တစ်ပွဲတည်း လေးကြိမ်ဖန်တီးကာ သမိုင်းမှတ်တိုင်စိုက်ခဲ့တဲ့ ပေါ့ဘာအနာဂတ်ကို မန်ယူ အမြန်ဆုံးဆုံးဖြတ်မည်

မန်ယူဟာမနေ့ညတုန်းကလိဒ်အားအနိုင်ရရှိတဲ့ပွဲတွင်ပေါလ်ပေါ့ဘာအကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့မှုနဲ့အတူကစားသမားရဲ့အနာဂတ်အားအလျှင်အမြန်ဆုံးဖြတ်ရမယ့်အနေအထားသို့ရောက်လာခဲ့ပြီဖြစ်ပါတယ်။

ပေါလ်ပေါ့ဘာဟာမနေ့ညတုန်းကလိဒ်အား၅-၁ဂိုးဖြင့်အနိုင်ရရှိခဲ့တဲ့ပွဲစဉ်တွင်၄ဂိုးရအောင်ဖန်တီးနိုင်ခဲ့ပါတယ်။သူဟာမန်ယူသမိုင်းတွင်တစ်ပွဲတည်း၄ဂိုးရအောင်တိုက်ရိုက်ဖန်တီးနိုင်တဲ့ကစားသမားအဖြစ်သမိုင်းမှတ်တိုင်ရေးထိုးခဲ့ပါတယ်။

ပေါ့ဘာဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကပရီးမီးယားလိဂ်တွင်၃ကြိမ်တည်းသာဖန်တီးနိုင်ခဲ့သူဖြစ်ပြီးယခုအခါတစ်ပွဲတည်းတွင်၄ကြိမ်ဖန်တီးကာပြီးခဲ့တဲ့တစ်ရာသီလုံးဖန်တီးနိုင်မှုကိုကျော်ဖြတ်နိုင်ခဲ့ပါတယ်။

ပေါလ်ပေါ့ဘာဟာယခုဘောလုံးရာသီအကုန်တွင်မန်ယူနှင့်စာချုပ်သက်တမ်းကုန်ဆုံးမယ့်သူလည်းဖြစ်ပါတယ်။

ယင်းသို့ပေါ့ဘာကယခုရာသီပထမဆုံးပွဲစဉ်တွင်၄ဂိုးရအောင်ဖန်တီးနိုင်မှုနဲ့အတူမန်ယူအနေဖြင့်ကစားသမားရဲ့အနာဂတ်ကိုအလျှင်အမြန်ဆုံးဖြတ်ရမယ့်ကာလသို့ရောက်လာခဲ့ပါတယ်။

မန်ယူဟာပေါ့ဘာအားစာချုပ်သက်တမ်းမတိုးနိုင်ပါကရာသီအကုန်အထိဆက်လက်ထိန်းထားလျှင်လာမယ့်နွေတွင်အလွတ်ပြောင်းရွှေ့ကြေးဖြင့်လက်လွှတ်ရပါမယ်။

မန်ယူဟာပေါ့ဘာကိုတစ်ပတ်လုပ်ခပေါင်၄၀၀၀၀၀အထိတိုးမြှင့်ပေးပြီးစာချုပ်ကိစ္စပြန်လည်ဆွေးနွေးရန်အလျှင်အမြန်လုပ်ဆောင်နေကြောင်းလည်းသိရပါတယ်။

တစ်ဖက်တွင်ပေါ့ဘာဟာလာမယ့်နွေရာသီတွင်မက်ဆီရှိရာပီအက်စ်ဂျီသို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းရန်စဉ်းစားနေကြောင်းလည်းသတင်းထွက်နေပါတယ်။

မန်ယူပရိသတ်များကမူလိဒ်နှင့်ပွဲတွင်ခြေစွမ်းပြကစားခဲ့တဲ့ပေါလ်ပေါ့ဘာမှာအသင်းတွင်ပျော်ရွှင်နေပြီးစာချုပ်သစ်ချုပ်ဆိုလိမ့်မယ်လို့ယုံကြည်နေပါတယ်။

