တစ်လအတွင်း လီဗာပူး၊ဝက်စ်ဟမ်း၊ကွာတားဖိုင်နယ်ပွဲအပါအဝင် ၁၀ ပွဲကစားကာ ပွဲကြပ် ခရစ္စမတ်ကြုံနေရတဲ့ ချဲလ်ဆီး

ချဲလ်ဆီးဟာတစ်လအတွင်းတွင်ဖလားကွာတားဖိုင်နယ်ပွဲတစ်ပွဲ၊ပရီးမီးယားလိဂ်ပြိုင်ဘက်လီဗာပူးနှင့်ပွဲအပါအဝင်၁၀ပွဲအထိကစားရမယ့်ခက်ခဲတဲ့ခရစ္စမတ်ကာလနှင့်ရင်ဆိုင်နေရပါတယ်။

ချဲလ်ဆီးဟာလက်ရှိအချိန်တွင်ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးတွင်ရပ်တည်နေပြီး၂၀၁၆-၁၇ရာသီနောက်ပိုင်းပထမဆုံးပရီးမီးယားလိဂ်ဖလားဆွတ်ခူးနိုင်မယ့်အခြေအနေမျိုးမှာရှိနေပါတယ်။

တူချယ်ဦးဆောင်တဲ့ချဲလ်ဆီးဟာလူကာကူနှင့်တီမိုဝါနာတို့ဒဏ်ရာရရှိနေမှုကြောင့်တိုက်စစ်ပိုင်းရွေးချယ်စရာနည်းပါးမှုပြဿနာနှင့်ရင်ဆိုင်ထားရပြီးလည်းဖြစ်ပါတယ်။

ဒါပေမယ့်၎င်းတို့ဟာလာမယ့်ဒီဇင်ဘာလ၁ရက်နေ့မှဇန်နဝါရီလ၂ရက်နေ့အထိကာလအတွင်းတွင်၁၀ပွဲအထိကစားရမှာဖြစ်ပြီးအလွန်ဆိုးရွားပြင်းထန်တဲ့ပွဲကြပ်နဲ့ထိပ်တိုက်တွေ့တော့မှာဖြစ်ပါတယ်။

ချဲလ်ဆီးဟာယင်းလကိုအဝေးကွင်းသုံးပွဲဆက်တိုက်ကစားပြီးစတင်ရပါမယ်။ချဲလ်ဆီးဟာဒီဇင်ဘာလ၁ရက်နေ့မှာဝက်ဖို့ဒ်ကိုအဝေးကွင်းသို့လည်းကောင်း၊ဒီဇင်ဘာလ၄ရက်နေ့မှာဝက်စ်ဟမ်းကိုအဝေးကွင်းသို့လည်းကောင်းရင်ဆိုင်ရပါမယ်။ယင်းနောက်ချဲလ်ဆီးဟာမိုင်ပေါင်း၂၆၀၀ခရီးနှင်ကာရုရုားသို့သွားရောက်ပြီးဇင်းနစ်နှင့်ချန်ပီယံလိဂ်ပွဲကစားရပါမယ်။

ချဲလ်ဆီးဟာဒီဇင်ဘာလ၁၁ရက်နေ့မှာလိဒ်ကိုအိမ်ကွင်းမှာဧည့်ခံပြီးနောက်ဒီဇင်ဘာလ၁၆ရက်နေ့မှာအဲဗာတန်ကိုထပ်မံဧည့်ခံကစားရပါမယ်။

ယင်းနောက်သုံးရက်အကြာတွင်ချဲလ်ဆီးဟာဝုဗ်ကိုအဝေးကွင်းသို့သွားရောက်ရင်ဆိုင်ရပါမယ်။ပြီးလျှင်ချဲလ်ဆီးဟာခါရာဘောင်းဖလားကွာတားဖိုင်နယ်ပွဲကစားရပါမယ်။

ဘောက်ဆင်ဒေးမှာအနောက်လန်ဒန်သားတို့ဟာဗီလာကိုအဝေးကွင်းသို့သွားကစားကာစတင်ရမှာဖြစ်ပြီးဒီဇင်ဘာလ၂၈ရက်နေ့မှာဘရိုက်တန်ကိုဧည့်ခံကစားရမှာဖြစ်ပြီးဇန်နဝါရီလ၂ရက်နေ့မှာလီဗာပူးကိုအိမ်ကွင်းမှာကစားရပါမယ်။

ဒါကြောင့်လည်းချဲလ်ဆီးဟာ၃၃ရက်အတွင်းမှာ၁၀ပွဲအထိကစားရပါမယ်။

ချဲလ်ဆီးဟာလာမယ့်နိုဝင်ဘာလအတွင်းမှာလည်းနိုင်ငံတကာပွဲများရှိနေပေမယ့်မန်ယူနှင့်ပရီးမီးယားလိဂ်ပွဲ၊ဂျူဗင်တပ်နှင့်ချန်ပီယံလိဂ်ပွဲအပါအဝင်ပွဲ၆ပွဲအထိကစားရပါမယ်။

ZawGyi

တစ္လအတြင္း လီဗာပူး၊ဝက္စ္ဟမ္း၊ကြာတားဖိုင္နယ္ပြဲအပါအဝင္ ၁၀ ပြဲကစားကာ ပြဲၾကပ္ ခရစၥမတ္ႀကဳံေနရတဲ့ ခ်ဲလ္ဆီး

