တစ်ရွာလုံးရဲ့အကြွေးကိုဆပ်ပေးခဲ့တဲ့အပြင်စိတ်ဝေဒနာရှင်ကလေးများအတွက် ငွေလှူဒါန်းခဲ့တဲ့ မီလန်စတားရီဘစ်

အေစီမီလန်စတားအန်တီရီဘစ်ဟာမွေးရပ်မြေဇာတိကိုဘယ်တော့မှမမေ့တဲ့သူတစ်ဦးဖြစ်ပါတယ်။သူမွေးဖွားရဲ့ဇာတိအတွက်အမြဲတမ်းအကောင်းဆုံးဖြစ်အောင်ကြိုးစားလုပ်ဆောင်ပေးနေတဲ့သူလည်းဖြစ်ပါတယ်။

ခရိုအေးရှားတိုက်စစ်မှူးဟာဆလာဗွန်စကီးဘရော့ဒ်မှစိတ်ဝေဒနာရှင်ကလေးငယ်များအတွက်ပေါင်၈၀၀၀လှူဒါန်းမှုပြုလုပ်ခဲ့ပါတယ်။

တကယ်တော့သူဟာမွေးရပ်မြေဇာတိကိုယခုမှအကူအညီပေးနေတဲ့သူမဟုတ်ပါဘူး။သူဟာ၂၀၁၈ခုနှစ်တုန်းကလည်းမွေးရပ်မြေဒွန်ဂျီဗန်ဂျာနီမှရွာသူရွာသား၅၀၀တို့ရဲ့ကြွေးမြီများကိုလည်းဆပ်ပေးခဲ့တဲ့သူဖြစ်ပါတယ်။

ဖရန့်ဖတ်တိုက်စစ်မှူးဟောင်းရဲ့နောက်ဆုံးလှူဒါန်းတဲ့ငွေကြေးများကိုစိတ်ဝေဒနာရှင်ကလေးငယ်များရဲ့ပြန်လည် ထူထောင်ရေးနှင့်ပြန်လည်ကောင်းမွန်လာရေးတို့တွင်သုံးစွဲသွားမှာဖြစ်ပါတယ်။

The Golden Sequin Center မှာစိတ်ဝေဒနာရှင်နှင့်မသန်မစွမ်းကလေးငယ်ပေါင်း၂၂၀ဝန်းကျင်အထိရှိပါတယ်။

ရီဘစ်ဟာလွန်ခဲ့တဲ့နှစ်အနည်းငယ်ခန့်တုန်းကမန်ယူရဲ့စိတ်ဝင်စားခြင်းခံခဲ့ရဖူးတဲ့သူဖြစ်ပါတယ်။သူဟာယခုရာသီမှာအေစီမီလန်အတွက်စီးရီးအေပွဲ၁၄ပွဲကစားထားရာမှာ၄ဂိုးသွင်းယူပြီး၆ကြိမ်ဖန်တီးပေးထားနိုင်ပါတယ်။

ZawGyi

တစ္႐ြာလုံးရဲ႕အေႂကြးကိုဆပ္ေပးခဲ့တဲ့အျပင္စိတ္ေဝဒနာရွင္ကေလးမ်ားအတြက္ ေငြလႉဒါန္းခဲ့တဲ့ မီလန္စတားရီဘစ္

ေအစီမီလန္စတားအန္တီရီဘစ္ဟာေမြးရပ္ေျမဇာတိကိုဘယ္ေတာ့မွမေမ့တဲ့သူတစ္ဦးျဖစ္ပါတယ္။သူေမြးဖြားရဲ႕ဇာတိအတြက္အၿမဲတမ္းအေကာင္းဆုံးျဖစ္ေအာင္ႀကိဳးစားလုပ္ေဆာင္ေပးေနတဲ့သူလည္းျဖစ္ပါတယ္။

ခ႐ိုေအးရွားတိုက္စစ္မႉးဟာဆလာဗြန္စကီးဘေရာ့ဒ္မွစိတ္ေဝဒနာရွင္ကေလးငယ္မ်ားအတြက္ေပါင္၈၀၀၀လႉဒါန္းမႈျပဳလုပ္ခဲ့ပါတယ္။

တကယ္ေတာ့သူဟာေမြးရပ္ေျမဇာတိကိုယခုမွအကူအညီေပးေနတဲ့သူမဟုတ္ပါဘူး။သူဟာ၂၀၁၈ခုႏွစ္တုန္းကလည္းေမြးရပ္ေျမဒြန္ဂ်ီဗန္ဂ်ာနီမွ႐ြာသူ႐ြာသား၅၀၀တို႔ရဲ႕ေႂကြးၿမီမ်ားကိုလည္းဆပ္ေပးခဲ့တဲ့သူျဖစ္ပါတယ္။

ဖရန႔္ဖတ္တိုက္စစ္မႉးေဟာင္းရဲ႕ေနာက္ဆုံးလႉဒါန္းတဲ့ေငြေၾကးမ်ားကိုစိတ္ေဝဒနာရွင္ကေလးငယ္မ်ားရဲ႕ျပန္လည္ ထူေထာင္ေရးႏွင့္ျပန္လည္ေကာင္းမြန္လာေရးတို႔တြင္သုံးစြဲသြားမွာျဖစ္ပါတယ္။

The Golden Sequin Center မွာစိတ္ေဝဒနာရွင္ႏွင့္မသန္မစြမ္းကေလးငယ္ေပါင္း၂၂၀ဝန္းက်င္အထိရွိပါတယ္။

ရီဘစ္ဟာလြန္ခဲ့တဲ့ႏွစ္အနည္းငယ္ခန႔္တုန္းကမန္ယူရဲ႕စိတ္ဝင္စားျခင္းခံခဲ့ရဖူးတဲ့သူျဖစ္ပါတယ္။သူဟာယခုရာသီမွာေအစီမီလန္အတြက္စီးရီးေအပြဲ၁၄ပြဲကစားထားရာမွာ၄ဂိုးသြင္းယူၿပီး၆ႀကိမ္ဖန္တီးေပးထားႏိုင္ပါတယ္။