တန်ဟက်နှင့်ဆွေးနွေးပြီးနောက် ရှရစ်နှင့်ပွဲတွင် ပါဝင်လာတော့မယ့် ခရစ္စတီယာနိုရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာနည်းပြအဲရစ်တန်ဟက်နှင့်တွေ့ဆုံဆွေးနွေးမှုပြုလုပ်ပြီးနောက်ကြာသပတေးနေ့တွင်ရှရစ်နှင့်ရင်ဆိုင်ကစားရမယ့်ယူရိုပါလိဂ်ပွဲစဉ်တွင်ပါဝင်လာတော့မှာဖြစ်ပါတယ်။

ပေါ်တူဂီစူပါစတားဟာပြီးခဲ့တဲ့အပတ်ဗုဒ္ဓဟူးနေ့တုန်းကစပါးစ်ကို၂-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲတွင်နောက်ကျလူစားဝင်ရောက်ကစားရန်ငြင်းဆိုပြီးပွဲပြီးရန် ၄မိနစ်အလိုတွင်ဥမင်လှိုဏ်ခေါင်းသို့ဝင်ရောက်သွားခဲ့ပါတယ်။

အဲရစ်တန်ဟက်ဟာခရစ္စတီယာနိုရော်နယ်ဒိုရဲ့အပြုအမူအပေါ်အကြီးအကျယ်ဒေါသထွက်ကာ ပထမအသင်းမှဖယ်ရှားပြီး တကိုယ်တော်လေ့ကျင့်ခန်းဆင်းစေခဲ့သလိုချဲလ်ဆီးနှင့်ပွဲလူစာရင်းတွင်လည်းချန်လှပ်ထားခဲ့ပါတယ်။

ဒါ့အပြင်အဲရစ်တန်ဟက်ဟာခရစ္စတီယာနိုရော်နယ်ဒိုကိုနှစ်ပတ်လုပ်ခပေါင်၇၂၀၀၀၀လည်းဒဏ်ရိုက်ခဲ့ပါတယ်။

ဒါပေမဲ့ခရစ္စတီယာနိုရော်နယ်ဒိုဟာအင်္ဂါနေ့တုန်းကကာရင်တန်လေ့ကျင့်ရေးကွင်းတွင်အဲရစ်တန်ဟက်နှင့်တွေ့ဆုံဆွေးနွေးမှုပြုလုပ်ပြီးနောက် ရှရစ်နှင့်ပွဲအတွက်ယူနိုက်တက်ပထမအသင်းနှင့်အတူလေ့ကျင့်ခန်းပြန်ဆင်းခွင့်ရလာပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာယူနိုက်တက်ကစားဖော်များနှင့်အတူပျော်ရွှင်စွာလေ့ကျင့်ခန်းဆင်းနေတာတွေ့ရပါတယ်။ယူနိုက်တက်အတွက်သတင်းကောင်းတစ်ခုကတော့အသင်းခေါင်းဆောင်ဟယ်ရီမက်ဂွိုင်းယားမှာလည်းပထမအသင်းနှင့်အတူပြန်လည်လေ့ကျင့်ခန်းဆင်းလာနိုင်ပြီးရှရစ်နှင့်ပွဲတွင်ပါဝင်လာနိုင်မယ့်သတင်းဖြစ်ပါတယ်။

ဒါပေမဲ့ခရစ္စတီယာနိုရော်နယ်ဒိုဟာလာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်ယူနိုက်တက်မှထွက်ခွာရေးကြိုးပမ်းလာမယ်လို့သတင်းထွက်နေပါတယ်။

စီးရီးအေအမှတ်ပေးဇယားကိုဦးဆောင်နေတဲ့နာပိုလီက ခရစ္စတီယာနိုရော်နယ်ဒိုကိုခေါ်ယူရန်စိတ်ဝင်စားနေကာ ကစားသမားကလည်း ချန်ပီယံလိဂ်ကစားလိုနေမှုနှင့်အတူလုပ်ခလျှော့ယူပြီးပြောင်းရွှေ့ကစားရန်စိတ်ဝင်စားနေကြောင်းသိရပါတယ်။

