လုပ်ခမြင့်မားစွာတောင်းနေ၍ မူစီယာလာနှင့်ဘိုင်ယန်အကြား စာချုပ်ကိစ္စ ဆွေးနွေးမှုအဆင်မပြေဖြစ်နေ

ဘိုင်ယန်မြူးနစ်နှင့်ဂျာမယ်မူစီယာလာတို့အကြားစာချုပ်သစ်ချုပ်ဆိုရေးဆွေးနွေးမှုမှာကစားသမားဘက်က လုပ်ခမြင့်မားစွာတောင်းဆိုနေမှုကြောင့်အဆင်မပြေဖြစ်လျက်ရှိကြောင်းသိရပါတယ်။

အသက်၁၇နှစ်ရှိသာရှိသေးတဲ့အင်္ဂလန်ယူ-၂၁လက်ရွေးစင်ဟာစာချုပ်သစ်အတွက်တစ်ပတ်လုပ်ခပေါင်၁၀၀၀၀၀ အထိရရှိနေလိုပြီးသူ့ရဲ့စာချုပ်ကိစ္စဆွေးနွေးမှုအခြေအနေအပေါ်လီဗာပူး၊မန်ယူ၊မန်စီးတီးတို့ကစောင့်ကြည့်လျက်ရှိကြပါတယ်။

မူစီယာလာဟာလက်ရှိအချိန်မှာလူငယ်ကစားသမားစာချုပ်သာရှိသေးပြီး၁၈လစာချုပ်သာကျန်ပါတော့တယ်။အကယ်၍စာချုပ်သစ်ကိစ္စဆွေးနွေးမှုအဆင်မပြေပါကမူစီယာလာအနေဖြင့်လာမယ့်နွေရာသီတွင်အသင်းပြောင်းရွှေ့ဖွယ်ရှိနေပါတယ်။

အင်္ဂလန်ယူ-၂၁လက်ရွေးစင်ဟာဘိုင်ယန်သမိုင်းတွင်အသက်အငယ်ဆုံးဘွန်ဒက်စ်လီဂါပွဲကစားသူနှင့်ဘွန်ဒက်စ်လီ ဂါဂိုးသွင်းသူစံချိန်အားရေးထိုးထားသူဖြစ်ပြီးယခုရာသီတွင်ဘိုင်ယန်အတွက်ပြိုင်ပွဲအရပ်ရပ်တွင်၁၈ပွဲကစားခွင့်ရရှိထားပါတယ်။

ဘိုင်ယန်ဟာမူစီယာလာကိုချဲလ်ဆီးအကယ်ဒမီမှအလကားနီးပါးဖြင့်ခေါ်ယူထားခဲ့တာဖြစ်ပြီး၎င်းကိုဆုံးရှုံးမှုမှာကလပ်အတွက်အနာဂတ်ကြယ်ပွင့်တစ်ဦးကိုဆုံးရှုံးတာဖြစ်လာပါမယ်။

သူဟာစတုဂတ်တွင်ဂျာမန်မိခင်နှင့်နိုင်ဂျီးရီးယား/ဗြိတိန်ဖခင်မှမွေးဖွားလာသူဖြစ်ပြီးအင်္ဂလန်သို့အသက်၈နှစ်အရွယ်ကတည်းကရောက်လာသူဖြစ်ပါတယ်။

ZawGyi

လုပ္ချမင့္မားစြာေတာင္းေန၍ မူစီယာလာႏွင့္ဘိုင္ယန္အၾကား စာခ်ဳပ္ကိစၥ ေဆြးေႏြးမႈအဆင္မေျပျဖစ္ေန

ဘိုင္ယန္ျမဴးနစ္ႏွင့္ဂ်ာမယ္မူစီယာလာတို႔အၾကားစာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးေဆြးေႏြးမႈမွာကစားသမားဘက္က လုပ္ချမင့္မားစြာေတာင္းဆိုေနမႈေၾကာင့္အဆင္မေျပျဖစ္လ်က္ရွိေၾကာင္းသိရပါတယ္။

အသက္၁၇ႏွစ္ရွိသာရွိေသးတဲ့အဂၤလန္ယူ-၂၁လက္ေ႐ြးစင္ဟာစာခ်ဳပ္သစ္အတြက္တစ္ပတ္လုပ္ခေပါင္၁၀၀၀၀၀ အထိရရွိေနလိုၿပီးသူ႔ရဲ႕စာခ်ဳပ္ကိစၥေဆြးေႏြးမႈအေျခအေနအေပၚလီဗာပူး၊မန္ယူ၊မန္စီးတီးတို႔ကေစာင့္ၾကည့္လ်က္ရွိၾကပါတယ္။

မူစီယာလာဟာလက္ရွိအခ်ိန္မွာလူငယ္ကစားသမားစာခ်ဳပ္သာရွိေသးၿပီး၁၈လစာခ်ဳပ္သာက်န္ပါေတာ့တယ္။အကယ္၍စာခ်ဳပ္သစ္ကိစၥေဆြးေႏြးမႈအဆင္မေျပပါကမူစီယာလာအေနျဖင့္လာမယ့္ေႏြရာသီတြင္အသင္းေျပာင္းေ႐ႊ႕ဖြယ္ရွိေနပါတယ္။

အဂၤလန္ယူ-၂၁လက္ေ႐ြးစင္ဟာဘိုင္ယန္သမိုင္းတြင္အသက္အငယ္ဆုံးဘြန္ဒက္စ္လီဂါပြဲကစားသူႏွင့္ဘြန္ဒက္စ္လီ ဂါဂိုးသြင္းသူစံခ်ိန္အားေရးထိုးထားသူျဖစ္ၿပီးယခုရာသီတြင္ဘိုင္ယန္အတြက္ၿပိဳင္ပြဲအရပ္ရပ္တြင္၁၈ပြဲကစားခြင့္ရရွိထားပါတယ္။

ဘိုင္ယန္ဟာမူစီယာလာကိုခ်ဲလ္ဆီးအကယ္ဒမီမွအလကားနီးပါးျဖင့္ေခၚယူထားခဲ့တာျဖစ္ၿပီး၎ကိုဆုံးရႈံးမႈမွာကလပ္အတြက္အနာဂတ္ၾကယ္ပြင့္တစ္ဦးကိုဆုံးရႈံးတာျဖစ္လာပါမယ္။

သူဟာစတုဂတ္တြင္ဂ်ာမန္မိခင္ႏွင့္ႏိုင္ဂ်ီးရီးယား/ၿဗိတိန္ဖခင္မွေမြးဖြားလာသူျဖစ္ၿပီးအဂၤလန္သို႔အသက္၈ႏွစ္အ႐ြယ္ကတည္းကေရာက္လာသူျဖစ္ပါတယ္။