တတိယတန်းကလပ်သို့ ပြောင်းရန် ကိုယ်ပိုင်ငွေ ယူရို ၅၀၀၀၀၀ ပေးခဲ့တဲ့ အာဆင်နယ်စတားဟောင်း

အာဆင်နယ်တိုက်စစ်သမားဟောင်းလူးကပ်စ်ပီရက်ဇ်ဟာစပိန်တတိယတန်းကလပ်ဒီပို့တီဗိုသို့ပြောင်းရွှေ့ကစားနိုင်ရန်အတွက်ကိုယ်ပိုင်ငွေစိုက်ထုတ်ပေးခဲ့ကြောင်းသိရပါတယ်။

ပီရက်ဇ်ဟာအာဆင်နယ်တွင်ကစားတဲ့နှစ်ရာသီတွင်မအောင်မြင်ပြီးနောက် ၂၀၁၉ခုနှစ်တွင်ဝက်စ်ဟမ်းမှထွက်ခွာလာခဲ့သူဖြစ်ပြီးစပိန်တွင်ကစားလာခဲ့သူဖြစ်ပါတယ်။

အသက်၃၄နှစ်ရှိပီရက်ဇ်ဟာအာဆင်နယ်အတွက်၂၁ပွဲကစားခဲ့ရာမှာ၇ဂိုးသွင်းနိုင်ခဲ့ပေမဲ့ပရီးမီးယားလိဂ်တွင်အံဝင်ရန်ရုန်းကန်ရမှုနဲ့အတူ၂၀၁၇-၁၈ရာသီတွင်အသင်းဟောင်းဒီပို့တီဗိုသို့အငှားဖြင့်ပြောင်းကစားခဲ့ပါတယ်။

သူဟာယင်းမှတဆင့်ဝက်စ်ဟမ်းသို့အပြီးသတ်ပြောင်းခဲ့ပါတယ်။ပီရက်ဇ်ဟာ၂၀၁၉ခုနှစ်တွင်အလာဗက်စ်သို့ပြောင်းခဲ့ပြီးအယ်ချီ၊ကာဒက်ဇ်တို့တွင်လည်းကစားခဲ့ပါတယ်။

သူဟာယခုရာသီတွင်ကာဒက်ဇ်အတွက်လာလီဂါပွဲ၁၄ပွဲကစားထားရာမှာ၃ဂိုးသွင်းယူထားပါတယ်။

ဒါပေမဲ့သူဟာမထင်မှတ်ဘဲတတိယတန်းကလပ်ဖြစ်တဲ့အသင်းဟောင်းဒီပို့တီဗိုသို့ပြောင်းရွှေ့လာခဲ့ပါတယ်။

ဒီပို့တီဗိုဟာ၂၀၂၀ခုနှစ်တုန်းကဒုတိယတန်းမှတန်းဆင်းခဲ့ရပြီးတန်းတက်လာနိုင်ခဲ့ခြင်းမရှိပါဘူး။

ဒီပို့တီဗိုဟာယခုရာသီမှာတော့အဆင့်၄နေရာမှာရပ်တည်နေပြီးထိပ်ဆုံးမှကော်ဒိုဘာနှင့်၄မှတ်သာကွာဟနေမှုနဲ့အတူဒုတိယတန်းသို့တန်းပြန်တက်ရန်အခြေအနေကောင်းနေပါတယ်။

ပီရက်ဇ်ဟာအသင်းဟောင်းဒီပို့တီဗိုသို့ပြောင်းရွှေ့ကစားလိုပေမဲ့ ကာဒစ်ဇ်ကပြောင်းရွှေ့ကြေးယူရို၅၀၀၀၀၀အလိုရှိနေခဲ့ပါတယ်။ဒါကြောင့်လည်းသူဟာကိုယ်ပိုင်ငွေယူရို၅၀၀၀၀၀စိုက်ပေးကာအပြောင်းအရွှေ့ဖြစ်မြောက်လာအောင်လုပ်ဆောင်ခဲ့ပါတယ်။

ယခုအခါမှာတော့သူဟာအသင်းဟောင်းဒီပို့တီဗိုကိုတန်းပြန်တက်နိုင်ရေးကြိးစားပေးလာတော့မှာဖြစ်ပါတယ်။

ZawGyi

တတိယတန္းကလပ္သို႔ ေျပာင္းရန္ ကိုယ္ပိုင္ေငြ ယူ႐ို ၅၀၀၀၀၀ ေပးခဲ့တဲ့ အာဆင္နယ္စတားေဟာင္း

