပါတယ္။
ယင္းေနာက္သူဟာ၂၀၁၂ခုႏွစ္တြင္အသင္းေဟာင္းေအဂ်က္စ္သို႔ မတ္ကက္တင္းဒါ႐ိုက္တာအျဖစ္စတင္တာဝန္ယူခဲ့ၿပီး၂၀၁၆ခုႏွစ္မွာစီးအီးအိုအျဖစ္တိုးျမႇင့္ခန႔္အပ္ျခင္းခံခဲ့ရပါတယ္။