တစ်ပွဲတည်းဖြင့် အနာဂတ်ကို ဆုံးဖြတ်လျှင် မိုက်ရှုးရဲရာကြလာမည်ဟု အမ်ဘက်ပီပြောကြား

မနေ့ညတုန်းကနျူးကမ့်တွင်ကစားတဲ့ချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်ပထမအကျော့ပွဲစဉ်တွင် ဘာစီလိုနာကို ၄-၁ဂိုးဖြင့်အနိုင်ရရှိပြီးနောက်တစ်ပွဲတည်းဖြင့်ပီအက်စ်ဂျီအနာဂတ်ကိုဆုံးဖြတ်သွားမှာမဟုတ်ကြောင်းကိုင်လီယန် အမ်ဘက်ပီကပြောကြားလာပါတယ်။

နေမာနှင့်ဒီမာရီယာတို့ပါဝင်လာခြင်းမရှိသော်လည်းအသက်၂၂နှစ်ရှိပြင်သစ်စတားဟာဘာစီလိုနာအား၄-၁ဂိုးဖြင့် အနိုင်ရရှိတဲ့ပွဲတွင်ဟက်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။သူဟာ၁၉၉၇ခုနှစ်တုန်းကနျူးကမ့်တွင်ဒိုင်နမိုကိဗ်တိုက်စစ်မှူး ရှက်ဗ်ချင်ကိုဟက်ထရစ်သွင်းယူနိုင်ပြီးနောက်ပထမဆုံးဟက်ထရစ်သွင်းယူတဲ့ကစားသမားလည်းဖြစ်ပါတယ်။သူဟာအလန်ရှီးယား၊ရှက်ဗ်ချင်ကိုတို့ပြီးနောက်နျူးကမ့်ချန်ပီယံလိဂ်ပွဲတွင်ဟက်ထရစ်သွင်းယူနိုင်တဲ့တတိယမြောက် ကစားသမားလည်းဖြစ်ပါတယ်။

ကိုင်လီယန်အမ်ဘက်ပီဟာ၂၀၂၂ခုနှစ်နွေရာသီတွင်ပီအက်စ်ဂျီနှင့်စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီးရီးရဲလ်မက်ဒ ရစ်သို့ပြောင်းမယ်လို့သတင်းများကျယ်ပြန့်စွာထွက်ပေါ်နေသူလည်းဖြစ်ပါတယ်။ပီအက်စ်ဂျီကလည်းသူ့ကိုစာချုပ် သစ်ချုပ်ဆိုနိုင်ရေးဆွေးနွေးနေပေမယ့်လာမယ့်နွေရာသီတွင်စာချုပ်သစ်မချုပ်ဆိုနိုင်ပါကရောင်းချရပါမယ်။

အမ်ဘက်ပီက “ကျွန်တော်တို့အရမ်းပျော်နေပါတယ်။ဒီပွဲကကျွန်တော်တို့အတွက်အရမ်းအရေးပါတဲ့ကလပ်ဖြစ်ပါ တယ်။ကျွန်တော်တို့ဟာဒီမှာအနိုင်ရဖို့လာကစားတာပါ။ဒီညမှာမှော်ဝင်တဲ့ညပါ။ဒါပေမယ့်ကျွန်တော်တို့ဘာဆုဖလားမှမရသေးပါဘူး။ကျွန်တော်လည်းပျော်နေပါတယ်။ကိုယ်စွမ်းရှိသမျှအမြဲကြိုးစားပေးပါတယ်။ကျွန်တော်အမြဲ တမ်းအောင်မြင်နေမှာမဟုတ်ပေမယ့်ရှောင်ပုန်းနေမှာတော့မဟုတ်ပါဘူး။တစ်ပွဲတစ်ပွဲတည်းသာကိုယ့်အနာဂတ်ကို ဆုံးဖြတ်ရလောက်မမိုက်မဲပါဘူး။ရေရှည်အပေါ်မူတည်ပြီးဆုံးဖြတ်သွားပါမယ်။ဒါပေမယ့်ဒီမှာပျော်ပါတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

