တန်းဆင်းရနိုင်သလို ချန်ပီယံဖြစ်နိုင်ခြေလည်း ရှိနေတဲ့ မန်ချက်စတာယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်ခြေရှိသလိုတန်းဆင်းရနိုင်ခြေရှိနေကြောင်းလည်း မှတ်တမ်းမှတ်ရာများကိုအခြေခံကာဟောကိန်းထုတ်လာမှုအသစ်ရတွေ့ရှိရပါတယ်။

ယူနိုက်တက်ဟာနည်းပြသစ်အဲရစ်တန်ဟက်လက်အောက်တွင်ပရီးမီးယားလိဂ်အဖွင့်ပွဲနှစ်ပွဲရှုံးနိမ့်ထားပေမဲ့လည်းလီဗာပူး၊အာဆင်နယ်အပါအဝင် လေးပွဲဆက်အနိုင်ရယူထားနိုင်ပါတယ်။

ယူနိုက်တက်ဟာထိပ်ဆုံးမှာအာဆင်နယ်နှင့်ရမှတ်၆မှတ်သာကွာဟနေပြီးတနင်္ဂနွေနေ့အီတီဟတ်မန်ချက်စတာဒါဘီပွဲတွင်အနိုင်ရရှိပါကချန်ပီယံမန်စီးတီးနှင့်၂မှတ်အကွာသို့ရောက်လာပါမယ်။

ဒါပေမဲ့လည်း FiveThirtyEight ကမန်ချက်စတာယူနိုက်တက်မှာပရီးမီးယားလိဂ်ချန်ပီယံဆုအတွက်စိန်ခေါ်လာနိုင်ဖို့မရှိကြောင်းခန့်မှန်းသွားပါတယ်။ FiveThirtyEightကယူနိုက်တက်မှာပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရန်အခွင့်အရေး ၁ရာခိုင်နှုန်းသာရှိပြီးတန်းဆင်းရရန်လည်း၁ရာခိုင်နှုန်းရှိနေကြောင်းဆိုသွားပါတယ်။

လက်ရှိချန်ပီယံမန်စီးတီးမှာပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်ခြေ ၆၆ရာခိုင်နှုန်းဖြင့်ရာခိုင်နှုန်းအများဆုံးအသင်းအဖြစ်ရပ်တည်နေပြီးလီဗာပူးက၁၅ရာခိုင်နှုန်းဖြင့်ဒုတိယနေရာမှာရပ်တည်နေသလိုအာဆင်နယ်က၈ရာခိုင်နှုန်းဖြင့်တတိယနေရာမှာရပ်တည်နေပါတယ်။

ယူနိုက်တက်ဟာချန်ပီယံဖြစ်နိုင်ခြေအခွင့်အရေးနည်းပါးပေမဲ့လည်းထိပ်ဆုံးလေးသင်းစာရင်းဝင်နိုင်ခြေ ၂၅ရာခိုင်နှုန်းအထိပိုင်ဆိုင်ထားပါတယ်။

တန်းဆင်းရရန်အခွင့်အရေးအများဆုံးအသင်းအဖြစ်စတိဗ်ကိုးပါးရဲ့နော်တင်ဟမ်ဖောရက်စ်က၆၈ရာခိုင်နှုန်းဖြင့်အများဆုံးရပ်တည်နေပြီးဘုန်းမောက်က၄၉ရာခိုင်နှုန်း၊လက်စတာက၂၇ရာခိုင်နှုန်းအသီးသီးရရှိထားပါတယ်။

ZawGyi

တန္းဆင္းရႏိုင္သလို ခ်န္ပီယံျဖစ္ႏိုင္ေျခလည္း ရွိေနတဲ့ မန္ခ်က္စတာယူႏိုက္တက္

မန္ခ်က္စတာယူႏိုက္တက္ဟာပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ႏိုင္ေျခရွိသလိုတန္းဆင္းရႏိုင္ေျခရွိေနေၾကာင္းလည္း မွတ္တမ္းမွတ္ရာမ်ားကိုအေျခခံကာေဟာကိန္းထုတ္လာမႈအသစ္ရေတြ႕ရွိရပါတယ္။

ယူႏိုက္တက္ဟာနည္းျပသစ္အဲရစ္တန္ဟက္လက္ေအာက္တြင္ပရီးမီးယားလိဂ္အဖြင့္ပြဲႏွစ္ပြဲရႈံးနိမ့္ထားေပမဲ့လည္းလီဗာပူး၊အာဆင္နယ္အပါအဝင္ ေလးပြဲဆက္အႏိုင္ရယူထားႏိုင္ပါတယ္။

ယူႏိုက္တက္ဟာထိပ္ဆုံးမွာအာဆင္နယ္ႏွင့္ရမွတ္၆မွတ္သာကြာဟေနၿပီးတနဂၤေႏြေန႔အီတီဟတ္မန္ခ်က္စတာဒါဘီပြဲတြင္အႏိုင္ရရွိပါကခ်န္ပီယံမန္စီးတီးႏွင့္၂မွတ္အကြာသို႔ေရာက္လာပါမယ္။

ဒါေပမဲ့လည္း FiveThirtyEight ကမန္ခ်က္စတာယူႏိုက္တက္မွာပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္စိန္ေခၚလာႏိုင္ဖို႔မရွိေၾကာင္းခန႔္မွန္းသြားပါတယ္။ FiveThirtyEightကယူႏိုက္တက္မွာပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ရန္အခြင့္အေရး ၁ရာခိုင္ႏႈန္းသာရွိၿပီးတန္းဆင္းရရန္လည္း၁ရာခိုင္ႏႈန္းရွိေနေၾကာင္းဆိုသြားပါတယ္။

လက္ရွိခ်န္ပီယံမန္စီးတီးမွာပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ႏိုင္ေျခ ၆၆ရာခိုင္ႏႈန္းျဖင့္ရာခိုင္ႏႈန္းအမ်ားဆုံးအသင္းအျဖစ္ရပ္တည္ေနၿပီးလီဗာပူးက၁၅ရာခိုင္ႏႈန္းျဖင့္ဒုတိယေနရာမွာရပ္တည္ေနသလိုအာဆင္နယ္က၈ရာခိုင္ႏႈန္းျဖင့္တတိယေနရာမွာရပ္တည္ေနပါတယ္။

ယူႏိုက္တက္ဟာခ်န္ပီယံျဖစ္ႏိုင္ေျခအခြင့္အေရးနည္းပါးေပမဲ့လည္းထိပ္ဆုံးေလးသင္းစာရင္းဝင္ႏိုင္ေျခ ၂၅ရာခိုင္ႏႈန္းအထိပိုင္ဆိုင္ထားပါတယ္။

တန္းဆင္းရရန္အခြင့္အေရးအမ်ားဆုံးအသင္းအျဖစ္စတိဗ္ကိုးပါးရဲ႕ေနာ္တင္ဟမ္ေဖာရက္စ္က၆၈ရာခိုင္ႏႈန္းျဖင့္အမ်ားဆုံးရပ္တည္ေနၿပီးဘုန္းေမာက္က၄၉ရာခိုင္ႏႈန္း၊လက္စတာက၂၇ရာခိုင္ႏႈန္းအသီးသီးရရွိထားပါတယ္။