တစ်ပတ်အတွင်း ကိုဗစ်ကူးစက်ခံရသူ ၄၀ ဦးအထိ ပရီးမီးယားလိဂ်တွင် စံချိန်တင် တွေ့ရှိခဲ့

ပရီးမီးယားလိဂ်ကတစ်ပတ်အတွင်းကိုဗစ်စစ်ဆေးမှုပြုလုပ်ခဲ့ရာတွင်၄၀ဦးအထိစံချိန်တင်တွေ့ရှိခဲ့ကြောင်း အတည်ပြုကြေညာလာပါတယ်။

ဒီဇင်ဘာလ၂၈ရက်နေ့မှဇန်နဝါရီလ၃ရက်နေ့အထိပရီးမီးယားလိဂ်ကလပ်၂၀မှကစားသမားများ၊ဝန်ထမ်းများကို ကိုဗစ်စစ်ဆေးမှု၂၂၉၅ကြိမ်ပြုလုပ်ခဲ့ကာပြီးခဲ့တဲ့ဇွန်လနောက်ပိုင်းတွင်အမြင့်မားဆုံးတွေ့ရှိခဲ့တာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်တုန်းက၁၈ဦးတွေ့ရှိခဲ့တဲ့ပရီးမီးယားလိဂ်ဟာခရစ္စမတ်နှင့်နှစ်သစ်ကူးကာလအတွင်းတွင်ကိုဗစ်ကူးစက်မှုမြင့်မားလာခဲ့တာလည်းဖြစ်ပါတယ်။

ကိုဗစ်ကူးစက်မှုမြင့်မားမှုကြောင့်ဖူလ်ဟမ်၊မန်စီးတီးတို့ရဲ့ပွဲစဉ်များကိုလည်းရွှေ့ဆိုင်းခဲ့ရပြီးလည်းဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံအတွင်းတွင်ကိုဗစ်ကူးစက်မှုမြင့်မားမှုကြောင့်အစောပိုင်းတုန်းကပရီးမီးယားလိဂ်ကလပ်အချို့တို့အား ကွင်းအတွင်းပရိသတ်ဝင်ကြည့်ခွင့်ပေးခဲ့သော်လည်းယခုအခါပွဲအားလုံးအားတံခါးပိတ်ကစားစေလျက်ရှိပါတယ်။

ZawGyi





