တတိယအကြိမ်မြောက်ခွဲစိတ်ကုသရဖို့ရှိနေတဲ့ ဘာစီလိုနာပါရမီရှင်အန်ဆူးဖာတီ

ဘာစီလိုနာလူငယ်ပါရမီရှင်အန်ဆူးဖာတီဟာဒူးဒဏ်ရာအခြေအနေမှာကောင်းမွန်ခြင်းမရှိမှုကြောင့်တတိယအကြိမ်မြောက်အဖြစ်ခွဲစိတ်ကုသမှုခံယူရဖွယ်ရှိနေကြောင်းသိရပါတယ်။

အသက်၁၈နှစ်ရှိစပိန်တိုက်စစ်သမားဟာယခုရာသီမှာဘာစီလိုနာအတွက်ငါးဂိုးသွင်းကာသုံးကြိမ်ဖန်တီးမှုပြုလုပ်ထားပါတယ်။

သူဟာနိုင်ဝင်ဘာလ၇ရက်နေ့တုန်းကဘက်တစ်အား၅-၂ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်မှာဒဏ်ရာရရှိခဲ့တာဖြစ်ပြီးအများဆုံးငါးလမျှသာအနားယူရမယ်လို့ယူဆခြင်းခံခဲ့ရပါတယ်။

ဘာစီလိုနာဟာစပိန်လက်ရွေးစင်တိုက်စစ်သမားကိုဧပြီလတွင်ပြန်ကစားနိုင်မယ်လို့ယုံကြည်ခဲ့ကြပါတယ်။ဒါပေမယ့်ဘာစီလိုနာဟာအန်ဆူးဖာတီရဲ့ဒဏ်ရာအခြေအနေလုံးဝကောင်းမွန်လာလုပ်ဆောင်လိုတာနဲ့အညီအချိန်အပြည့်အဝပေးရန်စီစဉ်ထားပါတယ်။

ဒါကြောင့်လည်းဘာစီလိုနာဟာယခုရက်ပိုင်းအတွင်းအန်ဆူးဖာတီရဲ့ဒူးဒဏ်ရာအားနောက်ထပ် တစ်ကြိမ်ခွဲစိတ်မှုလုပ်မလုပ်ကိုဆုံးဖြတ်ချက်ချသွားပါမယ်။

ZawGyi

တတိယအႀကိမ္ေျမာက္ခြဲစိတ္ကုသရဖို႔ရွိေနတဲ့ ဘာစီလိုနာပါရမီရွင္အန္ဆူးဖာတီ

ဘာစီလိုနာလူငယ္ပါရမီရွင္အန္ဆူးဖာတီဟာဒူးဒဏ္ရာအေျခအေနမွာေကာင္းမြန္ျခင္းမရွိမႈေၾကာင့္တတိယအႀကိမ္ေျမာက္အျဖစ္ခြဲစိတ္ကုသမႈခံယူရဖြယ္ရွိေနေၾကာင္းသိရပါတယ္။

အသက္၁၈ႏွစ္ရွိစပိန္တိုက္စစ္သမားဟာယခုရာသီမွာဘာစီလိုနာအတြက္ငါးဂိုးသြင္းကာသုံးႀကိမ္ဖန္တီးမႈျပဳလုပ္ထားပါတယ္။

သူဟာႏိုင္ဝင္ဘာလ၇ရက္ေန႔တုန္းကဘက္တစ္အား၅-၂ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္မွာဒဏ္ရာရရွိခဲ့တာျဖစ္ၿပီးအမ်ားဆုံးငါးလမွ်သာအနားယူရမယ္လို႔ယူဆျခင္းခံခဲ့ရပါတယ္။

ဘာစီလိုနာဟာစပိန္လက္ေ႐ြးစင္တိုက္စစ္သမားကိုဧၿပီလတြင္ျပန္ကစားႏိုင္မယ္လို႔ယုံၾကည္ခဲ့ၾကပါတယ္။ဒါေပမယ့္ဘာစီလိုနာဟာအန္ဆူးဖာတီရဲ႕ဒဏ္ရာအေျခအေနလုံးဝေကာင္းမြန္လာလုပ္ေဆာင္လိုတာနဲ႔အညီအခ်ိန္အျပည့္အဝေပးရန္စီစဥ္ထားပါတယ္။

ဒါေၾကာင့္လည္းဘာစီလိုနာဟာယခုရက္ပိုင္းအတြင္းအန္ဆူးဖာတီရဲ႕ဒူးဒဏ္ရာအားေနာက္ထပ္ တစ္ႀကိမ္ခြဲစိတ္မႈလုပ္မလုပ္ကိုဆုံးျဖတ္ခ်က္ခ်သြားပါမယ္။