အာဆင္နယ္တိုက္စစ္သမားေဟာင္းလူးကပ္စ္ပီရက္ဇ္ဟာစပိန္တတိယတန္းကလပ္ဒီပို႔တီဗိုသို႔ေျပာင္းေ႐ႊ႕ကစားႏိုင္ရန္အတြက္ကိုယ္ပိုင္ေငြစိုက္ထုတ္ေပးခဲ့ေၾကာင္းသိရပါတယ္။

ပီရက္ဇ္ဟာအာဆင္နယ္တြင္ကစားတဲ့ႏွစ္ရာသီတြင္မေအာင္ျမင္ၿပီးေနာက္ ၂၀၁၉ခုႏွစ္တြင္ဝက္စ္ဟမ္းမွထြက္ခြာလာခဲ့သူျဖစ္ၿပီးစပိန္တြင္ကစားလာခဲ့သူျဖစ္ပါတယ္။

အသက္၃၄ႏွစ္ရွိပီရက္ဇ္ဟာအာဆင္နယ္အတြက္၂၁ပြဲကစားခဲ့ရာမွာ၇ဂိုးသြင္းႏိုင္ခဲ့ေပမဲ့ပရီးမီးယားလိဂ္တြင္အံဝင္ရန္႐ုန္းကန္ရမႈနဲ႔အတူ၂၀၁၇-၁၈ရာသီတြင္အသင္းေဟာင္းဒီပို႔တီဗိုသို႔အငွားျဖင့္ေျပာင္းကစားခဲ့ပါတယ္။

သူဟာယင္းမွတဆင့္ဝက္စ္ဟမ္းသို႔အၿပီးသတ္ေျပာင္းခဲ့ပါတယ္။ပီရက္ဇ္ဟာ၂၀၁၉ခုႏွစ္တြင္အလာဗက္စ္သို႔ေျပာင္းခဲ့ၿပီးအယ္ခ်ီ၊ကာဒက္ဇ္တို႔တြင္လည္းကစားခဲ့ပါတယ္။

သူဟာယခုရာသီတြင္ကာဒက္ဇ္အတြက္လာလီဂါပြဲ၁၄ပြဲကစားထားရာမွာ၃ဂိုးသြင္းယူထားပါတယ္။

ဒါေပမဲ့သူဟာမထင္မွတ္ဘဲတတိယတန္းကလပ္ျဖစ္တဲ့အသင္းေဟာင္းဒီပို႔တီဗိုသို႔ေျပာင္းေ႐ႊ႕လာခဲ့ပါတယ္။

ဒီပို႔တီဗိုဟာ၂၀၂၀ခုႏွစ္တုန္းကဒုတိယတန္းမွတန္းဆင္းခဲ့ရၿပီးတန္းတက္လာႏိုင္ခဲ့ျခင္းမရွိပါဘူး။

ဒီပို႔တီဗိုဟာယခုရာသီမွာေတာ့အဆင့္၄ေနရာမွာရပ္တည္ေနၿပီးထိပ္ဆုံးမွေကာ္ဒိုဘာႏွင့္၄မွတ္သာကြာဟေနမႈနဲ႔အတူဒုတိယတန္းသို႔တန္းျပန္တက္ရန္အေျခအေနေကာင္းေနပါတယ္။

ပီရက္ဇ္ဟာအသင္းေဟာင္းဒီပို႔တီဗိုသို႔ေျပာင္းေ႐ႊ႕ကစားလိုေပမဲ့ ကာဒစ္ဇ္ကေျပာင္းေ႐ႊ႕ေၾကးယူ႐ို၅၀၀၀၀၀အလိုရွိေနခဲ့ပါတယ္။ဒါေၾကာင့္လည္းသူဟာကိုယ္ပိုင္ေငြယူ႐ို၅၀၀၀၀၀စိုက္ေပးကာအေျပာင္းအေ႐ႊ႕ျဖစ္ေျမာက္လာေအာင္လုပ္ေဆာင္ခဲ့ပါတယ္။

ယခုအခါမွာေတာ့သူဟာအသင္းေဟာင္းဒီပို႔တီဗိုကိုတန္းျပန္တက္ႏိုင္ေရးႀကိးစားေပးလာေတာ့မွာျဖစ္ပါတယ္။