ZawGyi

တန္ဟက္ႏွင့္ေဆြးေႏြးၿပီးေနာက္ ရွရစ္ႏွင့္ပြဲတြင္ ပါဝင္လာေတာ့မယ့္ ခရစၥတီယာႏိုေရာ္နယ္ဒို

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာနည္းျပအဲရစ္တန္ဟက္ႏွင့္ေတြ႕ဆုံေဆြးေႏြးမႈျပဳလုပ္ၿပီးေနာက္ၾကာသပေတးေန႔တြင္ရွရစ္ႏွင့္ရင္ဆိုင္ကစားရမယ့္ယူ႐ိုပါလိဂ္ပြဲစဥ္တြင္ပါဝင္လာေတာ့မွာျဖစ္ပါတယ္။

ေပၚတူဂီစူပါစတားဟာၿပီးခဲ့တဲ့အပတ္ဗုဒၶဟူးေန႔တုန္းကစပါးစ္ကို၂-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲတြင္ေနာက္က်လူစားဝင္ေရာက္ကစားရန္ျငင္းဆိုၿပီးပြဲၿပီးရန္ ၄မိနစ္အလိုတြင္ဥမင္လႈိဏ္ေခါင္းသို႔ဝင္ေရာက္သြားခဲ့ပါတယ္။

အဲရစ္တန္ဟက္ဟာခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕အျပဳအမူအေပၚအႀကီးအက်ယ္ေဒါသထြက္ကာ ပထမအသင္းမွဖယ္ရွားၿပီး တကိုယ္ေတာ္ေလ့က်င့္ခန္းဆင္းေစခဲ့သလိုခ်ဲလ္ဆီးႏွင့္ပြဲလူစာရင္းတြင္လည္းခ်န္လွပ္ထားခဲ့ပါတယ္။

ဒါ့အျပင္အဲရစ္တန္ဟက္ဟာခရစၥတီယာႏိုေရာ္နယ္ဒိုကိုႏွစ္ပတ္လုပ္ခေပါင္၇၂၀၀၀၀လည္းဒဏ္႐ိုက္ခဲ့ပါတယ္။

ဒါေပမဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုဟာအဂၤါေန႔တုန္းကကာရင္တန္ေလ့က်င့္ေရးကြင္းတြင္အဲရစ္တန္ဟက္ႏွင့္ေတြ႕ဆုံေဆြးေႏြးမႈျပဳလုပ္ၿပီးေနာက္ ရွရစ္ႏွင့္ပြဲအတြက္ယူႏိုက္တက္ပထမအသင္းႏွင့္အတူေလ့က်င့္ခန္းျပန္ဆင္းခြင့္ရလာပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာယူႏိုက္တက္ကစားေဖာ္မ်ားႏွင့္အတူေပ်ာ္႐ႊင္စြာေလ့က်င့္ခန္းဆင္းေနတာေတြ႕ရပါတယ္။ယူႏိုက္တက္အတြက္သတင္းေကာင္းတစ္ခုကေတာ့အသင္းေခါင္းေဆာင္ဟယ္ရီမက္ဂြိဳင္းယားမွာလည္းပထမအသင္းႏွင့္အတူျပန္လည္ေလ့က်င့္ခန္းဆင္းလာႏိုင္ၿပီးရွရစ္ႏွင့္ပြဲတြင္ပါဝင္လာႏိုင္မယ့္သတင္းျဖစ္ပါတယ္။

ဒါေပမဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုဟာလာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ယူႏိုက္တက္မွထြက္ခြာေရးႀကိဳးပမ္းလာမယ္လို႔သတင္းထြက္ေနပါတယ္။

စီးရီးေအအမွတ္ေပးဇယားကိုဦးေဆာင္ေနတဲ့နာပိုလီက ခရစၥတီယာႏိုေရာ္နယ္ဒိုကိုေခၚယူရန္စိတ္ဝင္စားေနကာ ကစားသမားကလည္း ခ်န္ပီယံလိဂ္ကစားလိုေနမႈႏွင့္အတူလုပ္ခေလွ်ာ့ယူၿပီးေျပာင္းေ႐ႊ႕ကစားရန္စိတ္ဝင္စားေနေၾကာင္းသိရပါတယ္။