တန်းမဆင်းရရေး အစွမ်းကုန် တိုက်ပွဲဝင်ကြရန် အဲဗာတန်စတားများကို ဖရန့်လမ်းပတ်တိုက်တွန်း

ဖရန့်လမ်းပတ်ကအဲဗာတန်စတားများအားပရီးမီးယားလိဂ်မှတန်းမဆင်းရရေးအတွက်အစွမ်းကုန်တိုက်ပွဲဝင်ကြရန်တိုက်တွန်းပြောကြားလိုက်ပါတယ်။

အဲဗာတန်ဟာပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်၁၇နေရာတွင်ရပ်တည်နေပြီးဝက်ဖို့ဒ်နှင့်ရမှတ်တူဂိုးကွာခြားချက်ဖြင့်ရပ်တည်နေတာပါ။၎င်းတို့ဟာနောက်ဆုံးပွဲ၂၀တွင်၂ပွဲတည်းသာအနိုင်ရရှိထားပါတယ်။

လမ်းပတ်ရဲ့အဲဗာတန်ဟာမနေ့ညတုန်းကလည်းအိမ်ကွင်းတွင်ဝုဗ်ကို၁-၀ဂိုးဖြင့်ရှုံးနိမ့်ခဲ့ရာတန်းမဆင်းရရေးအတွက်အပြင်းအထန်တိုက်ပွဲဝင်ရမယ့်အခြေအနေသို့ရောက်လာပါတယ်။

၎င်းတို့ဟာကြာသပတေးနေ့မှာတန်းဆင်းဇုန်ပြိုင်ဘက်နယူးကာဆယ်နှင့်ရင်ဆိုင်ကစားရပါမယ်။

လမ်းပတ်က “ကျွန်တော့်အလုပ်ကအားလုံးကိုစိတ်ဓာတ်မြင့်မားလာအောင်လုပ်ဖို့ပါ။ယုံကြည်မှုမြင့်လာအောင်၊အသင်းတိုးတက်လာအောင်၊အဖြစ်မှန်အောင်သိဖို့ပါ။ကျွန်တော်တို့ဟာပွဲ၁၂ပွဲဘဲကစားဖို့ကျန်ပါတော့တယ်။ပွဲလျှော့ကစားတဲ့ပွဲတွေရှိနေတာလို့အနိုင်ရလာခဲ့ရင်အခွင့်ကောင်းတော့ရှိပါတယ်။ကျွန်တော်တို့ရဲ့အခြေအနေကိုအလှည့်အပြောင်းဖြစ်လာမယ့်ကာလကိုစောင့်နေပါတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

တန္းမဆင္းရေရး အစြမ္းကုန္ တိုက္ပြဲဝင္ၾကရန္ အဲဗာတန္စတားမ်ားကို ဖရန႔္လမ္းပတ္တိုက္တြန္း

ဖရန႔္လမ္းပတ္ကအဲဗာတန္စတားမ်ားအားပရီးမီးယားလိဂ္မွတန္းမဆင္းရေရးအတြက္အစြမ္းကုန္တိုက္ပြဲဝင္ၾကရန္တိုက္တြန္းေျပာၾကားလိုက္ပါတယ္။

အဲဗာတန္ဟာပရီးမီးယားလိဂ္အမွတ္ေပးဇယားအဆင့္၁၇ေနရာတြင္ရပ္တည္ေနၿပီးဝက္ဖို႔ဒ္ႏွင့္ရမွတ္တူဂိုးကြာျခားခ်က္ျဖင့္ရပ္တည္ေနတာပါ။၎တို႔ဟာေနာက္ဆုံးပြဲ၂၀တြင္၂ပြဲတည္းသာအႏိုင္ရရွိထားပါတယ္။

လမ္းပတ္ရဲ႕အဲဗာတန္ဟာမေန႔ညတုန္းကလည္းအိမ္ကြင္းတြင္ဝုဗ္ကို၁-၀ဂိုးျဖင့္ရႈံးနိမ့္ခဲ့ရာတန္းမဆင္းရေရးအတြက္အျပင္းအထန္တိုက္ပြဲဝင္ရမယ့္အေျခအေနသို႔ေရာက္လာပါတယ္။

၎တို႔ဟာၾကာသပေတးေန႔မွာတန္းဆင္းဇုန္ၿပိဳင္ဘက္နယူးကာဆယ္ႏွင့္ရင္ဆိုင္ကစားရပါမယ္။

လမ္းပတ္က “ကြၽန္ေတာ့္အလုပ္ကအားလုံးကိုစိတ္ဓာတ္ျမင့္မားလာေအာင္လုပ္ဖို႔ပါ။ယုံၾကည္မႈျမင့္လာေအာင္၊အသင္းတိုးတက္လာေအာင္၊အျဖစ္မွန္ေအာင္သိဖို႔ပါ။ကြၽန္ေတာ္တို႔ဟာပြဲ၁၂ပြဲဘဲကစားဖို႔က်န္ပါေတာ့တယ္။ပြဲေလွ်ာ့ကစားတဲ့ပြဲေတြရွိေနတာလို႔အႏိုင္ရလာခဲ့ရင္အခြင့္ေကာင္းေတာ့ရွိပါတယ္။ကြၽန္ေတာ္တို႔ရဲ႕အေျခအေနကိုအလွည့္အေျပာင္းျဖစ္လာမယ့္ကာလကိုေစာင့္ေနပါတယ္”လို႔ေျပာၾကားသြားပါတယ္။