ခ်ဲလ္ဆီးဟာတစ္လအတြင္းတြင္ဖလားကြာတားဖိုင္နယ္ပြဲတစ္ပြဲ၊ပရီးမီးယားလိဂ္ၿပိဳင္ဘက္လီဗာပူးႏွင့္ပြဲအပါအဝင္၁၀ပြဲအထိကစားရမယ့္ခက္ခဲတဲ့ခရစၥမတ္ကာလႏွင့္ရင္ဆိုင္ေနရပါတယ္။

ခ်ဲလ္ဆီးဟာလက္ရွိအခ်ိန္တြင္ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးတြင္ရပ္တည္ေနၿပီး၂၀၁၆-၁၇ရာသီေနာက္ပိုင္းပထမဆုံးပရီးမီးယားလိဂ္ဖလားဆြတ္ခူးႏိုင္မယ့္အေျခအေနမ်ိဳးမွာရွိေနပါတယ္။

တူခ်ယ္ဦးေဆာင္တဲ့ခ်ဲလ္ဆီးဟာလူကာကူႏွင့္တီမိုဝါနာတို႔ဒဏ္ရာရရွိေနမႈေၾကာင့္တိုက္စစ္ပိုင္းေ႐ြးခ်ယ္စရာနည္းပါးမႈျပႆနာႏွင့္ရင္ဆိုင္ထားရၿပီးလည္းျဖစ္ပါတယ္။

ဒါေပမယ့္၎တို႔ဟာလာမယ့္ဒီဇင္ဘာလ၁ရက္ေန႔မွဇန္နဝါရီလ၂ရက္ေန႔အထိကာလအတြင္းတြင္၁၀ပြဲအထိကစားရမွာျဖစ္ၿပီးအလြန္ဆိုး႐ြားျပင္းထန္တဲ့ပြဲၾကပ္နဲ႔ထိပ္တိုက္ေတြ႕ေတာ့မွာျဖစ္ပါတယ္။

ခ်ဲလ္ဆီးဟာယင္းလကိုအေဝးကြင္းသုံးပြဲဆက္တိုက္ကစားၿပီးစတင္ရပါမယ္။ခ်ဲလ္ဆီးဟာဒီဇင္ဘာလ၁ရက္ေန႔မွာဝက္ဖို႔ဒ္ကိုအေဝးကြင္းသို႔လည္းေကာင္း၊ဒီဇင္ဘာလ၄ရက္ေန႔မွာဝက္စ္ဟမ္းကိုအေဝးကြင္းသို႔လည္းေကာင္းရင္ဆိုင္ရပါမယ္။ယင္းေနာက္ခ်ဲလ္ဆီးဟာမိုင္ေပါင္း၂၆၀၀ခရီးႏွင္ကာ႐ု႐ုားသို႔သြားေရာက္ၿပီးဇင္းနစ္ႏွင့္ခ်န္ပီယံလိဂ္ပြဲကစားရပါမယ္။

ခ်ဲလ္ဆီးဟာဒီဇင္ဘာလ၁၁ရက္ေန႔မွာလိဒ္ကိုအိမ္ကြင္းမွာဧည့္ခံၿပီးေနာက္ဒီဇင္ဘာလ၁၆ရက္ေန႔မွာအဲဗာတန္ကိုထပ္မံဧည့္ခံကစားရပါမယ္။

ယင္းေနာက္သုံးရက္အၾကာတြင္ခ်ဲလ္ဆီးဟာဝုဗ္ကိုအေဝးကြင္းသို႔သြားေရာက္ရင္ဆိုင္ရပါမယ္။ၿပီးလွ်င္ခ်ဲလ္ဆီးဟာခါရာေဘာင္းဖလားကြာတားဖိုင္နယ္ပြဲကစားရပါမယ္။

ေဘာက္ဆင္ေဒးမွာအေနာက္လန္ဒန္သားတို႔ဟာဗီလာကိုအေဝးကြင္းသို႔သြားကစားကာစတင္ရမွာျဖစ္ၿပီးဒီဇင္ဘာလ၂၈ရက္ေန႔မွာဘ႐ိုက္တန္ကိုဧည့္ခံကစားရမွာျဖစ္ၿပီးဇန္နဝါရီလ၂ရက္ေန႔မွာလီဗာပူးကိုအိမ္ကြင္းမွာကစားရပါမယ္။

ဒါေၾကာင့္လည္းခ်ဲလ္ဆီးဟာ၃၃ရက္အတြင္းမွာ၁၀ပြဲအထိကစားရပါမယ္။

ခ်ဲလ္ဆီးဟာလာမယ့္ႏိုဝင္ဘာလအတြင္းမွာလည္းႏိုင္ငံတကာပြဲမ်ားရွိေနေပမယ့္မန္ယူႏွင့္ပရီးမီးယားလိဂ္ပြဲ၊ဂ်ဴဗင္တပ္ႏွင့္ခ်န္ပီယံလိဂ္ပြဲအပါအဝင္ပြဲ၆ပြဲအထိကစားရပါမယ္။