အန်တိုနီယိုကွန်တီဟာဖေဖော်ဝါရီလအတွင်းတွင်တစ်ပွဲတည်းသာကိုင်တွယ်ပြီးတစ်ပွဲရှုံးနိမ့်ခဲ့ပေမဲ့လည်းတစ်လတာအကောင်းဆုံးနည်းပြဆုအတွက်ဆန်ကာတင်စာရင်းတွင်ပါဝင်လာဖို့ရှိနေကြောင်းသိရပါတယ်။
ယခုရာသီမှာကွန်တီရဲ့စပါးစ်ဟာရာသီကောင်းတစ်ခုနှင့်မကြုံဆုံနေပါဘူး။အထူးသဖြင့်စပါးစ်ရဲ့ပထမပိုင်းတွေကခြေစွမ်းပိုင်းစိတ်ပျက်စရာကောင်းလွန်းလှပါတယ်။
ဒါပေမဲ့သူဟာအဆင့်၄နေရာမှာရပ်တည်နေကာလာမယ့်ဘောလုံးရာသီမှာလည်းချန်ပီယံလိဂ်ဝင်ခွင့်ထပ်မံရရှိလာဖို့ရှိနေပါတယ်။ဒါကလည်းစပါးစ်ရဲ့အိမ်ကွင်းရလဒ်ကြောင့်တော့မဟုတ်ပါဘူး။
ဒါပေမဲ့လည်းစပါးစ်ဟာပြီးခဲ့တဲ့တနင်္ဂနွေနေ့တုန်းကချဲလ်ဆီးနှင့်ပွဲစဉ်မှာတော့သက်တောင့်သက်သာနဲ့ကစားပြီး၂-၀ဂိုးဖြင့်အနိုင်ရရှိကာဖေဖော်ဝါရီလမှာလကောင်းတစ်ခုကြုံခဲ့ရပါတယ်။
၎င်းတို့ဟာတိုတောင်းလတဲ့ဖေဖော်ဝါရီလကိုလန်ဒန်မြို့ခံပြိုင်ဘက်ဝက်စ်ဟမ်းကိုအနိုင်ယူပြီးစတင်နိုင်ခဲ့ပြီးတဲ့နောက်လက်ရှိချန်ပီယံမန်စီးတီး၊ချဲလ်ဆီးတို့နှင့်ပွဲတို့မှာလည်းရမှတ်၃မှတ်သပိတ်ဝင်အိတ်ဝင်ဖြစ်ခဲ့ပါတယ်။
စပါးစ်ဟာယင်းပွဲအားလုံးကိုကွန်တီမပါဝင်ဘဲအနိုင်ယူခဲ့တာဖြစ်ပါတယ်။ကွန်တီဟာသည်းခြေအိတ်ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရမှုကြောင့်အီတလီမှာအနားယူနေရမှုနှင့်အတူယင်းပွဲများကိုမကိုင်တွယ်နိုင်ခဲ့ပါဘူး။
ဒါပေမဲ့လည်းကွန်တီဟာဖေဖော်ဝါရီလမှတစ်ပွဲတည်းသာကိုင်တွယ်နိုင်ခဲ့ပေမဲ့လည်းဖေဖော်ဝါရီလတွင်စပါးစ်အသင်းမှာရလဒ်ကောင်းရယူနိုင်ခဲ့မှုနဲ့အတူတစ်လတာအကောင်းဆုံးနည်းပြဆုအတွက်ဆန်ကာတင်စာရင်းမှာပါဝင်လာမယ်လို့ Evening Standard ကဖော်ပြလာပါတယ်။
ကွန်တီဟာဖေဖော်ဝါရီလအတွင်းမှာတစ်ပွဲတည်းသာကိုင်တွယ်ခဲ့ရာမှာလက်စတာကို၄-၁ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။ကျန်စပါးစ်ရဲ့ဖေဖော်ဝါရီလနိုင်ပွဲအားလုံးမှာလက်ထောက်နည်းပြခရစ္စတီယန်စတဲလ်လီနီကကြီးကြပ်ခဲ့တာဖြစ်ပါတယ်။
ကွန်တီဟာကျန်းမာရေးအခြေအနေကြောင့်စပါးစ်ရဲ့ပွဲများကိုကိုင်တိုင်မကြီးကြပ်နိုင်ပေမဲ့လည်းပွဲအတွက်ဆံးဖြတ်ချက်အားလုံးနှင့်ပွဲအတွင်းဆုံးဖြတ်ချက်အားလုံးကိုကိုယ်တိုင်ချမှတ်ခဲ့တာဖြစ်ပါတယ်။
ဖေဖော်ဝါရီလအတွက်ဆန်ကာတင်စာရင်းတွင်ယူနိုက်တက်နည်းပြအဲရစ်တန်ဟက်လည်းပါဝင်လာဖို့ရှိပါတယ်။အဲရစ်တန်ဟက်ဟာဖေဖော်ဝါရီလကိုခါရာဘောင်ဖလားချန်ပီယံဘွဲ့ရယူပြီးပိတ်သိမ်းနိုင်ခဲ့မှုနှင့်အတူတစ်လတာအကောင်းဆုံးနည်းပြဆုရရှိရန်အခြေအနေအကောင်းဆုံးဖြစ်နေပါတယ်။
ZawGyi
တစ်ပွဲတည်းသာ ကိုင်တွယ်ပြီး တစ်ပွဲရှုံးပေမဲ့လည်း တစ်လတာအကောင်းဆုံးနည်းပြဆုအတွက် ဆန်ကာတင်စာရင်းမှာ ပါဝင်လာမဲ့ ကွန်တီ