
ဆီဗီလာဟာစနေနေ့တုန်းကအက်သလက်တီကိုမက်ဒရစ်အား၂-၀ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်နည်းပြဂျူလန်လိုပီတီဂူအားထုတ်ပယ်ပြီးနည်းပြဟောင်းဂျော့ဆမ်ပိုအိုလီနှင့်အစားထိုးခန့်အပ်ရန်စီစဉ်နေပါတယ်။
ဆီဗီလာဟာစနေနေ့ရှုံးပွဲကြောင့်ယခုရာသီတွင်နိုင်ပွဲတစ်ပွဲတည်းသာရယူထားနိုင်ကာတန်းဆင်းဇုန်နှင့်တစ်မှတ်သာကွာဟတော့တဲ့အနေအထားသို့ရောက်လာခဲ့ပါတယ်။
ဒါကြောင့်လည်းဆီဗီလာအသင်းအမှုဆောင်အဖွဲ့ဝင်များဟာလိုပီတီဂူရဲ့အနာဂတ်နှင့်ပတ်သက်ပြီးဆွေးနွေးမှုများပြုလုပ်ကာ ဆုံးဖြတ်ချက်ချလာတော့မှာဖြစ်ကြောင်း Marca ကဖော်ပြလာပါတယ်။
တကယ်လို့များ ဆီဗီလာဟာလိုပီတီဂူအားထုတ်ပယ်ပါကနည်းပြဟောင်းဆမ်ပါအိုလီနှင့်အစားထိုးလာပါမယ်။
ဆမ်ပါအိုလီဟာမွေးရပ်မြေအာဂျင်တီးနားရှိနေအိမ်တွင်အနားယူလျက်ရှိပြီး ဒုတိယအကြိမ်မြောက်အဖြစ်ဆီဗီလာအသင်းကိုကိုင်တွယ်ရန်အသင့်ရှိနေပါတယ်။
အသက်၆၂နှစ်ရှိနည်းပြဟာပြီးခဲ့တဲ့နိုင်ငံတကာရက်သတ္တပတ်အတွင်းတွင်ဆီဗီလာအသင်းရဲ့ဆက်သွယ်ခြင်းခံလာခဲ့ရသူလည်းဖြစ်ပါတယ်။
အသက်၅၆နှစ်ရှိစပိန်နှင့်ရီးရဲလ်မက်ဒရစ်နည်းပြဟောင်းလူပီတီဂူဟာဆီဗီလာကိုသုံးနှစ်ကြာကိုင်တွယ်စဉ်အတွင်းသုံးနှစ်ဆက်တိုက်ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင်ထားနိုင်ခဲ့သလိုယူရိုပါလိဂ်ဖလားလည်းရယူပေးထားပါတယ်။
ဆမ်ပါအိုလီဟာပြီးခဲ့တဲ့ဘောလုံးရာသီအကုန်တွင်မာဆေးလ်နှင့်သဘောထားကွဲလွဲပြီးနောက်နည်းပြရာထူးမှထွက်လာခဲ့သူဖြစ်ပါတယ်။
ZawGyi
တန္းဆင္းဇုန္ႏွင့္တစ္မွတ္အကြာသို႔ ေရာက္သြားၿပီးေနာက္ လိုပီတီဂူကို ထုတ္ပယ္ရန္ ဆီဗီလာစီစဥ္
ဆီဗီလာဟာစေနေန႔တုန္းကအက္သလက္တီကိုမက္ဒရစ္အား၂-၀ဂိုးျဖင့္ရႈံးနိမ့္ၿပီးေနာက္နည္းျပဂ်ဴလန္လိုပီတီဂူအားထုတ္ပယ္ၿပီးနည္းျပေဟာင္းေဂ်ာ့ဆမ္ပိုအိုလီႏွင့္အစားထိုးခန႔္အပ္ရန္စီစဥ္ေနပါတယ္။
ဆီဗီလာဟာစေနေန႔ရႈံးပြဲေၾကာင့္ယခုရာသီတြင္ႏိုင္ပြဲတစ္ပြဲတည္းသာရယူထားႏိုင္ကာတန္းဆင္းဇုန္ႏွင့္တစ္မွတ္သာကြာဟေတာ့တဲ့အေနအထားသို႔ေရာက္လာခဲ့ပါတယ္။
ဒါေၾကာင့္လည္းဆီဗီလာအသင္းအမႈေဆာင္အဖြဲ႕ဝင္မ်ားဟာလိုပီတီဂူရဲ႕အနာဂတ္ႏွင့္ပတ္သက္ၿပီးေဆြးေႏြးမႈမ်ားျပဳလုပ္ကာ ဆုံးျဖတ္ခ်က္ခ်လာေတာ့မွာျဖစ္ေၾကာင္း Marca ကေဖာ္ျပလာပါတယ္။
တကယ္လို႔မ်ား ဆီဗီလာဟာလိုပီတီဂူအားထုတ္ပယ္ပါကနည္းျပေဟာင္းဆမ္ပါအိုလီႏွင့္အစားထိုးလာပါမယ္။
ဆမ္ပါအိုလီဟာေမြးရပ္ေျမအာဂ်င္တီးနားရွိေနအိမ္တြင္အနားယူလ်က္ရွိၿပီး ဒုတိယအႀကိမ္ေျမာက္အျဖစ္ဆီဗီလာအသင္းကိုကိုင္တြယ္ရန္အသင့္ရွိေနပါတယ္။
အသက္၆၂ႏွစ္ရွိနည္းျပဟာၿပီးခဲ့တဲ့ႏိုင္ငံတကာရက္သတၱပတ္အတြင္းတြင္ဆီဗီလာအသင္းရဲ႕ဆက္သြယ္ျခင္းခံလာခဲ့ရသူလည္းျဖစ္ပါတယ္။
အသက္၅၆ႏွစ္ရွိစပိန္ႏွင့္ရီးရဲလ္မက္ဒရစ္နည္းျပေဟာင္းလူပီတီဂူဟာဆီဗီလာကိုသုံးႏွစ္ၾကာကိုင္တြယ္စဥ္အတြင္းသုံးႏွစ္ဆက္တိုက္ခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိေအာင္ထားႏိုင္ခဲ့သလိုယူ႐ိုပါလိဂ္ဖလားလည္းရယူေပးထားပါတယ္။
ဆမ္ပါအိုလီဟာၿပီးခဲ့တဲ့ေဘာလုံးရာသီအကုန္တြင္မာေဆးလ္ႏွင့္သေဘာထားကြဲလြဲၿပီးေနာက္နည္းျပရာထူးမွထြက္လာခဲ့သူျဖစ္ပါတယ္။