ZawGyi

တစ္ပြဲတည္း ေလးႀကိမ္ဖန္တီးကာ သမိုင္းမွတ္တိုင္စိုက္ခဲ့တဲ့ ေပါ့ဘာအနာဂတ္ကို မန္ယူ အျမန္ဆုံးဆုံးျဖတ္မည္

မန္ယူဟာမေန႔ညတုန္းကလိဒ္အားအႏိုင္ရရွိတဲ့ပြဲတြင္ေပါလ္ေပါ့ဘာအေကာင္းဆုံးေျခစြမ္းျပကစားႏိုင္ခဲ့မႈနဲ႔အတူကစားသမားရဲ႕အနာဂတ္အားအလွ်င္အျမန္ဆုံးျဖတ္ရမယ့္အေနအထားသို႔ေရာက္လာခဲ့ၿပီျဖစ္ပါတယ္။

ေပါလ္ေပါ့ဘာဟာမေန႔ညတုန္းကလိဒ္အား၅-၁ဂိုးျဖင့္အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္တြင္၄ဂိုးရေအာင္ဖန္တီးႏိုင္ခဲ့ပါတယ္။သူဟာမန္ယူသမိုင္းတြင္တစ္ပြဲတည္း၄ဂိုးရေအာင္တိုက္႐ိုက္ဖန္တီးႏိုင္တဲ့ကစားသမားအျဖစ္သမိုင္းမွတ္တိုင္ေရးထိုးခဲ့ပါတယ္။

ေပါ့ဘာဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကပရီးမီးယားလိဂ္တြင္၃ႀကိမ္တည္းသာဖန္တီးႏိုင္ခဲ့သူျဖစ္ၿပီးယခုအခါတစ္ပြဲတည္းတြင္၄ႀကိမ္ဖန္တီးကာၿပီးခဲ့တဲ့တစ္ရာသီလုံးဖန္တီးႏိုင္မႈကိုေက်ာ္ျဖတ္ႏိုင္ခဲ့ပါတယ္။

ေပါလ္ေပါ့ဘာဟာယခုေဘာလုံးရာသီအကုန္တြင္မန္ယူႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္သူလည္းျဖစ္ပါတယ္။

ယင္းသို႔ေပါ့ဘာကယခုရာသီပထမဆုံးပြဲစဥ္တြင္၄ဂိုးရေအာင္ဖန္တီးႏိုင္မႈနဲ႔အတူမန္ယူအေနျဖင့္ကစားသမားရဲ႕အနာဂတ္ကိုအလွ်င္အျမန္ဆုံးျဖတ္ရမယ့္ကာလသို႔ေရာက္လာခဲ့ပါတယ္။

မန္ယူဟာေပါ့ဘာအားစာခ်ဳပ္သက္တမ္းမတိုးႏိုင္ပါကရာသီအကုန္အထိဆက္လက္ထိန္းထားလွ်င္လာမယ့္ေႏြတြင္အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္လက္လႊတ္ရပါမယ္။

မန္ယူဟာေပါ့ဘာကိုတစ္ပတ္လုပ္ခေပါင္၄၀၀၀၀၀အထိတိုးျမႇင့္ေပးၿပီးစာခ်ဳပ္ကိစၥျပန္လည္ေဆြးေႏြးရန္အလွ်င္အျမန္လုပ္ေဆာင္ေနေၾကာင္းလည္းသိရပါတယ္။

တစ္ဖက္တြင္ေပါ့ဘာဟာလာမယ့္ေႏြရာသီတြင္မက္ဆီရွိရာပီအက္စ္ဂ်ီသို႔အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေျပာင္းရန္စဥ္းစားေနေၾကာင္းလည္းသတင္းထြက္ေနပါတယ္။

မန္ယူပရိသတ္မ်ားကမူလိဒ္ႏွင့္ပြဲတြင္ေျခစြမ္းျပကစားခဲ့တဲ့ေပါလ္ေပါ့ဘာမွာအသင္းတြင္ေပ်ာ္႐ႊင္ေနၿပီးစာခ်ဳပ္သစ္ခ်ဳပ္ဆိုလိမ့္မယ္လို႔ယုံၾကည္ေနပါတယ္။