တနင်္ဂနွေနေ့ အာဆင်နယ်နှင့်ပွဲမတိုင်မီ ပဲလေ့စ်နည်းပြရာထူးမှ အထုတ်ခံရဖို့ ရှိနေတဲ့ ဗီအဲရာ

ခရစ္စတယ်ပဲလေ့စ်ဟာတနင်္ဂနွေနေ့တွင်အာဆင်နယ်နှင့်ရင်ဆိုင်ကစားရမဲ့ပွဲစဉ်မတိုင်မီနည်းပြပက်ထရစ်ဗီအဲရာကိုထုတ်ပယ်လာဖို့ရှိနေကြောင်းသိရပါတယ်။

ခရစ္စတယ်ပဲလေ့စ်ဟာ၂၀၂၃ခုနှစ်အတွင်းတွင်နိုင်ပွဲတစ်ပွဲမျှရယူထားနိုင်ခြင်းမရှိသေးမှုနှင့်အတူတန်းဆင်းဇုန်အတွင်းသို့ကျရောက်ဖို့နီးစပ်နေပြီဖြစ်ပါတယ်။

The Guardian ကခရစ္စတယ်ပဲလေ့စ်ဥက္ကဌစတိဗ်ပါရစ်ရှ်ဟာပက်ထရစ်ဗီအဲရာကိုထုတ်ပယ်ရန်အလေးအနက်ထားစဉ်းစားနေကြောင်းဖော်ပြသွားပါတယ်။

ခရစ္စတယ်ပဲလေ့စ်ဟာဘရိုက်တန်ကိုဆိုလ်လီမတ်ရှ်ရဲ့တစ်လုံးတည်းသောဂိုးဖြင့်ရှုံးနိမ့်ကာနောက်ဆုံးပရီးမီးယားလိဂ်ပွဲ၁၁ပွဲဆက်တိုက်ရှံးပွဲကြုံတွေ့ထားပါတယ်။

၎င်းတို့ဟာလာမယ့်တနင်္ဂနွေနေ့တွင်ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာရပ့်တည်နေတဲ့အာဆင်နယ်ကိုရင်ဆိုင်နေပါတယ်။

ဗြိတိန်မီဒီယာများကပက်ထရစ်ဗီအဲရာဟာအသင်းရဲ့ရလဒ်ဆိုးရွားမှုအတွက် ကစားသမားသစ်ခေါ်ယူအားဖြည့်မှုမပြုလုပ်ပေးမှုအပေါ်အပြစ်တင်နေပြီးဥက္ကဌပါရစ်ရှ်ကလည်းရလဒ်ကောင်းမရမှုအတွက်ဗီအဲရာကိုအပြစ်ဖို့နေကြောင်းဖော်ပြနေပါတယ်။

ခရစ္စတယ်ပဲလေ့စ်ဟာပက်ထရစ်ဗီအဲရာကိုသာရာထူးမှထုတ်ပယ်လာပါကဘန်လေနည်းပြဗင်းဆင့်ကွန်ပနီ(သို့မဟုတ်)မစ်ဒယ်ဘရော့နည်းပြမိုက်ကယ်ကာရစ်ကိုခန့်အပ်ရေးကြိုးပမ်းသွားပါမယ်။

ZawGyi







