တစ်ပွဲမျှမကစားနိုင်သေးတဲ့ ရာမို့စ်ကို စာချုပ်ဖျက်သိမ်းတော့မယ့် ပီအက်စ်ဂျီ

ပြင်သစ်မီဒီယာများရဲ့ဖော်ပြချက်အရပီအက်စ်ဂျီဟာအသင်းအတွက်တစ်ပွဲမျှပင်ကစားရသေးခြင်းမရှိသေးတဲ့ဆာဂျီယိုရာမို့စ်ကိုစာချုပ်ဖျက်သိမ်းဖွယ်ရှိနေကြောင်းသိရပါတယ်။

ရာမို့စ်ဟာပြီးခဲ့တဲ့နွေရာသီတုန်းကရီးရဲလ်မက်ဒရစ်နှင့်စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက်ပီအက်စ်ဂျီသို့၂၀၂၂၃ခုနှစ်အထိစာချုပ်ဖြင့်ရောက်လာခဲ့သူဖြစ်ပါတယ်။

ပီအက်စ်ဂျီနှင့်ရာမို့စ်အတွက်ကံဆိုးတာကတော့ခြေသလုံးဒဏ်ရာမှပြန်လည်ကောင်းမွန်လာပြီဖြစ်ပေမယ့်ယခုတိုင်ကလပ်အတွက်တစ်ပွဲမျှမကစားနိုင်သေးတာဖြစ်ပါတယ်။

အသက်၃၅နှစ်ရှိစပိန်အသင်းခေါင်းဆောင်ဟာမေလတုန်းကချဲလ်ဆီးကိုရီးရဲလ်မက်ဒရစ်တို့၂-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ချန်ပီယံလိဂ်ပွဲကတည်းကတစ်ပွဲမျှမကစားနိုင်သေးတာလည်းဖြစ်ပါတယ်။

ဒါကြောင့်ပီအက်စ်ဂျီဟာရာမို့စ်အပေါ်တွင်စိတ်ရှည်တော့ခြင်းမရှိတော့ဘဲစာချုပ်ဖျက်သိမ်းမှုပြုလုပ်နိုင်လာနိုင်ကြောင်း ပြင်သစ်သတင်းစာ Le Parisien ကဖော်ပြလာပါတယ်။ဒါပေမယ့်ပီအက်စ်ဂျီအနေဖြင့်၂၀၂၃ခုနှစ်အထိစာချုပ်ချုပ်ဆိုထားတဲ့ရာမို့စ်ရဲ့စာချုပ်ကိုဖျက်သိမ်းဖို့နစ်နာကြေးများစွာပေးရဖို့တော့ရှိနေပါတယ်။

ZawGyi

တစ္ပြဲမွ်မကစားႏိုင္ေသးတဲ့ ရာမို႔စ္ကို စာခ်ဳပ္ဖ်က္သိမ္းေတာ့မယ့္ ပီအက္စ္ဂ်ီ

ျပင္သစ္မီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရပီအက္စ္ဂ်ီဟာအသင္းအတြက္တစ္ပြဲမွ်ပင္ကစားရေသးျခင္းမရွိေသးတဲ့ဆာဂ်ီယိုရာမို႔စ္ကိုစာခ်ဳပ္ဖ်က္သိမ္းဖြယ္ရွိေနေၾကာင္းသိရပါတယ္။

ရာမို႔စ္ဟာၿပီးခဲ့တဲ့ေႏြရာသီတုန္းကရီးရဲလ္မက္ဒရစ္ႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးၿပီးေနာက္ပီအက္စ္ဂ်ီသို႔၂၀၂၂၃ခုႏွစ္အထိစာခ်ဳပ္ျဖင့္ေရာက္လာခဲ့သူျဖစ္ပါတယ္။

ပီအက္စ္ဂ်ီႏွင့္ရာမို႔စ္အတြက္ကံဆိုးတာကေတာ့ေျခသလုံးဒဏ္ရာမွျပန္လည္ေကာင္းမြန္လာၿပီျဖစ္ေပမယ့္ယခုတိုင္ကလပ္အတြက္တစ္ပြဲမွ်မကစားႏိုင္ေသးတာျဖစ္ပါတယ္။

အသက္၃၅ႏွစ္ရွိစပိန္အသင္းေခါင္းေဆာင္ဟာေမလတုန္းကခ်ဲလ္ဆီးကိုရီးရဲလ္မက္ဒရစ္တို႔၂-၀ဂိုးျဖင့္ရႈံးနိမ့္တဲ့ခ်န္ပီယံလိဂ္ပြဲကတည္းကတစ္ပြဲမွ်မကစားႏိုင္ေသးတာလည္းျဖစ္ပါတယ္။

ဒါေၾကာင့္ပီအက္စ္ဂ်ီဟာရာမို႔စ္အေပၚတြင္စိတ္ရွည္ေတာ့ျခင္းမရွိေတာ့ဘဲစာခ်ဳပ္ဖ်က္သိမ္းမႈျပဳလုပ္ႏိုင္လာႏိုင္ေၾကာင္း ျပင္သစ္သတင္းစာ Le Parisien ကေဖာ္ျပလာပါတယ္။ဒါေပမယ့္ပီအက္စ္ဂ်ီအေနျဖင့္၂၀၂၃ခုႏွစ္အထိစာခ်ဳပ္ခ်ဳပ္ဆိုထားတဲ့ရာမို႔စ္ရဲ႕စာခ်ဳပ္ကိုဖ်က္သိမ္းဖို႔နစ္နာေၾကးမ်ားစြာေပးရဖို႔ေတာ့ရွိေနပါတယ္။