တစ္ပြဲတည္းျဖင့္ အနာဂတ္ကို ဆုံးျဖတ္လွ်င္ မိုက္ရႈးရဲရာၾကလာမည္ဟု အမ္ဘက္ပီေျပာၾကား

မေန႔ညတုန္းကန်ဴးကမ့္တြင္ကစားတဲ့ခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္ပထမအေက်ာ့ပြဲစဥ္တြင္ ဘာစီလိုနာကို ၄-၁ဂိုးျဖင့္အႏိုင္ရရွိၿပီးေနာက္တစ္ပြဲတည္းျဖင့္ပီအက္စ္ဂ်ီအနာဂတ္ကိုဆုံးျဖတ္သြားမွာမဟုတ္ေၾကာင္းကိုင္လီယန္ အမ္ဘက္ပီကေျပာၾကားလာပါတယ္။

ေနမာႏွင့္ဒီမာရီယာတို႔ပါဝင္လာျခင္းမရွိေသာ္လည္းအသက္၂၂ႏွစ္ရွိျပင္သစ္စတားဟာဘာစီလိုနာအား၄-၁ဂိုးျဖင့္ အႏိုင္ရရွိတဲ့ပြဲတြင္ဟက္ထရစ္သြင္းယူႏိုင္ခဲ့ပါတယ္။သူဟာ၁၉၉၇ခုႏွစ္တုန္းကန်ဴးကမ့္တြင္ဒိုင္နမိုကိဗ္တိုက္စစ္မႉး ရွက္ဗ္ခ်င္ကိုဟက္ထရစ္သြင္းယူႏိုင္ၿပီးေနာက္ပထမဆုံးဟက္ထရစ္သြင္းယူတဲ့ကစားသမားလည္းျဖစ္ပါတယ္။သူဟာအလန္ရွီးယား၊ရွက္ဗ္ခ်င္ကိုတို႔ၿပီးေနာက္န်ဴးကမ့္ခ်န္ပီယံလိဂ္ပြဲတြင္ဟက္ထရစ္သြင္းယူႏိုင္တဲ့တတိယေျမာက္ ကစားသမားလည္းျဖစ္ပါတယ္။

ကိုင္လီယန္အမ္ဘက္ပီဟာ၂၀၂၂ခုႏွစ္ေႏြရာသီတြင္ပီအက္စ္ဂ်ီႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီးရီးရဲလ္မက္ဒ ရစ္သို႔ေျပာင္းမယ္လို႔သတင္းမ်ားက်ယ္ျပန႔္စြာထြက္ေပၚေနသူလည္းျဖစ္ပါတယ္။ပီအက္စ္ဂ်ီကလည္းသူ႔ကိုစာခ်ဳပ္ သစ္ခ်ဳပ္ဆိုႏိုင္ေရးေဆြးေႏြးေနေပမယ့္လာမယ့္ေႏြရာသီတြင္စာခ်ဳပ္သစ္မခ်ဳပ္ဆိုႏိုင္ပါကေရာင္းခ်ရပါမယ္။

အမ္ဘက္ပီက “ကြၽန္ေတာ္တို႔အရမ္းေပ်ာ္ေနပါတယ္။ဒီပြဲကကြၽန္ေတာ္တို႔အတြက္အရမ္းအေရးပါတဲ့ကလပ္ျဖစ္ပါ တယ္။ကြၽန္ေတာ္တို႔ဟာဒီမွာအႏိုင္ရဖို႔လာကစားတာပါ။ဒီညမွာေမွာ္ဝင္တဲ့ညပါ။ဒါေပမယ့္ကြၽန္ေတာ္တို႔ဘာဆုဖလားမွမရေသးပါဘူး။ကြၽန္ေတာ္လည္းေပ်ာ္ေနပါတယ္။ကိုယ္စြမ္းရွိသမွ်အၿမဲႀကိဳးစားေပးပါတယ္။ကြၽန္ေတာ္အၿမဲ တမ္းေအာင္ျမင္ေနမွာမဟုတ္ေပမယ့္ေရွာင္ပုန္းေနမွာေတာ့မဟုတ္ပါဘူး။တစ္ပြဲတစ္ပြဲတည္းသာကိုယ့္အနာဂတ္ကို ဆုံးျဖတ္ရေလာက္မမိုက္မဲပါဘူး။ေရရွည္အေပၚမူတည္ၿပီးဆုံးျဖတ္သြားပါမယ္။ဒါေပမယ့္ဒီမွာေပ်ာ္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။