တန်ဇာနီးယားနှင့်ပွဲမှာ ပွဲအစ ၄ စက္ကန့်မှာဘဲ ပင်နယ်တီပေးခဲ့ရတဲ့ မာဒါဂါစကာဂိုးသမား

မာဒါဂါစကာဂိုးသမားဟာဘောလုံးသမိုင်းမှာအမြန်ဆုံးပင်နယ်တီပေးရမှုအဖြစ်စံချိန်တင်ကောင်းတင်လိုက်နိုင်လာဖို့ရှိပါတယ်။သေချာတာကတော့မာဒါဂါစကာဂိုးသမားဟာကမ္ဘာ့ဖလားခြေစစ်ပွဲသမိုင်းမှာတော့ဂိုးသမားတစ်ဦးအတွက်အမြန်ဆုံးပင်နယ်တီပေးရမှုဖြစ်လာဖို့တော့ရှိပါတယ်။

မာဒါဂါစကာဂိုးသမားမယ်ဗန်အက်ဒရီယန်ဟာအင်္ဂါနေ့တုန်းကတန်ဇာနီးယားနှင့်ကမ္ဘာ့ဖလားခြေစစ်ပွဲအစ၄စက္ကန့်မှာဘဲပင်နယ်တီပေးခဲ့ရတာဖြစ်ပါတယ်။

ပွဲအစမှာဧည့်သည်အသင်းကရှေ့သို့ကန်ပေးလိုက်တာကိုအက်ဒီယန်က၁၈ကိုက်စည်းအစပ်သို့ပြေးထွက်ကာဖျက်ထုတ်ခဲ့ပေမယ့်ပြိုင်ဘက်ကစားသမားကိုထိမှုနဲ့အတူပင်နယ်တီပေးခဲ့ရပါတယ်။ယင်းပင်နယ်တီကိုအာရက်စ်တိုအက်ဒ်ဝတ်ညိုနီကကန်သွင်းပြီးတန်ဇာနီးယားအတွက်ဦးဆောင်ဂိုးသွင်းခဲ့ပါတယ်။ယင်းနောက်ပွဲချိန်၂၆မိနစ်မှာမီရိုရှီကတန်ဇာနီးယားအတွက်ဒုတိယဂိုးသွင်းခဲ့ပါတယ်။

ပထမပိုင်းမပြီးခင်မှာမှာရာကိုတိုမိုမာရီမာလာလာနှင့်ဖောင်တိန်တို့ကမာဒါဂါစကာအတွက်ချေပဂိုးများသွင်းခဲ့ပေမယ့်အက်ဒဲလ်လာကဒုတိယပိုင်းမှာတန်ဇာနီးယားအတွက်အနိုင်ဂိုးသွင်းခဲ့လို့တန်ဇာနီးယားက၃-၂ဖြင့်အနိုင်ရရှိခဲ့ပါတယ်။

မာဒါဂါစကာဟာကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စုအဆင့်မှာဇယားအောက်ခြေသို့ရောက်နေပြီးခြေစစ်အောင်ဖို့အလားအလာနည်းပါးနေပါတယ်။

ZawGyi

တန္ဇာနီးယားႏွင့္ပြဲမွာ ပြဲအစ ၄ စကၠန႔္မွာဘဲ ပင္နယ္တီေပးခဲ့ရတဲ့ မာဒါဂါစကာဂိုးသမား

မာဒါဂါစကာဂိုးသမားဟာေဘာလုံးသမိုင္းမွာအျမန္ဆုံးပင္နယ္တီေပးရမႈအျဖစ္စံခ်ိန္တင္ေကာင္းတင္လိုက္ႏိုင္လာဖို႔ရွိပါတယ္။ေသခ်ာတာကေတာ့မာဒါဂါစကာဂိုးသမားဟာကမာၻ႔ဖလားေျခစစ္ပြဲသမိုင္းမွာေတာ့ဂိုးသမားတစ္ဦးအတြက္အျမန္ဆုံးပင္နယ္တီေပးရမႈျဖစ္လာဖို႔ေတာ့ရွိပါတယ္။

မာဒါဂါစကာဂိုးသမားမယ္ဗန္အက္ဒရီယန္ဟာအဂၤါေန႔တုန္းကတန္ဇာနီးယားႏွင့္ကမာၻ႔ဖလားေျခစစ္ပြဲအစ၄စကၠန႔္မွာဘဲပင္နယ္တီေပးခဲ့ရတာျဖစ္ပါတယ္။

ပြဲအစမွာဧည့္သည္အသင္းကေရွ႕သို႔ကန္ေပးလိုက္တာကိုအက္ဒီယန္က၁၈ကိုက္စည္းအစပ္သို႔ေျပးထြက္ကာဖ်က္ထုတ္ခဲ့ေပမယ့္ၿပိဳင္ဘက္ကစားသမားကိုထိမႈနဲ႔အတူပင္နယ္တီေပးခဲ့ရပါတယ္။ယင္းပင္နယ္တီကိုအာရက္စ္တိုအက္ဒ္ဝတ္ညိဳနီကကန္သြင္းၿပီးတန္ဇာနီးယားအတြက္ဦးေဆာင္ဂိုးသြင္းခဲ့ပါတယ္။ယင္းေနာက္ပြဲခ်ိန္၂၆မိနစ္မွာမီ႐ိုရွီကတန္ဇာနီးယားအတြက္ဒုတိယဂိုးသြင္းခဲ့ပါတယ္။

ပထမပိုင္းမၿပီးခင္မွာမွာရာကိုတိုမိုမာရီမာလာလာႏွင့္ေဖာင္တိန္တို႔ကမာဒါဂါစကာအတြက္ေခ်ပဂိုးမ်ားသြင္းခဲ့ေပမယ့္အက္ဒဲလ္လာကဒုတိယပိုင္းမွာတန္ဇာနီးယားအတြက္အႏိုင္ဂိုးသြင္းခဲ့လို႔တန္ဇာနီးယားက၃-၂ျဖင့္အႏိုင္ရရွိခဲ့ပါတယ္။

မာဒါဂါစကာဟာကမာၻ႔ဖလားေျခစစ္ပြဲအုပ္စုအဆင့္မွာဇယားေအာက္ေျခသို႔ေရာက္ေနၿပီးေျခစစ္ေအာင္ဖို႔အလားအလာနည္းပါးေနပါတယ္။