
အာဆင်နယ်စတားဘူကာယိုဆာကာရဲ့ဒဏ်ရာမှာပြင်းထန်ခြင်းမရှိတာကြောင့် တနင်္ဂနွေနေ့ညချဲလ်ဆီးနှင့်လန်ဒန်ဒါဘီပွဲစဉ်တွင်ပါဝင်လာနိုင်ဖို့ရှိနေပါတယ်။
အင်္ဂလန်တောင်ပံကစားသမားဟာနော်တင်ဟမ်ဖောရက်စ်ကို၅-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲတွင်ဒဏ်ရာရရှိသွားပြီးနောက်ပွဲချိန်၂၇မိနစ်မှာပင်လူစားလဲလှယ်မှုပြုလုပ်ခဲ့ရပါတယ်။
သူဟာဒဏ်ရာပြင်းထန်ခြင်းမရှိပေမဲ့လည်းကြာသပတေးနေ့တွင်အက်ဖ်စီဇူးရစ်နှင့်ရင်ဆိုင်ရမယ့်ယူရိုပါလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်ကိုလွဲချော်ဖို့သေချာနေပါတယ်။
ဒါပေမဲ့လည်းသူဟာယခုအပတ်အကုန်တွင်ချဲလ်ဆီးနှင့်ကစားရမဲ့ပွဲစဉ်တွင်မူပြန်လည်ပါဝင်လာနိုင်ဖို့ ရှိနေပါတယ်။
အထက်ပါသတင်းကအာဆင်နယ်နည်းပြအာတီတာအတွက်သာမကအင်္ဂလန်နည်းပြဆောက်ဂိတ်အတွက်လည်းသတင်းကောင်းတစ်ခုဖြစ်နေပါတယ်။
ဆောက်ဂိတ်ဟာနိုဝင်ဘာလ၂၁ရက်နေ့ အီရန်နှင့်ကမ္ဘာ့ဖလားအဖွင့်ပွဲအမီ ဆာကာကြံ့ခိုင်မှုမပြည့်ဝလာမည်ကိုစိုးရိမ်နေခဲ့ရတာဖြစ်ပါတယ်။
ဆာကာဟာယခုရာသီတွင်အာဆင်နယ်ရဲ့၁၇ပွဲလုံးတွင်ပါဝင်ကစားထားသူဖြစ်ပါတယ်။အာဆင်နယ်ဟာယူရိုပါလိဂ်အုပ်စုဗိုလ်ဖြစ်ရန်အတွက်ဇူးရစ်ကိုအနိုင်ရရှိရန်လိုအပ်နေပါတယ်။
ZawGyi
တနဂၤေႏြေန႔ည ခ်ဲလ္ဆီးႏွင့္ပြဲတြင္ အာဆင္နယ္စတားဆာကာ ပါဝင္လာႏိုင္ဖြယ္ရွိ
အာဆင္နယ္စတားဘူကာယိုဆာကာရဲ႕ဒဏ္ရာမွာျပင္းထန္ျခင္းမရွိတာေၾကာင့္ တနဂၤေႏြေန႔ညခ်ဲလ္ဆီးႏွင့္လန္ဒန္ဒါဘီပြဲစဥ္တြင္ပါဝင္လာႏိုင္ဖို႔ရွိေနပါတယ္။
အဂၤလန္ေတာင္ပံကစားသမားဟာေနာ္တင္ဟမ္ေဖာရက္စ္ကို၅-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲတြင္ဒဏ္ရာရရွိသြားၿပီးေနာက္ပြဲခ်ိန္၂၇မိနစ္မွာပင္လူစားလဲလွယ္မႈျပဳလုပ္ခဲ့ရပါတယ္။
သူဟာဒဏ္ရာျပင္းထန္ျခင္းမရွိေပမဲ့လည္းၾကာသပေတးေန႔တြင္အက္ဖ္စီဇူးရစ္ႏွင့္ရင္ဆိုင္ရမယ့္ယူ႐ိုပါလိဂ္အုပ္စုေနာက္ဆုံးပြဲစဥ္ကိုလြဲေခ်ာ္ဖို႔ေသခ်ာေနပါတယ္။
ဒါေပမဲ့လည္းသူဟာယခုအပတ္အကုန္တြင္ခ်ဲလ္ဆီးႏွင့္ကစားရမဲ့ပြဲစဥ္တြင္မူျပန္လည္ပါဝင္လာႏိုင္ဖို႔ ရွိေနပါတယ္။
အထက္ပါသတင္းကအာဆင္နယ္နည္းျပအာတီတာအတြက္သာမကအဂၤလန္နည္းျပေဆာက္ဂိတ္အတြက္လည္းသတင္းေကာင္းတစ္ခုျဖစ္ေနပါတယ္။
ေဆာက္ဂိတ္ဟာႏိုဝင္ဘာလ၂၁ရက္ေန႔ အီရန္ႏွင့္ကမာၻ႔ဖလားအဖြင့္ပြဲအမီ ဆာကာႀကံ့ခိုင္မႈမျပည့္ဝလာမည္ကိုစိုးရိမ္ေနခဲ့ရတာျဖစ္ပါတယ္။
ဆာကာဟာယခုရာသီတြင္အာဆင္နယ္ရဲ႕၁၇ပြဲလုံးတြင္ပါဝင္ကစားထားသူျဖစ္ပါတယ္။အာဆင္နယ္ဟာယူ႐ိုပါလိဂ္အုပ္စုဗိုလ္ျဖစ္ရန္အတြက္ဇူးရစ္ကိုအႏိုင္ရရွိရန္လိုအပ္ေနပါတယ္။