တစ်ရက်ပေါင် ၁၀၀၀၀ ပေးရတဲ့အိမ်မှာ အနားယူနေတဲ့ CR7 မိသားစု

ခရစ္စတီခရစ္စတီယာနိုရော်နယ်ဒိုနှင့်သူ့မိသားစုဟာမာဂျိုကာရှိတစ်ညလျှင်ပေါင်၁၀၀၀၀ပေးရတဲ့အိမ်ကိုငှားရမ်းအပန်းဖြေလျက်ရှိကြပါတယ်။

ဂျူဗင်တပ်စူပါစတားဟာချစ်သူဂျော့ဂျီနာရိုဒရီဂွက်ဇ်၊ကလေးလေးဦးတို့နဲ့အတူတန်ဖိုးကြီးရွက်လှေဖြင့်ခရီးသွားအပန်းဖြေနေတာဖြစ်ပြီးရာသီသစ်အတွက်အားမွှေးနေပါတယ်။

သူဟာကမ်းသို့တက်ချိန်မှာဧက၄၀ကျယ်ဝန်းပြီးအိပ်ခန်း၇ခန်းအထိပါဝင်တဲ့အိမ်ကြီးကိုငှားရမ်းအနားယူနေတာလည်းဖြစ်ပါတယ်။

ယင်းအိမ်ခြံတွင်တင်းနစ်ကွင်း၊ဟယ်လီကော်ပတာကွင်း၊ကြီးမားတဲ့ရေကူးကန်၊စပါဧရိယာနှင့်ပါတီပွဲကျင်းပရန်နေရာတို့ပါဝင်ပါတယ်။

ယင်းအိမ်တွင်စားဖိုမှူး၊သန့်ရှင်းရေးအပါအဝင်ဝန်ထမ်းအလုံအလောက်ပါရှိနေရာခရစ္စတီယာနိုရော်နယ်ဒိုမိသားစုအတွက်စိတ်အေးလက်အေးဖြင့်အပန်းဖြေနိုင်ပါတယ်။

အသက်၃၆နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုဟာလာမယ့်ရက်သတ္တပတ်အနည်းငယ်အတွင်းမှာဂျူဗင်တပ်ရဲ့ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်နှင့်ပူးပေါင်းရပါမယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာအခုငှားရမ်းအနားယူနေတဲ့နေအိမ်ကနေ တန်ဖိုးကြီး Rolls Royce ကားပြာစီးကာ ရွှက်လှေဆီသို့သွားပါမယ်။

ZawGyi







